စိတ်ဖိစီးမှုဆိုတာ လူသားတို့ နေ့စဉ်ဘဝမှာ မဖြစ်မနေကြုံတွေ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်ဖို့တွန်းအားပေးတာကြောင့် လူတိုင်းအတွက် လိုအပ်တဲ့ အခြေအနေ တစ်ခုတော့ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားလာရမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။