backup og meta

သင့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ အိပ်စက်မှုပုံစံနဲ့ အိပ်စက်ပါ


Ye Zon Aung မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ အိပ်စက်မှုပုံစံနဲ့ အိပ်စက်ပါ

    ညဘက် အိပ်စက်တဲ့အခါ ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အိပ်စက်မှုပုံစံကို ရွေးချယ်အိပ်စက်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်က ဟောက်တတ်တဲ့သူလား၊ နောက်ကျောနာကျင်တတ်တဲ့သူလား၊ ခါးနာတတ်တဲ့လူလား စသဖြင့် ကိုယ့်မှာရှိနေတဲ့ ဝေဒနာကို ကိုက်ညီသက်သာစေမယ့် ပုံစံမျိုးနဲ့ အိပ်စက်မယ်ဆိုရင် ပိုမိုပြီး သက်သောင့်သက်သာဖြစ်မှာဖြစ်ပါတယ်။

    ဒီလိုမှ မဟုတ်ဘူးဆိုရင် အိပ်စက်နေချိန်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြီးဟာ သက်သောင့်သက်သာရှိလှမှာမဟုတ်သလို အပြည့်အဝ အနားယူမှုလည်းဖြစ်မှာမဟုတ်တာကြောင့် ရေရှည်မှာ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါဝေဒနာတွေ စွဲကပ်လာနိုင်ပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်စွာ အိပ်စက်နိုင်စေဖို့ဆိုရင် နူးညံ့တဲ့ ခေါင်းအုံးနဲ့ မွေ့ရာတို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ ပုံမှန်အိပ်စက်မှုတွေမှာ အထောက်အကူဖြစ်စေပါတယ်။

    အလွန်ဟောက်တတ်တဲ့သူနဲ့ အိပ်ရလို့ အိပ်မပျော်ဖြစ်နေတာ၊ စောစောစီးစီးတွေ နိုးနေတာ၊ မီးအလင်းရောင် မြင်နေရရင် အိပ်မပျော်တာမျိုးတွေ ကြုံနေရပြီဆိုရင် ပြန်လည်အိပ်ပျော်ဖို့ ကိုယ့်ရဲ့ လက်ရှိအိပ်စက်နေတဲ့ ပုံစံကို ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။

    ဆန်ဒီယေဂို တက္ကသိုလ်ရဲ့ ဇီဝအင်ဂျင်နီယာဌာနက လေ့လာချက်တွေအရ လူတွေဟာ ယျေဘုယျအားဖြင့် အိပ်စက်မှုပုံစံ အမျိုးအစား တစ်မျိုးတည်းကိုသာ ရွေးချယ်ပြီး အိပ်စက်ကြလေ့ရှိတယ်လို့ ဆိုထားပါတယ်။ ဒီလိုအိပ်စက်တာဟာ မှားယွင်းတဲ့ အယူအဆတစ်ခုဖြစ်ပြီး အခြေအနေကိုလိုက်ပြီး ပုံစံပြောင်းလဲ အိပ်စက်ဖို့ လိုအပ်တယ်လို့ အဆိုပါလေ့လာချက်မှာ အကြံပြုထားပါတယ်။

    အိပ်စက်တဲ့ ပုံစံပိုင်းမှာတော့ စတိုင် ၃ မျိုးရှိပါတယ်။ ပက်လက်လှန်အိပ်တာ၊ ဘေးတိုက်စောင်းအိပ်တာနဲ့ မှောက်အိပ်တာတို့ပါပဲ။ ဒီလိုမတူညီတဲ့ အိပ်စက်မှုပုံစံတွေအပေါ် မူတည်ပြီး ရရှိလာမယ့် အကျိုးကျေးဇူးတွေကလည်း ကွဲပြားကြပါတယ်။

    ပက်လက်အိပ်စက်မှု

    ပက်လက်အိပ်စက်တာက ပုံမှန်အိပ်စက်နေကြ ပုံစံဖြစ်ပါတယ်။ တကယ်တမ်းအားဖြင့် ခါးနာကျင်တဲ့ဝေဒနာ ခံစားနေရသူတွေအနေနဲ့ ဒီနည်းလမ်းနဲ့ အိပ်စက်ခြင်းဟာ ဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်နေစဉ်ခဏတာ အသက်ရှူရပ်ခြင်း ဝေဒနာ (Sleep Apnea) ရှိနေရင်လည်း ဒီနည်းလမ်းနဲ့ အိပ်စက်တာကို ရှောင်ကြဉ်သင့်ပါတယ်။

    တစ်ဖက်မှာလည်း ဒီဝေဒနာတွေသာမရှိဘူးဆိုရင် ပက်လက်အိပ်စက်တာမှာ အကျိုးကျေးဇူးအများအပြား ရှိနေပါတယ်။ ဒီနည်းလမ်းနဲ့ အိပ်စက်တဲ့အခါမှာ ကျောရိုးမကြီးကို အထောက်အကူပြုစေနိုင်သလို အစာခြေစနစ်ကိုလည်း အကျိုးပြုပါသေးတယ်။

    ဘေးတိုက်အိပ်စက်မှု

    ဟောက်ခြင်းဟာ ညဘက် အိပ်စက်ရာမှာ တစ်ဖက်လူကို အကြီးအကျယ် အနှောင့်အယှက်ပေးနိုင်ပါတယ်။ အိပ်ပျော်နေသူအတွက် ပြဿနာမဟုတ်ပေမယ့် ဘေးကကြားနေရသူက အအိပ်ဆတ်သူဆိုရင်တော့ သူ့အတွက် ပြဿနာဖြစ်လာပါပြီ။ ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်လည်း Sleep Apnea ဝေဒနာ ခံစားနေရတာဖြစ်ဖို့များပြီး အိပ်စက်ချိန်မှာ အသက်ရှူလမ်းကြောင်းဆိုရင် ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။

    ဒီလိုပြဿနာကြုံနေရသူတွေအတွက် အကောင်းဆုံး အိပ်စက်မှုပုံစံက ဘေးတိုက်စောင်းအိပ်တာပါပဲ။ စောင်းအိပ်ခြင်းအားဖြင့် Sleep Apnea ကို သက်သာစေနိုင်ပြီး ဟောက်တာကိုလည်း နည်းပါးသွားအောင် လျှော့ချပေးနိုင်ပါတယ်။

    မှောက်ခုံအိပ်စက်မှု

    မှောက်လျက်အိပ်တာကတော့ အသက်ရှူလမ်းကြောင်းတွေကို ပိုမိုကျယ်ပြန့်စွာ ဖွင့်ထားစေနိုင်တာမို့ အိပ်ပျော်နေစဉ် အသက်ရှူသွင်းမှုဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ အိပ်ပျော်နေစဉ် ဟောက်သံထွက်တာဟာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုကြောင့်ဖြစ်တာမို့ ဒီနည်းလမ်းကလည်း ဟောက်သံထွက်တဲ့ ပြဿနာကို လျော့ပါးစေဖို့ ကူညီနိုင်ပါတယ်။

    ဒါပေမယ့် လည်ပင်းနာရောဂါ ရှိသူတွေ၊ နောက်ကျောနာကျင်မှု ဝေဒနာခံစားနေရသူတွေအနေနဲ့တော့ မှောက်လျက်အိပ်တဲ့ နည်းလမ်းကို ရှောင်ကြဉ်ဖို့လိုအပ်ပြီး ဒီအိပ်စက်မှုပုံစံဟာ အဆိုပါဝေဒနာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

    အိပ်စက်ခြင်းကို အနှောင့်အယှက်မဖြစ်စေဖို့ ဂရုစိုက်ပါ

    မှန်ကန်တဲ့ အိပ်စက်မှုပုံစံတွေကို ရွေးချယ်အသုံးချကာ အိပ်စက်မယ်ဆိုရင် ညဘက်တွေမှာ ကောင်းမွန်စွာအိပ်စက်နိုင်စေမှာဖြစ်သလို ကိုယ်တိုင် အလွန်ဟောက်တာမျိုး၊ နောက်ကျောနဲ့ ခါးနာကျင်တာမျိုးတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။

    အကြောင်းအမျိုးမျိုးကြောင့် အိပ်စက်မှုမှာ အနှောင့်အယှက်ဖြစ်လာပြီဆိုရင် ကျန်းမာရေးထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်မှုကို အနှောင့်အယှက်မဖြစ်စေဖို့ ဂရုစိုက်သင့်ပါတယ်။

    ဒီလို ဖြစ်စေဖို့ဆိုရင် မှန်ကန်တဲ့ အိပ်စက်မှုပုံစံနဲ့ အိပ်စက်ဖို့လည်း လိုအပ်သလို ကောင်းကောင်းအိပ်ပျော်စေဖို့ အောက်ပါအချက်တွကိုလည်း လိုက်နာဖို့ လိုအပ်မှာပါ။

    ဒါတွေကတော့

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement