စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်သော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
- သတိလစ်ခြင်း၊ ကြောက်ရွံ့ခြင်း
- စိတ်ဓာတ်ကျခြင်း
- နောင်တသံဝေဂရခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်း
- ဝမ်းနည်းကြေကွဲခြင်း
- ဒေါသထွက်ခြင်း
- စိတ်ပျက်ခြင်း၊ ငြီးငွေ့ခြင်း၊ အဓိပ္ပါယ်မဲ့ခြင်း
- ယုံကြည်မှုပျောက်ဆုံးခြင်း
- မျှော်လင့်ချက်ကင်းမဲ့ခြင်း
- စိုးရိမ်ထိတ်လန့်ခြင်း။
စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်းများ
စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်းများ ရှိပါတယ်။
- စိတ်ချရသူတစ်ဦးကို မိမိ၏စိတ်ခံစားမှု၊ အတွေ့အကြုံများ ပြောပါ။
- ပန်းချီဆွဲ၊ စာရေး၊ တေးဆို/နားထောင်ပေးပါ။
- ဆေးလိပ်၊ အရက်ကိုရှောင်ကြဉ်ပါ၊ လေ့ကျင့်ခန်းများပြုလုပ်ပါ။
- တင်းကျပ်နေသောစိတ်ကို အသက်ပြင်းပြင်းရှူ၍ ချက်ချင်းဖြေလျှော့ပါ။
- တစ်နေ့တာလုပ်ငန်းများကို အစီအစဉ်ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်ပါ။
- ခက်ခဲသည့်တာဝန်များ မထမ်းဆောင်နိုင်ပါက ပုံမှန်လုပ်ငန်းသာ ဆောင်ရွက်ပါ။
- အချိန်မှန်မှန်နှင့် ကောင်းစွာအိပ်စက်အနားယူပေးပါ။
- အာဟာရမျှတသော အစားအစာများကို သင့်တင့်မျှတစွာ စားသုံးပါ။
- အိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အခက်အခဲများရှိက မိမိမိသားစု၊ မိတ်ဆွေတွေကိုပြောပြပါ။
- စိတ်ကျန်းမာရေးဆရာဝန်ထံမှ အကြံဉာဏ်ယူပါ။
- ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မှန်ကန်စွာ မြင်နိုင်ရန် အချိန်ပေးပါ။
- စိတ်ဖိစီးမှုက သင့်ကို မလွှမ်းမိုးနိုင်စေဖို့ သင်က စိတ်ဖိစီးမှုကို ထိန်းချုပ်ရပါမယ်။
သင်ကိုယ်တိုင်ကလည်းစိတ်ဖိစီးနေသူတွေကိုပြန်လည်ကူညီနိုင်ပါတယ်။
ဘေးအန္တရာယ်တစ်ခု(ဥပမာ၊ မုန်တိုင်း၊စစ်ပွဲ စသည်) ရင်ဆိုင်ခဲ့ရသူတွေကို အောက်ပါနည်းလမ်းတွေနဲ့ကူညီနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။