ညဘက်ကောင်းကောင်းအိပ်တာကြောင့် ရရှိမယ့် အကျိုးထူးအချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 22, 2020 . 2 mins read
Share now

ညဘက်မှာကောင်းမွန်စွာအိပ်စက်မှုက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါအရေးပါတဲ့အရာတစ်ခုပါ။ ကောင်းမွန်စွာအိပ်စက်အနားယူမှုကို ဘယ်တော့မှ ခပ်ပေါ့ပေါ့လေးမတွေးလိုက်ပါနဲ့။ လူတစ်ယောက်အတွက် ကောင်းမွန်စွာ အိပ်စက်အနားယူမှုက လုပ်သင့်တဲ့အရာတစ်ခုဆိုတာထက်ပိုတဲ့ မရှိမဖြစ်အရေးပါတဲ့ အရာတစ်ခုပါ။ ဒါကြောင့် လူတိုင်းအတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေဖို့အတွက် အရေးပါတဲ့ ပြည့်ဝတဲ့အိပ်စက်ခြင်းကနေ ရရှိနိုင်မယ့် အကျိုးထူးတွေကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

၁. စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်တယ်

ပြည့်ဝတဲ့အိပ်စက်မှုကိုမရရှိဘူးဆိုရင် ခန္ဓာကိုယ်က စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ဖိစီးမှုတွေ ကိုခံစားရစေပါတယ်။ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုရှိမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို စိတ်ဖိစီးမှုကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ။

၂. မှတ်ဉာဏ်ကောင်းစေနိုင်တယ်

လူတွေဟာ အရမ်းပင်ပန်းလာတဲ့အခါ ကိစ္စတွေကိုမှတ်မိနိုင်ဖို့ ခက်ခဲလာတာ သတိထားမိလား။ တစ်နည်းအားဖြင့်ပြောရရင် ဒါက သူ့အနေနဲ့ လုံလောက်တဲ့အိပ်စက်ချိန်မရဘူးဆိုတာကို ဦးနှောက်ကပြောနေတဲ့ အသံတစ်ခုပေါ့။ အိပ်စက်တဲ့အခါ ခန္ဓာကိုယ်က အနားယူနေပြီး ဦးနှောက်က မှတ်သားရမယ့်ကိစ္စတွေကိုမှတ်သားနေပါတယ်။ ဒါကြောင့်ပြည့်ဝစွာ အိပ်စက်အနားယူမှုက ခန္ဓာကိုယ် နဲ့ ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေကို နရီစည်းဝါးကိုက်စေပြီး မှတ်မိနိုင်စွမ်းပိုကောင်းလာစေမှာ ပါ။

၃. သွေးတိုးကျစေနိုင်တယ်

သွေးတိုးရောဂါအခံရှိနေရင် ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာကိုခံစားရနိုင်ခြေက သာမန်ထက်ပိုများနေပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေကနေကင်းဝေးအောင်လုပ်လို့ရတဲ့ ရိုးစင်းလွယ်ကူတဲ့နည်းလမ်းတစ်ခုရှိနေပါတယ်။ ဒါကတော့ ညတိုင်း ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်ထားရှိတာပါပဲ။ ပြည့်ဝတဲ့အိပ်စက်မှုကသွေးမတိုးအောင်ကာကွယ်ပေးနိုင်ပါတယ်။

၄. ကူးစက်ရောဂါတွေကနေကာကွယ်ပေးတယ်

အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်က ကိုယ်ခံအားကိုကောင်းစေနိုင်တဲ့ ပရိုတင်းမော်လီကျူးတွေကိုထုတ်လုပ်ပါတယ်။ ဒီလိုထုတ်လုပ်ပေးမှုက ကိုယ်ခံအားကောင်းစေပြီး ကူးစက်ရောဂါတွေခံစားရမှုကနေကင်းဝေးစေမှာပါ။ သူများတုပ်ကွေးတိုင်း လိုက်မတုပ်ကွေးရအောင် ညတိုင်း ပြည့်ပြည့်ဝဝအိပ်ပါ။

၅. ကိုယ်အလေးချိန်ထိန်းညှိဖို့အထောက်အကူပြုတယ်

ကောင်းမွန်တဲ့ အိပ်စက်မှုက ကိုယ်အလေးချိန်ကျစေဖို့ တိုက်ရိုက်ကြီး အထောက်အပံ့မဖြစ်စေပေမယ့် ကိုယ်တွင်းဟော်မုန်း တွေကို ထိန်းချုပ်ပေးမှုကနေတဆင့် အစားစားချင်စိတ်ကိုဖြစ်စေတဲ့ဟော်မုန်းတွေနဲ့ ကယ်လိုရီများတဲ့အစားတွေ စားချင်စိတ်နည်းသွားအောင်တော့ လုပ်ပေးနိုင်ပါတယ်။

၆. စိတ်ခံစားမှုကောင်းစေတယ်

အိပ်ရေးပျက်ရင် စိတ်တိုလွယ်တယ်နော်။ ဒီအခြေအနေက မလိုအပ်ဘဲ ဆက်ဆံရေးပျက်ပြားမှုတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ပေါ့ပါးပျော်ရွှင်ပြီး စိတ်ခံစားမှုကောင်းကောင်းနဲ့ လူတွေကို ဆက်ဆံချင်တယ်ဆိုရင် ညဘက် ကောင်းကောင်းအိပ်ပါ။ အိပ်ရေးဝလေလေ စိတ်ခံစားမှုကောင်းလေလေ၊ အရာရာကိုကောင်းကောင်းဖြေရှင်းနိုင်လေလေပါ။

၇. ဆီးချိုဖြစ်နိုင်ခြေနည်းစေနိုင်တယ်

သုတေသနပြုချက်တွေအရ အိပ်ရေးပျက်တဲ့သူတွေဟာ သွေးတွင်း ဂလူးကို့စ်ထုတ်လုပ်မှုဖြစ်စဉ် ထိခိုက်ပြီး အမျိုးအစား – ၂ ဆီးချိုရောဂါခံစားရနိုင်ခြေ များတယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကုသပျောက်ကင်းဖို့မဖြစ်နိုင်တဲ့ ဆီးချိုရောဂါ ကင်းစေဖို့ ကောင်းမွန်တဲ့ အိပ်စက်မှုရှိဖို့ ဂရုစိုက်ပါ။

၈. နှလုံးကျန်းမာစေနိုင်တယ်

ပုံမှန်အိပ်စက်ချိန်လုံလောက်စွာထားရှိမှုက စိတ်ဖိစီးမှုကိုလျော့ကျစေပြီး နှလုံးသွေးကြောတွေရောင်ရမ်းမှုဖြစ်နိုင်ခြေ ကိုလျော့ကျစေနိုင်ပါတယ်။ ဒီလိုလျော့ကျစေမှုက လေဖြတ်နိုင်ခြေကိုနည်းစေသလို နှလုံးရောဂါခံစားရနိုင်ခြေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

၉. ကိုက်ခဲမှုတွေကို သက်သာစေနိုင်စွမ်းရှိတယ်

အဆစ်လွဲတာလိုမျိုး ထိခိုက်နာကျင်မှုဝေဒနာတစ်ခုခုခံစားနေရတယ်ဆိုရင်တော့ နာကျင်မှုသက်သာစေဖို့အတွက် များများအိပ်စက်ပေးဖို့ပြောပါရစေ။ လေ့လာမှုတွေအရ အိပ်ရေးပျက်လေလေ နာကျင်မှုဝေဒနာကပိုဆိုးလေလေ လို့သိရပါတယ်။

၁၀. စိတ်ကူးဉာဏ်ရင့်သန်စေတယ်

ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်စက်မှုက တစ်နေ့တာမှာ ဖြတ်ထိုးဉာဏ်ကောင်းကောင်း စိတ်ကူးစိတ်သန်းကောင်း ကောင်းနဲ့ အလုပ်တွေလုပ်နိုင်စေမှာပါ။ ပြည့်ဝကောင်းမွန်တဲ့ အိပ်စက်မှုက အလုပ်လုပ်တဲ့အခါ ပိုအာရုံစိုက်နိုင်စေပြီး တစ်နေ့တာလုံးမှာ ခွန်အားပြည့်ပြည့်နဲ့ အကောင်းဆုံးလုပ်နိုင်စေမှာပါ။
ဒီလောက်အကျိုးထူးတွေမှားနေမှာတော့ လူတိုင်းအတွက် အခကြေးငွေပေးစရာမလိုဘဲရနေတဲ့ အိပ်စက်ချိန်ကို ပြည့်ပြည့်ဝဝ အိပ်မလား၊ မအိပ်ဘူးလားဆိုတာ ကိုယ်တိုင် ဆုံးဖြတ်လိုက်ပါနော်။ ကျွန်မတို့ကတော့ ပြည့်ဝလုံလောက်တဲ့ အိက်စက်ချိန် ထားရှိဖို့ အကြံပြုပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းက ထိရင်၊ စားမိရင် ပူနွေးစေလို့ပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ မျှော်လင့်ချက်မထားရင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အရက်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2021 . 2 mins read
လူကြီးတွေမှာ အစာစားချင်စိတ်ပျောက်

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read