စိတ်ဖိစီးမှု ဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာဖြစ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုပါ သယ်ဆောင်လာတတ်ပါတယ်။ စိတ်ဖိစီးမှုဝေဒနာကို ခံစားနေရတဲ့ လူတိုင်းအတွက် ပုံမှန်သူတို့ကို ပျော်ရွှင်စေတဲ့ အရာတွေကတောင် ပျော်ရွှင်တယ်လို့ မခံစားရတော့ပါဘူး။ ပျော်ရွှင်မှုကင်းမဲ့လာတာနဲ့အမျှ စိတ်အားတက်ကြွမှုလည်း နည်းပါးလာတတ်ပါတယ်။