စိတ်ဖိစီးမှု (Stress) ဆိုတာက လူတိုင်းနဲ့ ရင်းနှီးပြီးသား စကားပါ။ လူတိုင်း စိတ်ဖိစီးဒဏ်ကို ခံစားဖူးနိုင်ပေမယ့် စိတ်ဖိစီးမှုအကြောင်းကို ထဲထဲဝင်ဝင်သိသူကတော့ ခပ်ရှားရှားရယ်ပါ။ ဒီတော့ သေချာလေး လေ့လာလိုက်ရအောင်နော်။
စိတ်ဖိစီးမှု (Stress) ဆိုတာက လူတိုင်းနဲ့ ရင်းနှီးပြီးသား စကားပါ။ လူတိုင်း စိတ်ဖိစီးဒဏ်ကို ခံစားဖူးနိုင်ပေမယ့် စိတ်ဖိစီးမှုအကြောင်းကို ထဲထဲဝင်ဝင်သိသူကတော့ ခပ်ရှားရှားရယ်ပါ။ ဒီတော့ သေချာလေး လေ့လာလိုက်ရအောင်နော်။
စိတ်ဖိစီးမှုဆိုတာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ခံစားမှုတစ်ခုလို့ ပြောနိုင်ပေမဲ့ တစ်ခါတရံတော့ အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုထိပြောင်းလဲသွားနိုင်ပါတယ်။
တစ်နည်းအားဖြင့် စိတ်ဖိစီးမှုဆိုတာ သင်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှုတွေ၊ ဖိအားတွေ အပေါ်မှာ သင့်ခန္ဓာကိုယ်က တုံ့ပြန်တဲ့ အရာတစ်ခုပါ။ ဖိအားတစ်ခုနဲ့ ကြုံတွေ့လာရပြီဆိုရင် သင့်ရဲ့ ဦးနှောက်အဖွဲ့အစည်းက stress ဟော်မုန်းထွက်လာပါတယ်။ Stress ဟော်မုန်းမှာ adrenaline နဲ့ cortisol ဆိုတဲ့ ဟော်မုန်းနှစ်မျိုးပါပါတယ်။
Stress ဟော်မုန်းထွက်လာရင်တော့ သင့်ရဲ့ နှလုံးခုန်မြန်လာမယ်၊ ကြွက်သားတွေ တင်းလာမယ်၊ သွေးပေါင်တက်လာမယ် ၊ အသက်ရှူမြန်လာမယ် ၊ စိတ်ဆတ် လာမယ် စတာတွေဖြစ်နိုင်ပါတယ်။ ဒါကို ‘ fight or flight ‘လို့ ခေါ်တဲ့’ ရင်ဆိုင်မလား၊ ထွက်ပြေးမလား ‘ တုံ့ပြန်မှုလို့ခေါ်တယ်။ စိတ်ဖိစီးမှုရဲ့ တုံ့ပြန်မှုတစ်မျိုးပေါ့။
စိတ်ဖိစီးမှု ဆိုတာ ယာယီ ခေတ္တ အခြေအနေမျိုးမှာတော့ သင့်ကို ခွန်အားအကြီးကြီးတွေပေးနိုင်ပါတယ်။ ဥပမာပြောရမယ် ဆိုရင် accident တစ်ခုဖြစ်မလာအောင်ကာကွယ်ဖို့ ကားဘရိတ်ကို ချက်ချင်းနင်း လိုက်တာမျိုးပေါ့ ။ စိတ်ဖိစီးမှုဟာ စိန်ခေါ်မှုပေါင်းများစွာကိုလည်း ပြုလုပ်ပေးနိုင်ပါတယ် ။ သင့်အလုပ်ကိုလည်း အာရုံပိုစိုက်နိုင်စေပါတယ် ။ သင် TV ကြည့်နေရင်းတောင်မှ ချက်ချင်းဆိုသလို စာကျက်ချင်စိတ် စာကြိုးစားချင်စိတ်ပေါ်လာနိုင်ပါသေးတယ် ။ ဒါပေမယ့် စိတ်ဖိစီးမှုဟာ ခဏခဏ ဖြစ်လာရင် သင့် အတွက်မကောင်းတော့ပါဘူး။
စိတ်ရောဂါအခြေအနေတွေ ( စိတ်ကျခြင်း၊ စိတ်အလွန်အမင်းပူပန်တတ်ခြင်း)၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ အူလမ်းကြောင်းပြဿနာ တွေပါ ခံစားလာရနိုင်ပါတယ်။
ကြုံတွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေးပါ။ ဒါကြောင့် စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကိုရှောင်သင့်ပါတယ်။ လိုအပ်ရင် တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
အစရှိတာတွေကို ခံစားလာရနိုင်ပါတယ်။ ဒီလိုခံစား လာရပြီဆိုရင်တော့ ဆရာဝန်အမြန်ဆုံး တိုင်ပင် ကုသသင့်နေပါပြီနော်။
စိတ်ဖိစီးမှုကို ကြာရှည်စွာခံစားနေရရင်ပေါ့
ဒီကနေမှတဆင့် စိတ်ကျန်းမာရေးပညာရှင်တွေဆီ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။
Stress ဖြစ်စေတဲ့ အရာတွေကို Stressors လို့ခေါ်ပါတယ်။ ခန္ဓာကိုယ် ပြင်ပက အရာတွေရှိနိုင်သလို အတွင်းထဲက အရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ တခါတရံ ထိခိုက်မှု တစ်စုံတစ်ခုရဲ့ နောက်ဆက်တွဲအနေနဲ့လည်း stress ဆိုတာ ဖြစ်ပေါ်လာနိုင်ပါသေးတယ် ။
ခန္ဓာကိုယ်ပြင်ပကအရာတွေကတော့
ခန္ဓာကိုယ် အတွင်းက စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကတော့
သင့်ကို ဆရာဝန် တစ်ယောက်က သင်ခံစားနေရတဲ့ လက္ခဏာတွေ အကြောင်း မေးခွန်းတွေမေး မြန်းရုံနဲ့ သင့်မှာ stress disorder (စိတ်ဖိစီးမှု ရောဂါ) ရှိနေတယ်လို့ သိနိုင်ပါတယ် ။ သင့်မှာ ကျန်းမာရေးပြဿနာတွေ ရှိနေတာမျိုး၊ မူးယစ်ဆေးဝါးတွေသုံးစွဲနေတာမျိုး ဒါမှမဟုတ် စိတ်ရောဂါ ရှိနေတာမျိုးစတဲ့ အခြေအနေတွေကလည်း စိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ ဓာတ်ခွဲခန်းတွေမှာလည်း ဆေးစစ်ကြည့်လို့ရနိုင်ပါသေးတယ်။ ဆေးစစ်ချက်အဖြေနဲ့ ဆရာဝန် စမ်းသပ်ချက်တွေ က normal (ပုံမှန်) လို့ ထွက်ခဲ့ရင်တော့ အထူးကုဆရာဝန်ကြီးတွေနဲ့ ထပ်မံပြသ သင့်ပါတယ်။
သင့်ရဲ့ဆရာဝန်အနေနဲ့ သင့်Stress ရောဂါကို အမျိုးမျိုးကုသမှုပေးနိုင်ပါတယ်။
ဒါတင်မကသေးဘဲ အိပ်မွေ့ချ ကုထုံးနဲ့လည်းကုသနိုင်ပါသေးတယ်။
လူနေမှုပုံစံပြောင်းလဲခြင်း နဲ့ အိမ်တွင်းကုသခြင်းတွေရော stress ကို လျှော့ချပေးနိုင်သလား
လျှော့ချပေးနိုင်ပါတယ်။ ဥပမာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် သင့်ရဲ့ စိတ်ဖိစီးမှု ကို အတော်အတန်လျှော့ချပေးနိုင်ပါတယ်။ သင့်ဟာ လေ့ကျင့်ခန်းလုပ်လေ့လုပ်ထမရှိတဲ့ လူတစ်ယောက်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီး ပုံမှန်လုပ်ဖြစ်အောင် အားထုတ်သင့်ပါတယ် ။
ရေးသားသူ – ဒေါက်တာမှူး
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။