အသက်ရှူမဝခြင်းကြောင့် အိပ်ရေးပျက်ခြင်း (Sleep Apnea) –အိပ်ပျော်နေစဉ် ခဏခဏ အသက်ရှူခေတ္တရပ်ခြင်းကြောင့် နိုးနိုးလာတဲ့ပြဿနာပါ။အောက်ဆီဂျင်အလုံအလောက်မရတာကြောင့် ဘာကြောင့်မှန်းမသိ မကြာခဏ နိုးလာပြီး တစ်ညလုံး မအိပ်လိုက်ရတာမျိုးတွေရှိနိုင်ပါတယ်။
အိပ်ပျော်နေလျက် လှုပ်ရှားခြင်းများ(Parasomnias) – အိပ်ပျော်နေချိန်အတွင်း ပုံမှန်မဟုတ်တဲ့ လှုပ်ရှားလုပ်ဆောင်ခြင်းများ၊ အပြုအမူများကို ဆိုလိုပါတယ်။ အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း၊ သွားကြိတ်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ အိပ်ရာထဲဆီးသွားခြင်းတို့ပါဝင်ပါတယ်။
ခြေထောက်မငြိမ်ရောဂါ (Restless Leg Syndrome) – အိပ်နေချိန် ခြေထောက်တွေအငြိမ်မနေနိုင်ဘဲ လှုပ်ရှားနေမိတဲ့အတွက် ကိုယ်မသိလိုက်တောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်၊ မနက်ကျအိပ်ရေးမဝဖြစ်ရတတ်ပါတယ်။ ညဘက် ဟိုလှိမ့်၊ ဒီလှိမ့်နဲ့ပြန်အိပ်မရဘူးဆိုတာမျိုးပေါ့။ ဒီလက္ခဏာဟာ လှုပ်ရှားမှုလွန်ကဲပြီးအာရုံစူးစိုက်မရတဲ့ADHD ရောဂါနဲ့ ပါကင်ဆန်(Parkinson’s disease)ရောဂါတို့လို ရောဂါအခံတွေနဲ့လည်း သက်ဆိုင်နေနိုင်ပါတယ်။
ရုတ်တရက်အိပ်ပျော်ခြင်း(Narcolepsy) –နေ့ဘက်မှာ ရုတ်တရက်အရမ်းနုံးချိပြီးမှေးခနဲအိပ်ပျော်သွားတာလိုမျိုးပါ။ တစ်ခါတလေ ဘီလူးစီးခြင်းလို့ခေါ်တဲ့sleep paralysis အခြေအနေကိုလည်း ခံစားရနိုင်ပြီး နိုးလာရင်တောင်ကောင်းကောင်းမလှုပ်ရှားနိုင်တာဖြစ်တတ်ပါတယ်။ဖြစ်တတ်တဲ့ပြဿနာဆိုပေမယ့်လည်း အာရုံကြောရောဂါတစ်ခုခုကြောင့်လည်းဖြစ်နိုင်ခြေရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။