backup og meta

သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ

သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ

လူတွေဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ ကျဆုံးမှုတွေ၊ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ အင်မတန် စိတ်ပျက်အားငယ် မျှော်လင့်ချက်တွေ ကုန်ဆုံးပြီး သတ်သေချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ

သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့

(၁) တတ်ကျွမ်းနားလည်တဲ့သူတွေဆီက အကြံဉာဏ်ကို အမြန်ဆုံးရယူပါ။

သတ်သေချင်တဲ့ အတွေးတွေဟာ အင်မတန် လွှမ်းမိုးလွယ်ပြီး အန္တရာယ်လည်း များတဲ့အတွက် တစ်ယောက်တည်း ကြိတ်ပြီးမရင်ဆိုင်ပါနဲ့။ သင့်မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ရင်ဖွင့်တိုင်ပင် အကူအညီတောင်းပါ။ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ အမြန်ဆုံးဆွေးနွေးပါ။ အကူအညီတောင်းတယ်ဆိုတာ ရှက်စရာ မဟုတ်ပါဖူး။ ဘာလို့လဲဆိုတော့ အကူအညီရှာဖွေတယ်ဆိုတာ သင့်အနေနဲ့ အသက်ရှင်နေထိုင်ချင်သေးတယ် ဆိုတာကိုပြသတာ ဖြစ်တဲ့အတွက် သင်ဟာ ကြံ့ခိုင်တယ်ဆိုတဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။

(၂) ချစ်ခင်ယုံကြည်ရတဲ့ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူကို ရင်ဖွင့်ပါ။

သင်တစ်ယောက်တည်း အတွေးတွေနဲ့ လုံးလည်ရိုက်နေတဲ့အခါ တကယ်တမ်းသတ်သေဖြစ်ဖို့ အခွင့်အလမ်းက အရမ်းကို များလာပါတယ်။ ဒါကြောင့် ဒီလိုအတွေးတွေဝင်လာရင် တစ်ယောက်တည်း ဘယ်တော့မှ မနေပါနဲ့၊ အခြေအနေတွေ ပိုဆိုးလာတတ်လို့ပါ။ သင်ချစ်ခင်ယုံကြည်ရသူတစ်ယောက်ယောက်ကို ဖုန်းဆက်ပါ ဒါမှမဟုတ် လူချင်းတွေ့ဆုံပြီး သင်ခံစားနေရတာတွေကို သူတို့နဲ့ ဝေမျှပါ။ တစ်ခါတစ်လေမှာ ကိုယ့်ကို တကယ်ဂရုစိုက်ပြီး ကိုယ်ပြောတာတွေကို နားထောင်ပေးမယ့် သူတစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရရင် တကယ်ကို ပေါ့ပါးပြီး နေလို့ကောင်းသွားတတ်ပါတယ်။ ဒါ့အပြင် သင်လည်း သတ်သေချင်တဲ့ အတွေးတွေနဲ့ တစ်ကိုယ်တည်း အထီးကျန်မနေတော့ဖူးပေါ့။

အစပိုင်းမှာတော့ သင့်ရဲ့ ခံစားချက်တွေအကြောင်း တခြားတစ်ယောက်ကို ရင်ဖွင့်ပြ၊ပြောပြရတာဟာ ရှက်ဖို့ကောင်းတယ်လို့ သင်ခံစားရပါလိမ့်မယ်။ ဒါပေမယ့် သင့်ကိုချစ်တဲ့သူတွေဟာ သင့်ကိုလှောင်ပြောင်မှာမဟုတ်ပါဖူး။ သင်တွေးပူနေသလို မဟုတ်ဘဲ အားပေးနှစ်သိမ့်ပေးမှာဖြစ်တဲ့အပြင် တစ်ယောက်တည်း ကြိတ်မှိတ်မြိုသိပ်မနေဘဲ ရင်ဖွင့်အကူအညီတောင်းဖို့ သူတို့ကို ရွေးချယ်တာကိုပဲ ဝမ်းသာအားရဖြစ်မယ့်သူတွေပါ။

(၃) အရက်တွေ၊ မူးယစ်ဆေးတွေကို ဖြတ်ပါ။

တစ်ခါတစ်ရံမှာ လူတွေဟာ ပြဿနာနဲ့ ရင်ဆိုင်ဖြေရှင်းလိုက်ဖို့ထက် အရက်တွေ၊ မူးယစ်ဆေးတွေနဲ့ စိတ်ထွက်ပေါက်ရှာတတ်လေ့ ရှိပါတယ်။ ဒါပေမယ့် အရက်နဲ့ မူးယစ်ဆေးဝါးဟာ ဘာပြဿနာကိုမှ မဖြေရှင်းပေးနိုင်ပါဖူး။ သတ်သေချင်တဲ့ အတွေးတွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ မူးယစ်စွဲလမ်းစေတတ်တဲ့ ဆေးဝါးတွေကို သုံးစွဲခြင်းဟာ သင့်ရဲ့ ကျိုးကြောင်းဆက်စပ် စဉ်းစားနိုင်စွမ်းကို ပိတ်ဆို့ထားနိုင်တဲ့အပြင် အန္တရာယ်ရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရာမှာလည်း တွေဝေထိုင်းမှိုင်းပြီး ဆုံးဖြတ်ချက်တွေကို မှားယွင်းစေနိုင်တာကြောင့် သင့်အနေနဲ့ ဒီမူးယစ်ဆေးတွေကို သုံးစွဲနေတယ်ဆိုရင် အခုချက်ချင်းရပ်ပစ်သင့်ပါတယ်။ ဒါမှသာ သင့်ရဲ့ စိတ်နဲ့ ခန္ဓာကို အနားပေးနိုင်မှာ ဖြစ်ပါတယ်။

တချို့ကျပြန်တော့ စိုးရိမ်ပူပန်သောကစိတ်တွေနဲ့ သတ်သေချင်စိတ်တွေကို ခံနိုင်ရည်ရှိဖို့အတွက် အရက်နဲ့ မူးယစ်ဆေးအပြင် တခြားအကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကျရောဂါမှာ သုံးတဲ့ဆေးတွေကိုလည်း အလွဲသုံးတတ်ကြပါသေးတယ်။ ဒါပေမယ့် သူတို့က ပေးတဲ့ သက်သာရာရမှုကလည်း တကယ့်ကို ယာယီပဲ ဖြစ်ပြီး ဒါဟာ တကယ့် အဖြေမဟုတ်ပါဘူး။

(၄) အန္တရာယ်ဖြစ်နိုင်တဲ့ပစ္စည်းတွေကို ဖယ်ရှားပါ။

သင့်မှာ သတ်သေချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေပြီဆိုရင် သင့်အနီးနားတစ်ဝိုက်မှာ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ဥပမာ ဆေးတွေ၊ ဓား အပါဝင် ချွန်ထက်တဲ့အရာတွေ မထားပါနဲ့။ သင်ယုံကြည်ရတဲ့ သူတစ်ယောက်ယောက်ကို ပေးထားတာမျိုး၊သင့်အနားကဖယ်ရှားထားတာ၊သင်အလှမ်းမမီတဲ့ နေရာမှာ သော့ခတ်သိမ်းထားတာမျိုး လုပ်ထားပါ။ သင့်စိတ်ကိုလည်း ခိုင်မာပါစေ။

ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ အတွေးတွေပေါ်လာတာဟာ အင်မတန်အန္တရာယ်များတဲ့အတွက် ဒါကိုလျစ်လျူမရှုသင့်၊ လျှော့မတွက်သင့်ပါဘူး။ အကောင်းဆုံးကတော့ သင့်ကို နားလည်ပေးနိုင်ပြီး အကူအညီပေးနိုင်မယ့် သူတယောက်ယောက်ကို ရင်ဖွင့် အကူအညီတောင်းတာပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Cope With Suicidal Thoughts
http://www.wikihow.com/Cope-With-Suicidal-Thoughts

Accessed February 2, 2017.

Are You Feeling Suicidal?
https://www.helpguide.org/articles/suicide-prevention/suicide- help-dealing- with-your- suicidal-thoughts-and-feelings.html.

Accessed February 2, 2017.

Fighting Suicidal Thoughts
https://www.psychologytoday.com/blog/hide-and- seek/201204/fighting-suicidal- thoughts
Accessed February 2,2017.

ယခုပုံစံ

30/08/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 30/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement