သင့်အနေနဲ့ အစည်းအဝေးတက်ဖို့ နောက်ကျနေခြင်း၊ အလုပ်တွေအချိန်မီ မပြီးနိုင်ခြင်း စတာမျိုးတွေ ကြုံလာရရင် သင့်ဦးနှောက်အောက်ခြေမှာရှိတဲ့ ဟိုက်ပိုသဲလမတ်ဆိုတဲ့ အစိတ်အပိုင်းဟာ ဟော်မုန်းတချို့ကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အဆိုပါ ဟော်မုန်းများဟာ အန္တရာယ်တခုခုကို ကြုံကြိုက်ချိန်မှာ ရင်ဆိုင်မလား၊ ထွက်ပြေးမလားဆိုတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးပါတယ်။