သ့င် ဝါသနာကဘာလဲ ။ ဘယ်လိုဝါသနာတွေက သင့်ကို စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေတာလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လူတိုင်းမှာ ဝါသနာကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့ ဝါသနာတွေဟာ ကိုယ့်ကို ထက်မြက်တဲ့သူတစ်ယောက်ဖြစ်အောင် တွန်းပို့ပေးနေုတယ်ဆိုတာ သင်သိပါသလား။ ကဲ ကိုယ့်ရဲ့ ဘယ်လိုဝါသနာတွေက ကိုယ့်ကို အမြဲတမ်း စမတ်ကျ ထက်မြက်တဲ့ သူဖြစ်စေသလဲဆိုတာ ကြည့်ရအောင် ။ ။

စာဖတ်ြခင်း ။ ။

ဒါကတော့ အထွေအထူး ပြောနေစရာ မလိုတဲ့အရာတစ်ခုပါ။ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတော့ အချိန်ရှိတိုင်း စာအုပ်နဲ့ပဲ အချိန်ဖြုန်းနေတဲ့သူတွေ၊ စာဖတ်ဝါသနာထုံတဲ့သူတွေဟာ သူများတွေထက် အသိဉာဏ်၊ ဗဟုသုတကြွယ်ဝတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ စာထဲမှာပါတဲ့ အကြောင်းအရာတွေကိုတွေးခေါ် ဆင်ခြင်မယ်၊ အသစ်အသစ်သောအရာတွေကို လည်း စာဖတ်ခြင်းကနေ သင်ယူနိုင်တာကြော့င့် စာဖတ်ခြင်းဝါသနာဟာ သင့်ဦးနှောက်ကို ထက်မြက်စေတဲ့ ဝါသနာတစ်ခုပါ။

တရားထိုင်ြခင်း ။ ။

စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ဖို့ အကောင်းဆုံးနည်းဟာ တရားထိုင်ခြင်းက လွဲလို့ အခြားမရှိပါဘူး။ ရှုပ်ထွေးနေတဲ့စိတ်ကို တည်ငြိမ်အောင်၊ အာရုံစူးစိုက်မှု ပိုကောင်းအောင် တရားထိုင်ခြင်းကသာ စွမ်းဆောင်ပေးနိုင်တာကြောင့် သင့်ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို သူမတူအောင် ထက်မြက်စေမှာပါ။

တူရိယာတစ်ခုခု တီးခတ်ခြင်း ။ ။

ဂီတနဲ့ အနုပညာဆိုတာ လူတိုင်းရဲ့ စိတ်နှလုံးကို နူးညံ့စေပြီး သင့်ဦးနှောက်ကို အမြဲ လန်းဆန်းနေအောင် လှုံ့ဆော်ပေးနိုင်တဲ့ အရာတစ်ခုပါ။ ဂီတကြောင့် သင့်တီထွင်ဖန်တီးနိုင်စွမ်းတွေ မြင့်တက်လာစေပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းအားလုံးကို တစ်သွေးတည်း တစ်သားတည်းစီးမျောစေနိုင်တာလည်း ဂီတပါပဲ ။ ။

လေ့ကျင့်ခန်းလုပ်ခြင်း။ ။

တစ်ချို့လူတွေရှိပါတယ်။ ရုပ်ရှင်မကြည့်ရရင်သာ နေမယ်။ gym တော့ မသွားဘဲ မနေနိုင်တဲ့သူတွေ။ ကျန်းမာရေးအတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှားလုပ်တာပဲဖြစ်ဖြစ်၊ အားကစားတစ်ခုခုမှာ လိုက်စားတာပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုလုပ်လိုက်တာကြောင့် သွေးလည်ပတ်မှုကောင်းသွားပြီး ဦးနှောက်ဆီကိုလည်း သွေးတွေလုံလောက်စွာရောက်တာကြောင့် ဦးနှောက် ဆဲလ်တွေ အောက်ဆီဂျင် လုံလောက်စွာ မရတဲ့ ပြဿနာတွေ ကနေ ကင်းဝေးစေပါတယ်။

ဘာသာစကား အသစ်တွေ သင်ယူရတာ ဝါသနာပါတာ ။ ။

ကိုယ့်ဘာသာစကားတင်မဟုတ် အခြားနိုင်ငံတွေကပြောတဲ့ ဘာသာစကားကို လိုက်ပြောနိုင်တဲ့သူကိုမှ ထက်မြက် စမတ်ကျတဲ့သူလို့ မခေါ်ရင် ဘယ်သူ့ကို သွားခေါ်မလဲနော်။ အသစ်အသစ်သော အရာတွေကို မှတ်လေလေ ဦးနှောက်က ပိုပြီး ထက်မြက်လေလေပါပဲ။

ဦးနှောက်ကို အလုပ်ပေးတဲ့ ကစားနည်းတွေ ကစားတာ။

ကလေးငယ်ငယ်လေးတွေ ဉာဏ်ရည်ထက်မြက်စေဖို့ဆိုပြီး မိဘတွေက ပဟေဠိဖွက်တမ်းတွေ၊ ဆူဒိုခု ကစားနည်းတွေ၊ စကားလုံးဆက်တဲ့ ကစားနည်းတွေ ကစားခိုင်းတာ အားလုံး သိကြပါတယ်။ ဒီလိုပါပဲ။ ကလေးငယ်ငယ်လေးတင် မဟုတ်ပါဘူး။ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် သင့်ဦးနှောက် ထုံထိုင်းမနေစေဖို့ ဦးနှောက်ကို အလုပ်ပေးတဲ့ ကစားနည်းတွေ ကစားပေးသင့်ပါတယ်။

ခရီးသွားခြင်း ။ ။

ခရီးသွားရတာကို နှစ်သက်တဲ့သူတွေဟာ အခြားသူတွေထက် ဒေသန္တရ ဗဟုသုတတွေ ကြွယ်ဝတဲ့အပြင် ေပါင်းသင်းဆက်ဆံရေးအပိုင်းမှာရော၊ ပြဿာနာကို ဖြေရှင်းတဲ့ အပိုင်းမှာရော ထက်မြက်နေတဲ့သူတွေပါ။ ခရီးသွားခြင်းဟာ သင့်ကို စိတ်လန်းဆန်းမှုပေးစွမ်းနိုင်မယ့် အပြင် အပေါင်းအသင်း အသစ်တွေလည်းရစေတဲ့ ကောင်းလွန်းလှတဲ့ ဝါသနာတစ်ခုပါ။

ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမြဲတမ်း စမတ်ကျထက်မြက်တဲ့သူဖြစ်ချင်ရင် အမြဲတမ်း အသစ်အသစ်သော အရာတွေကို လေ့လာသင်ယူနေပါ။ ကိုယ့်ဝါသနာတွေကို ဆက်ထိန်းသိမ်းပါ။ ကိုယ့်မှာ ဝါသနာ မယ်မယ် ရရ မရှိဘူးဆိုရင် အပေါ်မှာပြောထားတဲ့ ဝါသနာတစ်ခုခုကို စပြီး မွေးမြူပေးပါ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက် ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

စိတ်လှုပ်ရှားနေပြီဆိုရင် ဒီနည်းလမ်းတွေနဲ့ ထိန်းကြည့်ပါ။

စိတ်လှုပ်ရှား ကြောက်ရွံ့ panic attack အိပ်မပျော် အသက်ပြင်းပြင်းရှူ တရားထိုင် အာရုံစိုက် ကြွက်သားတွေဖြေလျှော့ စိတ်ငြိမ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ရောစိတ်ပါ အနားရအောင် ဘယ်လိုအနားယူမလဲ

အနားယူသင့်တဲ့ အချိန်မှာ အနားမယူဘဲ ဆက်တိုက်အလုပ်လုပ်နေခြင်းဟာ စိတ်ရောကိုယ်ပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုလည်း ပိုများလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read
အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
အဆုတ်ကင်ဆာ ကာကွယ်ပါ

အဆုတ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read