home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

Alzheimer's (ဦးနှောက်ချို့ယွင်းလာမှု) ရောဂါကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

Alzheimer's (ဦးနှောက်ချို့ယွင်းလာမှု) ရောဂါကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ခန္ဓါကိုယ်မှာ ကိုယ်တွင်း ကိုယ်ပ ခံစားရတဲ့ဝေဒနာတွေကများလာပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်းရောဂါတွေကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အထိရောက်ဆုံးနည်းလမ်းပါ။ ဒါကြောင့် အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခံစားရနိုင်တဲ့ Alzheimer’sရောဂါကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

Alzheimer’sရောဂါကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေက

နေ့စဉ် နေထိုင်စားသောက်မှုပုံစံကိုပြောင်းလဲလိုက်ရုံနဲ့ Alzheimer’sရောဂါကနေ ကာကွယ်လို့ရနိုင်ပါတယ်။

သစ်သီးတွေဟင်းသီးဟင်းရွက်တွေများများစားပေးပါ

လေ့လာမှုတစ်ခုအရနေ့စဉ် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေစားသုံးပေးတာ၊ သစ်သီးဖျော်ရည်တွေသောက်သုံးပေးတာက Alzheimer’sရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်နေ့စဉ် သစ်သီးစားသုံးပေးတာ၊ ဟင်းသီးဟင်းရွက်တွေစားသုံးပေးတာမျိုးလုပ်ပေးပြီးရောဂါကို ကာကွယ်လိုက်ပါ။ဘယ်ရီသီးလေးတွေ စားသုံးပေးတာကလည်း ALzheimer’sရောဂါကို ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။

Omega-3 Fatty Acids ပါအောင်စားသုံးပေးပါ

ဆယ်လ်မွန်၊ မက်ကာရယ်၊ တူနာလိုမျိုး Omega-3 Fatty Acids ပါတဲ့ အစားအစာတွေကို စားသုံးပေးတာက Alzheimer’sရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။ ဒီငါးတွေမှာပါတဲ့ DHA ကဦးနှောက်ဖွံ့ဖြိုးကျန်းမာအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။

Folic Acids မှီဝဲပေးပါ

Folic Acids ပါဝင်တဲ့ အစားအသောက်တွေကို စားသုံးမိဖို့ခက်ခဲမယ်ဆိုရင်တော့ Folic Acids အားဖြည့်ဆေးလိုမျိုး အရာတွေကိုသောက်သုံးပေးလို့ရပါတယ်။ Folic Acids က ဦးနှောက်မှတ်ဉာဏ်တွေကို ထိခိုက်စေနိုင်တဲ့ Homocysteine ပမာဏကိုလျော့ကျစေနိုင်ပြီး မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။

ဆေးဖြစ်ဝါးဖြစ် ဝိုင်သောက်ပါ

ညနေစာ စားပြီးချိန်မှာ ဝိုင်အနီတစ်ခွက်စာလောက်သောက်သုံးပေးပါ။ စပျစ်ဝိုင်ဆိုပိုပြီးတော့ကောင်းပါတယ်။ စပျစ်သီးမှာပါတဲ့ဒြပ်ပေါင်းတွေက ဦးနှောက်ဆဲလ်တွေကို ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကြာင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဝိုင်မနှစ်သက်သူတွေအနေနဲ့ကတော့ စပျစ်သီးဖျော်ရည်ကိုသောက်သုံးပေးလို့ရပါတယ်။

သွေးပေါင်ချိန်ကို ဂရုစိုက်ထိန်းသိမ်းပါ

သွေးတိုးတာကလည်း Alzheimer’sရောဂါဖြစ်စေတဲ့ အကြောင်းတွေထဲကတစ်ခုပါ။ ဒါကြောင့်သွေးတိုးတာမျိုးမဖြစ်အောင် ပုံမှန်ထိန်းသိမ်းပြီးရောဂါဖြစ်နိုင်ခြေကိုလျှော့ချလိုက်ပါ။

ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးရှိအောင်လုပ်ဆောင်ပါ

မိသားစု၊ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်ရင်းနှ်ီးတဲ့ ဆက်ဆံရေးထားရှိမှုကလည်း အသက်အရွယ်ကြီးလာတဲ့ အခါ Alzheimer’sရောဂါမဖြစ်အောင်ကာကွယ်ရာမှာ အကျိုးရှိပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ ချစ်ခင်ကောင်းမွန်တဲ့ ဆက်ဆံရေး ဖန်တီးလုပ်ဆောင်ပါ။

နေပူဆာလှုံပါ

မနက်ခင်းစောစောနေရောင်ခြည်နွေးနွေးလေးအောက်မှာလေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက ခန္ဓါကိုယ်ကို ကျန်းမာစေရုံမက ဗီတာမင် D ကိုလည်း အပြည့်အဝရရှိစေနိုင်မှာပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာကလည်း Alzheimer’sရောဂါကို ကာကွယ်နိုင်သလို နေရောင်ခြည်ကနေရရှိတဲ့ ဗီတာမင် D ကအာရုံကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

သက်လတ်ပိုင်းအရွယ်မှာဆေးလိပ်အလွန်အကျွံသောက်သုံးမှုက အသက်ကြီးလာတဲ့အခါ Alzheimer’sရောဂါခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများနေပါတယ်။ တကယ်လို့ သင့်အနေနဲ့ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် နှလုံးကျန်းမာလာမှာဖြစ်သလို ဦးနှောက်ဆီသွေးစီးဆင်းရောက်ရှိမှုလည်း ပိုကောင်းလာမှာပါ။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေပိုကောင်းလာခြင်းက Alzheimer’sရောဂါကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အရမ်းနောက်မကျသေးခင်မှာကောင်းမွန်မှန်ကန်တဲ့ ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပျိုးထောင်ပြီးရောဂါတွေရဲ့ နှိပ်စက်မှုမခံဘဲနေကြရအောင်လား……..

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

6Proven Ways toPrevent Alzheimer’s Disease https://brightside.me/inspiration-health/6-proven-ways-to-prevent-alzheimers-disease-525560/ Accessed Date 21 June 2018

 

8 Simple Ways To Prevent Alzheimer’s Disease Naturally https://www.curejoy.com/content/ways-to prevent-alzheimers-disease-naturally/ Accessed Date 21 June 2018

 

8 Ways To Prevent Alzheimer’s Disease https://www.prevention.com/health/g20493143/8-ways-to-prevent-alzheimers-disease/?slide=1 Accessed Date 21 June 2018

 

 

 

 

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 13 နာရီ အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။