backup og meta

Coronavirus ကို ဘယ်လိုကာကွယ်ကြမလဲ ......

Coronavirus ကို ဘယ်လိုကာကွယ်ကြမလဲ ......

မကြာသေးခင်က တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါပိုး (Coronavirus) ဟာအခုချိန်မှာဆိုရင် အိမ်နီးချင်းနိုင်ငံတွေဆီ အထိပြန့်နှံ့နေပြီပဲဖြစ်ပါတယ်။ အခုနောက်ဆုံး ထိုင်းနိုင်ငံမှာ Coronavirus ကူးစက်ခံထားရသူတစ်ဦး နဲ့ ဂျပန်မှာ ရောဂါပိုး ကူးစက်ခံထားရသူတစ်ဦးတို့ကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုတွေ့ရှိပြီးနောက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကမ္ဘာတလွှားကို ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

အစောပိုင်းက ဒီရောဂါပိုးဟာ တိရစ္ဆာန်ကနေတဆင့် ကူးစက်တာလို့သိထားကြပေမယ့် အခုနောက်ဆုံးတွေ့ရှိခဲ့ရတာက ဒီရောဂါပိုးဟာ လူလူချင်းကူးစက်တာဖြစ်နိုင်တယ်၊ လို့ တွေ့ရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတရုတ်နိုင်ငံမှာ ဒီရောဂါကူးစက်ခံရသူ ၄၁ ဦးရှိခဲ့ပြီး ဒီလူတွေထဲက ၁ ဦးက သေဆုံးခဲ့ပါတယ်။ ဒီရောဂါပိုးဟာ တရုတ်နိုင်ငံကနေ စတင်ခဲ့ပြီး အခုလက်ရှိမှာ အိမ်နီးချင်းနိုင်ငံတွေဆီပြန့်နှံ့လာတာကြောင့် စိုးရိမ်စရာအနေအထားကိုရောက်ရှိလာပြီဖြစ်ပါတယ်။ အခုလက်ရှိမှာ ဒီဗိုင်းရပ်စ်က တရုတ်ကနေ ဂျပန်ကိုပြန့်နှံ့သွားတာကြောင့် လေဆိပ်မှာ စောင့်ကြည့်စစ်ဆေးမှုတွေလုပ်နေကြပါတယ်။

Coronavirus ဗိုင်းရပ်စ်ဆိုတာက ဘာလဲ……

Coronavirus က ပြင်းထန်ကူးစက်ရောဂါပိုး တစ်မျိုးပါ။ ဒီ Coronavirus ဟာ Severe Acute Respiratory Syndrome (SARS) နဲ့ Middle East Respiratory Syndrome (MERS) တို့နဲ့ မျိုးရင်းတူတယ်လို့ ယူဆနေကြပါတယ်။ ဒီရောဂါပိုးက အခုဆိုရင် အိမ်နီးချင်းနိုင်ငံတွေဆီကို ပြန့်နှံမှုတွေရှိနေတကြောင့် အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဖို့ပါ။

Coronavirus ကူးစက်ခံရရင် ဘယ်လိုလက္ခဏာတွေရှိနိုင်လဲ……

ရောဂါပိုးရှိသူ နှာချေတာ၊ချောင်းဆိုးတာနဲ့ ရောဂါပိုးရှိတဲ့အရာတွေကို ထိတွေ့မိမှုကနေတဆင့် ကူးစက်တတ်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင်

ပုံမှန်အားဖြင့်

  • အဖျားရှိမယ်
  • ချောင်းခြောက်ဆိုးမယ်
  • လည်ချောင်းနာမယ်
  • အသက်ရှုရခက်တာမျိုးဖြစ်လာမယ်
  • အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားရနိုင်တယ်
  • ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှုတွေဖြစ်မယ်
  • ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်။

အရမ်းပြင်းထန်ရင် 

Coronavirus ကို ဘယ်လိုကာကွယ်မလဲ …..

ကာကွယ်ဆေး မရှိတဲ့ coronavirus ကြောင့် ထိခိုက်မှုမဖြစ်စေဖို့ လုပ်ဆောင်ရမယ့် အကောင်းဆုံးနည်းလမ်းက ကာကွယ်ဖို့ပါ။

  • လက်တွေကို ဆပ်ပြာ၊ရေနွေးနွေးလေးသုံးပြီး စက္ကန့် ၂၀ ကြာဆေးကြောပေးပါ။
  • အယ်လ်ကိုဟောပါတဲ့ ရေမလိုလက်သန့်ဆေးရည် အသုံးပြုပေးလို့လည်းရပါတယ်။
  • ရောဂါပိုးရှိသူနဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ပါ။
  • မျက်လုံး၊ နှာခေါင်း နဲ့ ပါးစပ်တွေကို မဆေးတဲ့လက်တွေနဲ့ မထိတွေ့ပါနဲ့။
  • အာဟာရပြည့်အောင်စားပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • လူထူတဲ့နေရာတွေကို မသွားပါနဲ့။
  • mask တပ်ပါ။

အခြားသူတွေကို ရောဂါပိုးမကူးစက်စေဖို့က

  • ဖျားနေရင် အိမ်မှာပဲနေပါ။ သီးသန့်ခွဲနေပါ။
  • အခြားသူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။
  • ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ် နဲ့ နှာခေါင်းကို ပိတ်ထားပါ။
  • နှပ်ညှစ်ထားတဲ့ တစ်သျှူးတွေကို အမှိုက်ပုံးထဲ သေချာထည့်ပြီး လက်ကို သေချာဆေးကြောပါ။
  • ထိတွေ့မိနေတဲ့နေရာတွေကို ပိုးသတ်သန့်စင်ပါ။
  • အာဟာရပြည့်ဝအောင်စားပါ။
  • လိုအပ်တဲ့ ကုသမှုခံယူပါ။

ဘယ်လိုကုသမှု ခံယူရမလဲ…..

ဒီဗိုင်းရပ်စ်က အရမ်းမပြင်းထန်တဲ့အခါမျိုးမှာ သူ့အလိုလိုပြန်ကောင်းလာတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလေး ဂရုစိုက်ဖိုပတော့လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How is a coronavirus infection treated? https://www.webmd.com/lung/qa/how-is-a-coronavirus-infection-treated Accessed Date 22 January 2020

Prevention and Treatment https://www.cdc.gov/coronavirus/about/prevention.html Accessed Date 22 January 2020

WHO Warns Against Deadly Chinese Virus ‘Coronavirus’ That Has Now Reached Japan https://www.onlymyhealth.com/who-warns-against-deadly-chinese-virus-coronavirus-1579240273 Accessed Date 22 January 2020

What is coronavirus, and should Americans be worried? What to know about the outbreak in China https://www.usatoday.com/story/news/world/2020/01/21/china-coronavirus-outbreak-symptoms-transmission-cdc-sars/4528555002/ Accessed Date 22 January 2020

ယခုပုံစံ

01/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement