ထူးထူးဆန်းဆန်း အိပ်မက်တွေရဲ့ နောက်ကွယ်က အကြောင်းရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 16, 2020 . 2 mins read
Share now

ကျွန်တော်တို့ တစ်ခါတလေ မနက်အိပ်ရာထလိုက်တဲ့အခါ ကိုယ်အိပ်နေစဉ် မက်တဲ့ အိပ်မက်တွေအကြောင်း ပြန်တွေးမိတတ်ပါတယ်။ ဒီအိပ်မက်တွေက ပျော်စရာ ကောင်းတဲ့ အိပ်မက်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ကိုယ့်အနောက်ကနေ သရဲတစ္ဆေ သို့မဟုတ် ကိုယ်ကြောက်တဲ့ အကောင် တစ်ကောင်ကောင်က လိုက်လို့ ထွက်ပြေးရတာလည်း ဖြစ်နိုင်တယ်။ ဘာအဓိပ္ပာယ်မှန်း စဉ်းစားလို့မရလောက်အောင် ထူးဆန်းတဲ့ အိပ်မက်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဥပမာ – ကိုယ်မသွားဖူးတဲ့ နေရာတစ်နေရာရာကို ရောက်သွားတာ၊ ဘဝမှာ မတွေ့ဖူးတဲ့ သူတချို့နဲ့ တွေ့ပြီး ထူးဆန်းတဲ့ စကားတွေ ပြောနေတာ၊ အိပ်မက်ထဲမှာ ဇောက်ထိုးမိုးမျှော် လမ်းလျှောက်နေတာ၊ ရုပ်ရှင်တွေထဲမှာ တွေ့ခဲ့တဲ့ သဘာဝလွန် လောကထဲ ရောက်သွားတာမျိုးပေါ့။

ဒီလိုမျိုး အကြောင်းရင်း တိတိကျကျ ဖော်ပြလို့ မရတဲ့ ထူးဆန်းတဲ့ အိပ်မက်မျိုးတွေဆိုတာ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုကြောင့် ကိုယ့်ရဲ့ မသိစိတ်က ဖန်တီးလိုက်တဲ့ အိပ်မက်လို့ ယူဆလို့ ရပါတယ်။ ဗေဒင် နက္ခတ် ယုံကြည်သူအနေနဲ့လည်း ကိုယ် ယုံကြည်ရာကို လက်ခံလို့ ရပါတယ်။ ကျွန်တော်ကတော့ ဒီဆောင်းပါးမှာ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ရှုထောင့်ကနေပဲ ပြောပြပေးချင်ပါတယ်။

ဘာကြောင့် ဒီလို ထူးဆန်းတဲ့ အိပ်မက်တွေ မက်နေတာလဲ။

လူတွေဟာ စိတ်ညစ်စရာ၊ ကြောက်ရွံ့စရာ၊ စိုးရိမ်ထိတ်လန့်မှုကို ရင်ဆိုင်လာရတဲ့အခါ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေကြောင့်ပဲ လူတွေက မျက်လုံးနှစ်လုံး ပွင့်ပြီး အသိစိတ်ပုံမှန် ရှိနေတဲ့ အချိန်မှာလည်း ကိုယ့်ရဲ့ စိတ်ကတည်ငြိမ်ခြင်းမရှိဘဲ လှုပ်ရှားနေတယ်။ အိပ်ပျော်သွားတဲ့ အချိန်မှာတောင် ကိုယ့်ရဲ့ မသိစိတ်အထိပါ ဒီစိတ်ဖိစီးမှုတွေက သွားပြီး သက်ရောက်မှုဖြစ်စေတဲ့အတွက် ဦးနှောက်ကနေ ပုံမှန်မဟုတ်တဲ့ အတွေးတွေ ထွက်လာပါတယ်။ အိပ်ပျော်နေတဲ့ အချိန်မှာတော့ ဘာမှန်း အမည်ဖော်မရတဲ့ အိပ်မက်မျိုးတွေပေါ့။

ဒီရက်ပိုင်းမှာမှ ထူးဆန်းတဲ့ အိပ်မက်တွေ ပိုမက်နေပြီလား။

အခုလို Covid-19 ကပ်ဘေး ကာလကြောင့် လူအများစု စိုးရိမ်ပူပန်နေရတဲ့ အချိန်မျိုးမှာ ပြည်သူလူထုအနေနဲ့ ဒီလို စိတ်ဖိစီးမှုတွေ အချိန်တိုင်းလိုလို ခံစားရနိုင်ပြီး သိစိတ်မှသည် မသိစိတ်သို့ ကူးပြောင်းကာ ကျွန်တော်တို့ရဲ့ ဦးနှောက်က အိပ်မက်တွေအဖြစ် ဖန်ဆင်းပေးလိုက်တာဖြစ်ပါတယ်။ ဒီလို အိပ်မက်မျိုးတွေက ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ မဟုတ်ဘူးဆိုပေမယ့်လည်း ကျွန်တော်တို့ရဲ့ စိတ်အခြေအနေဟာ အရင်လို အေးချမ်းနေတဲ့ အဆင့်မှာ မရှိဘူးဆိုတာကို ဖော်ပြနေတာပါပဲ။

ဒီအတွက် ကျွန်တော်တို့အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ။

၁။ အိပ်မက်ဆိုတာ ကိုယ့်အနေနဲ့ အလွယ်တကူ ထိန်းချုပ်မရတဲ့ အရာဖြစ်တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးတလည် တွေးနေစရာတော့ မလိုပါဘူး။

၂။ မနက်ပိုင်း နိုးလာပြီဆိုရင် မျက်လုံးလေးကို စုံမှိတ်၊ ကိုယ့်စိတ်ကို အေးချမ်းစေမယ့် အတွေးလေးတွေ တွေးကြည့်ပါ။ ဝင်လေ၊ ထွက်လေကို အာရုံစိုက်မှတ်ပြီး သေချာရှူသွင်း၊ ရှူထုတ် လုပ်ကြည့်ပါ။

၃။ အမြဲတမ်း အိမ်မှာပဲ အောင်းနေရတဲ့သူတွေအတွက် တင်းနေတဲ့ ခြေထောက်၊ လက်အကြောလေးတွေကို ဖြည်းဖြည်းချင်း ကွေးညွန့်ပြီး ဖြေဆန့်ကြည့်ပါ။

၄။ Covid-19 ကြောင့်ဖြစ်စေ၊ တခြား အလုပ်ကိစ္စ၊ မိသားစုပြဿနာတွေကြောင့် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုရင် ကိုယ့်စိတ်ကလေးကို တတ်နိုင်သလောက် ဖြေလျှော့ထားကြည့်ပါ။

၅။ ဖြစ်နေတဲ့ ပြဿနာက ဘာလဲ၊ ဘယ်လို အဖြေရှာနိုင်မလဲ၊ ဘာတွေ ညှိနှိုင်းလုပ်ယူလို့ ရမလဲ စတာတွေကို ခေါင်းအေးအေး ထားပြီး တွေးကြည့်ပါ။

၆။ တစ်နေ့တာလုံးကို ပုံမှန်အတိုင်းလေးပဲ ဖြတ်သန်းပါ။

၇။ ကိုယ့်အတွက် သတ်မှတ်ထားတဲ့ သီးသန့်အချိန်လေးမှာ ကိုယ့်စိတ်ကို ပျော်ရွှင်စေမယ့် အရာမှန်သမျှ လုပ်ပါ။

၈။ အားလပ်ချိန်မှာ တရားထိုင်ပါ၊ ယောဂကျင့်ပါ၊ ဝင်လေထွက်လေ မှတ်ပါ၊ စာဖတ်ပါ။

၉။ စိတ်ညစ်တာကိုပဲ ထိုင်တွေးပြီး ကိုယ့်စိတ်ကို ဒုက္ခပေးနေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဂရုစိုက်ပါ။ အစာအာဟာရကို သေချာဂရုစိုက်ပါ။ ရေများများ သောက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ အခြေအနေ မပေးရင်တောင် ကိုယ့်အိမ်ထဲမှာဖြစ်ဖြစ် ၁၀ မိနစ်လောက် လမ်းပတ်လျှောက်ပေးလို့ ရပါတယ်။ နောက်ဆုံး အသားအရေ ထိန်းသိမ်းတာကအစ၊ အိမ်သန့်ရှင်းရေးလုပ်တာ အစုံလုပ်လို့ ရပါတယ်။ အဓိကက ကိုယ့်စိတ်ကို ညစ်စေမယ့်အတွေးတွေ မဝင်အောင် တားဆီးဖို့ပါပဲ။

၁၀။ ညဘက်ကို ဖုန်းမသုံးပါနဲ့။ ည ၁၂ နာရီ မထိုးခင် စောစောအိပ်ရာဝင်ပါ။ တစ်နေ့တာ ကြုံတွေ့ခဲ့သမျှ စိတ်ဖိစီးမှုတွေကို အိပ်ခန်းအပြင်မှာ ထားခဲ့ပါ။ ဘာဆို ဘာမှမတွေးပါနဲ့။ ခေါင်းကစလို့ ခြေဖျားအထိ တစ်ကိုယ်လုံးမှာ တောင့်တင်းနေတဲ့ ကြွက်သားတွေ၊ စိတ်တွေကို ဝင်လေ ထွက်လေနဲ့အတူ ဖြေလျှော့လိုက်ပါ။

၁၁။ နောက်ဆုံး မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်တွေ ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ပြုံးပြုံးလေး အိပ်ပျော်အောင် ကြိုးစားကြည့်ပါ။

၁၂။ အိပ်ရေးဝဝ အိပ်ပါ။ အိပ်ချိန်မှန်မှန်အိပ်ပါ။

ဒီပုံစံအတိုင်းလေး ကိုယ့်ရဲ့ စိတ်ဖိစီးမှုနဲ့ အိပ်စက်မှုပုံစံကို ပြင်ဆင်သွားမယ်ဆိုရင် ထူးဆန်းတဲ့ အိပ်မက်တွေ သိပ်ပြီး မမက်အောင် ကိုယ့်စိတ်ကို ထိန်းချုပ်ပြီးသား ဖြစ်သွားမှာပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

အသံ တွေ ခဏခဏ ပြန်ကြားနေရတာ၊ သူများမကြားဘဲ ကိုယ်ပဲ ကြားနေရတာက စိတ်ရောဂါမဟုတ်ပါဘူး။ ရက်ပိုင်းလောက်နေရင် သက်သာသွားပါလိမ့်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း စေသလဲ ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read