တစ်ခါတစ်လေ အိပ်နေတုန်း အကောင်းကြီးကနေ ဘာဖြစ်မှန်းမသိ ဆတ်ခနဲ တုန်ပြီး အကြောဆွဲဖူးပါလား။ တချို့ဆို လက်တွေ မြှောက်တာ၊ ခြေထောက်တွေ ကန်မိတာတွေ အထိပါ ဖြစ်တယ်လေ။ အဲ့ဒါကို ဆေးပညာအရ Sleep myoclonusလို့ ခေါ်ပါတယ်။ ကလေးတွေမှာ ပိုပြီး အတွေ့ရများပါတယ်။ လူကြီးတွေမှာလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဒါမျိုး ဖြစ်လာရင် တက်လာများလား၊ ထမင်းလုံးတစ္ဆေခြောက်တာလားဆိုပြီး စိုးရိမ်တတ်ကြတယ်ဟုတ်။ သူ့နောက်ကွယ်က အဖြစ်မှန်က ဘာလဲဆိုတာ ဆက်ကြည့်ကြည့်ရအောင်။