၂၁ ရာစုလို အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးထဲမှာ အရာရာ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကို သတိထားမိမယ် ထင်ပါတယ်။ အဲ့တော့ ကိုယ့်ရဲ့ တစ်နေ့တာအသုံးစရိတ်၊ တစ်လစာ ဝင်ငွေနဲ့ ထွက်ငွေ၊ မိသားစု စားဝတ်နေရေး စတဲ့ တာဝန်တွေ အကုန်လုံးက ကိုယ့်ပေါ် ကျလာတယ်၊ ဝင်ငွေနည်းလွန်းတဲ့ ကျွန်တော်တို့နိုင်ငံမှာဆိုရင် ထွက်ငွေကို နည်းသထက် နည်းနိုင်ဖို့၊ ဝင်ငွေ များစေဖို့ အလုပ်တွေ တစ်ခုထက် ပိုပြီးလုပ်နေကြရတယ်။ ကျောင်း၊ တက္ကသိုလ်ပါ ဆက်မတက်တော့ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ခွင်ထဲ ဝင်နေကြတဲ့ လူငယ်တွေလည်း ဒုနဲ့ဒေးပါပဲ။
နောက်တစ်ချက်ကတော့ လိုချင်တာတွေ များလာတာပါ။ ဒါကတော့ လူငယ်တွေကိုပဲ အပြစ်တင်လို့မရပါဘူး။ ဒီလိုမျိုး တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ ဖုန်းအကောင်းစားတစ်လုံး ဈေးကွက်ထဲ ရောက်လာလို့ တစ်ယောက်ယောက်က ဝယ်သုံးပြလိုက်တယ်၊ အင်တာနက်ပေါ်ကို တင်လိုက်တယ်၊ ဒါကို ကြည့်ပြီးတော့ လူငယ်တွေရဲ့ စိတ်ထဲမှာ လိုချင်တဲ့ လောဘတွေ၊ မဝယ်နိုင်သေးတဲ့အခါ သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေ၊ ကိုယ်ဟာ တစ်ခြားသူတွေလောက် ဝင်ငွေ မပြည့်စုံလေခြင်း၊ ဒါမှမဟုတ်လည်း ကိုယ့်လစာနဲ့ မမျှတဲ့ ပစ္စည်းတစ်ခုကို ဝယ်ဖို့ အစာငတ်ခံ၊ အလုပ်တွေ ဖိလုပ်တာမျိုးတွေ၊ ဒါတွေဟာ လူငယ်တွေရဲ့ စိတ်ခွန်အားကို ကောင်းကောင်းတိုက်စားပစ်နိုင်တဲ့ အရာတွေပါပဲ။
၄။ နေထိုင်မှုပုံစံ မှားယွင်းနေခြင်း
ခုခေတ်လူငယ်တွေက အရင်ကထက် ပိုပြီး အသစ်အဆန်းတွေကို စမ်းသပ်လာတယ်။ စိတ်ဖိစီးမှုတွေနဲ့ လုပ်ငန်းခွင်၊ နေ့စဉ်ဘဝ ဖိအားတွေကို ပြေလျော့စေဖို့ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံသုံးစွဲရင်းကနေ စွဲလမ်းမှုတွေ ဖြစ်လာတယ်။ အသင့်စားအစားအစာတွေ၊ အဆီ၊ အချိုများတဲ့ အစားအစာတွေကို ပိုပြီး ကြိုက်နှစ်သက်လာတာကြောင့် အာဟာရပြတ်လပ်မှုတွေ ဖြစ်ပြီး ကျန်းမာရေးထိခိုက်လာတယ်။
နေ့မအိပ် ညမအိပ် ဖုန်းအသုံးပြုတဲ့အခါ စိတ်ကျန်းမာရေးထိခိုက်လာတဲ့အပြင် မျက်စိအမြင်အာရုံနဲ့ တွေးခေါ်မှုပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတယ်။ နေထိုင်မှုပုံစံကို ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ဘယ်လိုမှ အထောက်အကူမပြုတော့ ကြာလေ လူမောစိတ်မောဖြစ်ပြီး ဘာမှမလုပ်ရသေးဘဲ လူက နုံးချိပြီး အားမရှိသလိုတွေ ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။