မနက်ခင်းနေခြည်နွေးနွေးလေးက သင့်ကိုစိတ်ပျော်ရွှင်စေနိုင်ပါတယ်။ နောက်တစ်ချက်က မနက်စောစောထတာကြောင့် စိတ်ထဲမှာ ကြည်လင်လန်းဆန်းနေစေပြီး စိတ်ပျော်ရွှင်မှုကိုဖြစ်စေမှာပါ။ အလုပ်ခွင်ဝင်ဖို့လည်း အကောင်းဆုံးပြင်ဆင်နိုင်စေမှာပါ။ ဒီတော့ အလုပ်ကိုစောစောရောက်လို့ အလုပ်ခွင်မှာလည်း ပျော်ရွှင်ရပြီပေါ့။
တရားထိုင်ပါ
တရားထိုင်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေမယ့် နည်းလမ်းတစ်ရပ်ပါ။ ဒါကြောင့် တစ်နေ့တာမှာ မနက်စောစော ဒါမှမဟုတ် ညအိပ်ရာဝင်ခါနီးမှာ ၁၅ မိနစ်လောက် တရားထိုင်ပေးပါ။ စိတ်တည်ငြိမ်ပြီး အကောင်းမြင်စိတ်တွေ ပေါက်ဖွားလာမှာပါ။
စက္ကန့် ၃၀ အသက်ရှုပါ
ဒါက ပြောတော့လွယ်ပေမယ့် တကယ်တမ်းကျလုပ်ဖို့မေ့နေတတ်ကြပါတယ်။ တကယ်တော့ အသက်ရှုတာကလည်း သင့်ရဲ့တည်ရှိမှုကို အသိအမှတ်ပြုပေးနေတဲ့အချက်တစ်ခုပေါ့။ ဒါကြောင့် တိတ်ဆိတ်တဲ့နေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး မျက်လုံးလေးတွေ မှိတ်ထားပြီး ၁ ကနေ ၃ အထိရေလို့ နှာခေါင်းကနေရှုသွင်းပါ။ ပြီးရင်တော့ ၊ ၅ လို့ရွတ်လို့ ပါးစပ်ကနေ လေရှုထုတ်ပါ။ ဒီလို ၅ ကြိမ်လုပ်ပါ။
၂ မိနစ်လောက် ငြိမ်ငြိမ်နေပါ
တစ်နေ့တာမှာ ကြီးကြီးမားမားကိစ္စမရှိဘူးဆိုရင် အနည်းဆုံး ၂ မိနစ်လောက် ဘာမှမလုပ်။ ဘာမှမတွေးဘဲ ငြိမ်ငြိမ်လေး ၂ မိနစ်လောက်နေပေးပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်တဲ့သဘောပေါ့။ ဒီအချိန်မှာ ဘာမှမတွေးဘဲ စိတ်အေးလက်အေးလေးနေပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။