သင့်ကိုယ်ခန္ဓာ အလေးချိန်အပေါ် သက်ရောက်မှုရှိသော ဟော်မုန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 10, 2020 . 3 mins read
Share now

သင့်ကိုယ်ခန္ဓာအလေးချိန်ဟာ ဟော်မုန်းတွေအပေါ်များစွာ မူတည်ပါတယ်။ ဟော်မုန်းတွေရဲ့ ထိန်းချုပ်မှုကြောင့် သင်ဘယ်လောက်စားသောက်နိုင်သလဲ၊ ဘယ်လောက်ဝသလဲ၊ ဇီဝဖြစ်ပျက်မှုအခြေအနေ ဘယ်လိုရှိသလဲ စတာတွ အများကြီးပြောင်းလဲပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမှာကတော့ သင့်ရဲ့ကိုယ်ခန္ဓာအလေးချိန်အပေါ်ကို သက်ရောက်မှုဖြစ်စေတဲ့ ဟော်မုန်းများ အကြောင်းပါပဲ။

၁။ အင်ဆူလင်

အင်ဆူလင်ကို ပန်ခရိယ ခေါ် မုန့်ချိုအိတ်ကနေ ထုတ်လုပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ဆဲလ်တွေကို စွမ်းအင်အတွက် ဘယ်လိုအသုံးချမလဲ၊ ဘယ်လောက်သိုလှောင်ထားမလဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ အင်ဆူလင်ဟာ ကိုယ်ခန္ဓာထဲမှာ အဆီဓာတ်ကို အများဆုံးသိုလှောင်ပေးတဲ့ ဟော်မုန်းလည်း ဖြစ်ပါတယ်။ အင်ဆူလင်ရဲ့ အာနိသင် ထိရောက်မှုနည်းချိန်မှာတော့ သွေးတွင်းသကြားဓာတ်ရော၊ အင်ဆူလင်ပမာဏပါ မြင့်တက်လာတတ်ပါတယ်။ အင်ဆူလင်ပမာဏ ရေရှည်မြင့်တက်နေရင်တော့ အဝလွန်ခြင်းနဲ့ ဇီဝဖြစ်ပျက်မှု ရောဂါလက္ခဏာစု ဖြစ်နိုင်ပါတယ်။

အင်ဆူလင်ကို ပုံမှန်ထိန်းညှိနိုငအောင် အချိုဓာတ်လျှော့စားခြင်း၊ ကာဘိုဟိုက်ဒရိတ်လျှော့ခြင်း၊ ပရိုတိန်း ပိုစားခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အဆီများစားခြင်း၊ မဂ္ဂနီဆီယမ်ဓာတ် လုံလောက်စွာ သုံးစွဲခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း စတဲ့နည်းလမ်းတွေ ပြုလုပ်သင့်ပါတယ်။

၂။ လက်ပ်တင် (leptin)

လက်ပ်တင်ကို ရောင့်ရဲခြင်းဟော်မုန်းလို့လည်း ခေါ်ကြပါတယ်။ သင့်ရဲ့ စားချင်သောက်ချင်စိတ်ကို လျော့ကျစေပြီး ဗိုက်ပြည့်စေတဲ့ ခံစားမှုကို ပေးတဲ့အတွက် ဖြစ်ပါတယ်။ လက်ပ်တင်ဟာ ဟိုက်ပိုသဲလမတ်လို့ခေါ်တဲ့ သင့်ဦးနှောက်ရဲ့ အစိတ်အပိုင်းနဲ့ချိတ်ဆက်ပြီး စားလိုက်တဲ့အစားအစာတွေနဲ့ စားချင်သောက်ချင်တဲ့စိတ်ဆန္ဒအကြား ဟန်ချက်ညီအောင် ထိန်းပေးပါတယ်။

ကိုယ်အလေးချိန်များသူတွေ၊ အဝလွန်နေသူတွေမှာ လက်ပ်တင်ကို ပိုမိုတွေ့ရတတ်ပါတယ်။ သုတေသနတခုမှာဆိုရင် အဝလွန်သူတွေဆီမှာ လက်ပ်တင်ဓာတ်ကို ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေထက် လေးဆလောက်တွေ့ရကြောင်း ဆိုထားပါတယ်။ များသောအားဖြင့် အဝလွန်သူတွေဆီမှာ လက်ပ်တင်ဟော်မုန်းကို ပိုမိုတွေ့ရပေမယ့် ပုံမှန်အလုပ်မလုပ်ပါဘူး။ လက်ပ်တင်ရဲ့ အာနိသင် မထိရောက်တော့တဲ့ အခြေအနေဖြစ်ပါတယ်။

လက်ပ်တင်အာနိသင် ထိရောက်အောင် သကြားဓာတ်ကဲသော အစာများ၊ ပုံပြောင်းဆီများရှောင်ခြင်း၊ အဆီဓာတ် ကြွယ်ဝသောငါးများ စားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း စတဲ့နည်းလမ်းတွေ ကျင့်သုံးသင့်ပါတယ်။

၃။ ဂရီလင်ဟော်မုန်း (Ghrelin)

ဂရီလင်ကိုတော့ ဆာလောင်ခြင်းဟော်မုန်းလို့ ခေါ်နိုင်ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိတဲ့အခါ ဒီဟော်မုန်းကနေ ဦးနှောက်ကိုအချက်ပြပြီး စားသောက်စေတဲ့အတွက် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဂရီလင်ဟော်မုန်းဟာ အစာမစားခင်မှာ အမြင့်ဆုံးဖြစ်နေတတ်ပြီး အစာစားပြီး တနာရီအတွင်းမှာ အနည်းဆုံးဖြစ်နေတတ်ပါတယ်။

သုတေသနတွေအရ အဝလွန်သူတွေမှာ စားသောက်ပြီးချိန်မှာတောင် ဂရီလင်ဟော်မုန်းဟာ အနည်းငယ်လောက်ပဲ ကျဆင်းသွားပါတယ်။ ဒါကြောင့် အစားစားတာကိုရပ်တန့်ဖို့ အချက်ပြချက်ဟာ ဟိုက်ပိုသဲလမတ်ဆီ ကောင်းစွာမရောက်နိုင်ပါဘူး။ အကျိုးဆက်ကတော့ အလွန်အကျွံစားမိတာပါပဲ။

ဂရီလင်ရဲ့လုပ်ငန်းတွေ ပုံမှန်ဖြစ်ဖို့ အချိုဓာတ်ကဲသော အစားအစာများလျှော့ခြင်း၊ ပရိုတိန်းကို ပုံမှန်စားသုံးခြင်း စတဲ့နည်းလမ်းတွေ ပြုလုပ်ရပါမယ်။

၄။ ကော်တီဆောဟော်မုန်း (Cortisol)

ကော်တီဆောကို အဒရီနယ်လင်ဂလင်းတွေကနေ ထုတ်လုပ်ပေးပြီး ဖိစီးမှုဟော်မုန်းလို့ ခေါ်ကြပါတယ်။ စိတ်ဖိစီးမှုတခုခုကြုံချိန်မှာ ထွက်လာတတ်လို့ ဖြစ်ပါတယ်။ ဒီဟော်မုန်းဟာ လူတယောက်ရဲ့ ရှင်သန်ရပ်တည်ရေးအတွက် အထူးအရေးပါပါတယ်။ ဒါပေမယ့် ရေရှည်မြင့်တက်နေမယ်ဆိုရင်တော့ အစားအလွန်အကျွံစားခြင်း၊ အဝလွန်ခြင်းတွေ ဖြစ်လာစေပါတယ်။

အစားအသောက်ကို အရမ်းကန့်သတ်လွန်းသူတွေမှာလည်း ကော်တီဆောပမာဏများတတ်ပါတယ်။ သုတေသနတခုမှာ ကယ်လိုရီနည်းတဲ့ အစားအစာတွေကို စားသောက်နေတဲ့ အမျိုးသမီးတွေဟာ ပုံမှန်စားသုံးသူတွေထက် ကော်တီဆောပိုများတယ်လို့ ဖော်ပြထားပါတယ်။

ကော်တီဆောပုံမှန်ဖြစ်အောင် အာဟာရဓာတ်များ မျှတအောင်စားခြင်း၊ တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ နှစ်ခြိုက်စွာအိပ်စက်ခြင်း စတဲ့နည်းလမ်းတွေ ကျင့်သုံးသင့်ပါတယ်။

၅။ အီစထရိုဂျင်ဟော်မုန်း (Estrogen)

အမျိုးသမီးများရဲ့ သားဥအိမ်ကနေ အများဆုံးထုတ်လုပ်ပြီး အမျိုးသမီးများရဲ့ မျိုးပွားစနစ်ကို ထိန်းညှိပေးပါတယ်။ အီစထရိုဂျင်များလွန်းရင် ဝတတ်သလို လျော့နည်းနေရင်လည်း ဝတတ်ပါတယ်။ အီစထရိုဂျင်ဟော်မုန်းဟာ အပျိုဖော်ဝင်ခါစမှာ အဆီဓာတ်တွေကို စတင်သိုလှောင်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ကာလအစောပိုင်းမှာလည်း အဆီတွေကို သိုလှောင်ဖို့ လှုံ့ဆော်ပေးပါတယ်။

သွေးဆုံးချိန်မှာတော့ အီစထရိုဂျင်ပမာဏ လျော့နည်းသွားပြီး သိုလှောင်ထားတဲ့အဆီများဟာ ပေါင်တွေကနေ ဝမ်းဗိုက်ဆီကို ရွေ့သွားပါတယ်။ ဒီအခြေအနေဟာ အင်ဆူလင်အာနိသင် မထိရောက်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

အီစထရိုဂျင်ကို ပုံမှန် ထိန်းသိမ်းနိုင်အာင် အမျှင်ဓာတ်များများစားသင့်ပါတယ်။ အထူးသဖြင့် ပန်းဂေါ်ဖီ၊ ပန်းပွင့်စိမ်၊ ကိုက်လန် စတာတွေ ပိုမိုစားသုံးသင့်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပါတယ်။

၆။ Neuropeptide Y (NPY)

NPY ဟော်မုန်းကိုတော့ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေက ထုတ်လုပ်ပါတယ်။ စားချင်သောက်ချင်စိတ်ကိုဖြစ်စေပါတယ်။ အထူးသဖြင့် ကာဘိုဟိုက်ဒရိတ်ကို ပိုမိုတောင့်တပါတယ်။ အစာမစားရတာကြာလာရင် အမြင့်ဆုံးကို တက်လာတတ်ပါတယ်။ စိတ်ဖိစီးချိန်မှာလည်း NPY ဟော်မုန်း မြင့်တက်နေတတ်ပါတယ်။ ဒါကြောင့် အလွန်အကျွံစားသောက်ခြင်း၊ အဝလွန်ခြင်းတွေ ဖြစ်လာနိုငါပတယ်။

NPY ဟော်မုန်းကို လျှော့ချနိုင်အောင် ပရိုတိန်းဓာတ် လုံလောက်စွာ စားသုံးခြင်း၊ အစာမစားဘဲ ကြာကြာမနေခြင်း၊ အမျှင်ဓာတ်များများစားခြင်း စတဲ့အချက်တွေကို လိုက်နာရပါမယ်။

၇။ Glucagon-like peptide-1 ဟော်မုန်း (GLP-1)

GLP-1 ဟော်မုန်းဟာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းရာမှာ အဓိကကျပါတယ်။ ဗိုက်ပြည့်စေတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ သုတေသီတွေရဲ့ အဆိုအရ GLP-1 ဟော်မုန်းမြင့်တက်ခြင်းဟာ ကိုယ်အလေးချိန်ကျဆင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ GLP-1 ဟော်မုန်း ပုံမှန်ဖြစ်အောင် ပရိုတိန်းများများစားခြင်း၊ အချိုဓာတ်လျှော့စားခြင်း၊ အစိမ်းရင့်ရောင် အရွက်များစားခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။

၈။ Cholecystokinin ဟော်မုန်း (CCK)

CCK ဟော်မုန်းဟာလည်း GLP-1 ဟော်မုန်းလိုပဲ ရောင့်ရဲခြင်းဟော်မုန်းအုပ်စုဝင် ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကနေ ထုတ်လုပ်ပါတယ်။ ပိန်သူတွေရော ဝသူတွေမှာပါ အစားကို လွန်ကဲစွာ စားသောက်မိခြင်းမဖြစ်အောင် ထိန်းချုပ်ပေးပါတယ်။ CCK ဟော်မုန်းပုံမှန်ဖြစ်အောင် ပရိုတိန်းများများ စားရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေ၊ အမျှင်ဓာတ်တွေ စားပေးရပါမယ်။

၉။ Peptide YY ဟော်မုန်း (PYY)

PYY ဟော်မုန်းဟာလည်း စားချင်သောက်ချင်စိတ်ကို ထိန်းပေးပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ ဆဲလ်တွေကနေ ထုတ်လုပ်ပေးပါတယ်။ အဝလွန်ခြင်းကို ထိန်းသိမ်းပေးပါတယ်။ PYY ဟော်မုန်း ပုံမှန်ဖြစ်အောင် ကာဘိုဟိုက်ဒရိတ်လျှော့စားပြီး ပရိုတင်းနဲ့ အမျှင်ဓာတ်ကို များများစားရပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ အိမ်မှာနေရင်းဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ

အရိုးအဆစ် လေ့ကျင့်ခန်း ကြွက်သား ကွန်ပျူတာ ဖုန်း အကိုက်အခဲ ဆီးသွား ဇက်ကြောတက် ကိုဗစ် ထိုင်ခုံ ညောင်းကိုက် ခါးကြော ရုံးတက် ညောင်းညာ ခါးညောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

နေအိမ် အိမ်သန့်ရှင်းရေး အမှိုက် ဖုန်တက် လေ့ကျင့်ခန်း အိပ်ရာ မီးဖိုချောင် အိမ်သာ ရေချိုးခန်း ရောဂါပိုးမွှား ကိုဗစ် ကပ်ဘေး ဖျားနာ စိတ်ဖိစီး ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အစာအိမ်ဖြတ်ထုတ်ကုသခြင်း

အစာအိမ်ဖြတ်ထုတ်ကုသခြင်း (Gastrectomy) ဆိုတာကတော့ အကြောင်းတခုခုကြောင့် အစာအိမ်ရဲ့ မကောင်းတော့တဲ့ အစိတ်အပိုင်းကိုခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ဆိုတာ ဝမ်းဗိုက်ရဲ့ အထက်ပိုင်းနားမှားရှိတဲ့ J ပုံစံ အစိတ်အပိုင်းတစ်ခုပါ။ အစာခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ အစာအိမ်ကင်ဆာ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အစာအိမ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 22, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read
အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read