backup og meta

ဒီအချက်တွေကြောင့် အမျိုးအစား- ၂ ဆီးချိုဖြစ်နိုင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီအချက်တွေကြောင့် အမျိုးအစား- ၂ ဆီးချိုဖြစ်နိုင်ပါတယ်

    ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ ကျန်းမာရေးခြိမ်းခြောက်မှုကြီးတစ်ရပ်ကတော့ ဆီးချိုပါ။ လူတော်တော်များများက သူတို့မှာ ဆီးချိုရှိမှန်းမသိဘဲ ဆီးချိုရောဂါခံစားနေရတာတွေတောင်ရှိနေကြပါတယ်။ ကမ္ဘာတလွှားမှာ ဆီးချိုရောဂါခံစားနေရသူဦးရေက တစ်နှစ်ထက် တစ်နှစ်ပိုပိုတိုးလာပါတယ်။ ဒီတစ်ခေါက်တော့ Helloဆရာဝန်ပရိသတ်ကြီးအတွက် ကိုယ့်ကိုကိုယ်ဆီးချိုရောဂါကနေ ကာကွယ်နိုင်ဖို့အတွက် ဘယ်လိုမျိုးသတိထားနေထိုင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။

    ဆီးချိုဆိုတာ

    ဆီးချိုဆိုတာက ခန္ဓါကိုယ်ေသွးတွင်းသကြားဓါတ်အသုံးပြုမှုကို ထိခိုက်စေတတ်တဲ့ရောဂါတစ်မျိုးပါ။သွေးတွင်းသကြားဓါတ်ကဆဲလ်တွေကို စွမ်းအင်ပေးတဲ့အရာတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်နဲ့ ဦးနှောက်ကျန်းမာဖို့အတွက် အဓိကလိုအပ်တဲ့ အားဖြည့်လောင်စာပါ။

    ခန္ဓါကိုယ်ထဲမှာ သကြားဓါတ်တွေများလာတဲ့အခါ ဆီးချိုသွေးချို အပြင် အခြားပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေခံစားလာရနိုင်ပါတယ်။ ဆီးချိုရောဂါက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ ဆီးချိုရောဂါဖြစ်သွားပြီဆိုရင်နောက်ဆက်တွဲရောဂါတွေကို ခံစားရနိုင်သလိုနေ့စဉ်နေထိုင်မှုမှာ ဂရုစိုက်ရတာတွေလည်း အများကြီးပါ။

    ဆီးချိုရောဂါမှာ

    ဒီအချက်တွေရှိနေရင် အမျိုးအစား – ၂ ဆီးချိုခံစားရနိုင်ပါတယ်

    ရောဂါဝေဒနာတစ်ခုစီတိုင်းမှာဖြစ်ပေါ်စေတဲ့ အကြောင်းရင်းခံတွေရှိနေတတ်ပါတယ်။ တကယ်လို့ သင့်မှာ အခုပြောပြမယ့် အချက်လေးတွေရှိနေမယ်ဆိုရင် သင်ဟာ အမျိုးအစား-၂ ဆီးချိုရောဂါခံစားရနိုင်ခြေပုံမှန်ထက်ပိုများနေပြီလို့ပြောရပါမယ်။

    • သွေးတိုးရှိမယ်
    • သွေးတွင်းအဆီဓါတ်များနေမယ်
    • ကိုယ်ဝန်ဆောင်ဆီးချိုခံစားနေရတယ်
    • အဆီနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေစားသုံးမိနေတယ်
    • အရက်အလွန်အကျွံသောက်မိနေတယ်
    • အထိုင်များနေတယ်
    • ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေမယ်။ အဝလွန်နေမယ်
    • အသက် ၄၅ နှစ်အထက်ဖြစ်နေမယ် ဆိုရင် အမျိုးအစား -၂ ဆီးချိုရောဂါခံစားရနိုင်ခြေက သာမန်ထက်ပိုများနေပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    အမျိုးအစား-၁ ဆီးချိုက ကာကွယ်လို့မရပေမယ့် အမျိုးအစား -၂ ဆီးချိုကတော့ ကာကွယ်လို့ရပါတယ်။ အမျိုးအစား-၂ ဆီးချိုရောဂါကို ကာကွယ်ဖို့အတွက် –

    ကျန်းမာရေးနဲ့ညီညွတ်မျှတအောင် စားသောက်နေထိုင်ပါ – အဆီနဲ့ ကယ်လ်လိုရီများတဲ့ အစားအစာတွေကိုလျှော့စားပြီး အမျှင်ဓါတ်များတဲ့ အစားအစာတွေကို ပိုစားပါ။ အမြန်စား၊ အသင့်စား အစားအစာတွေအစား သစ်သီးတွေဟင်းသီးဟင်းရွက်တွေနဲ့ ကောက်နှံတွေကိုစားသုံးပေးပါ။

    ကိုယ်လက်လှုပ်ရှားမှုရှိပါစေ – တစ်နေ့ကို မိနစ် ၃၀လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။ လမ်းလျှောက်ပေးတြာဖစ်ဖြစ် စက်ဘီးစီးတာဖြစ်ဖြစ်ပေါ့။နေ့စဉ် သင့်တင့်မျှတတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပေးတာက ဆီးချိုအမျိုးအစား -၂ ကိုကာကွယ်ပေးနိုင်တဲ့အပြင် ခန္ဓါကိုယ်ကို ကျန်းမာနေစေမှာပါ။

    ကိုယ်အလေးချိန်လျှော့ပါ – တကယ်လို့ သင်ဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေမယ်၊ အဝလွန်နေမယ်ဆိုရင်တော့ ကိုယ်အလေးချိန်လျှော့ဖို့ပြောပါရစေ။ ကိုယ်အလေးချိန်အရမ်းများနေတာကရောဂါတွေဝင်လာစေဖို့တော်တော်လေးအားပေးနိုင်ပါတယ်။

    ဒါကြောင့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်တဲ့ ဆီးချိုရောဂါကနေ ကိုယ့်ကိုကိုယ်နဲ့ မိသားစုတွေကို ကာကွယ်နိုင်ဖို့ ဒီအချက်တွေကို ဂရုပြုလိုက်ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement