- စိတ်ထဲမှာ တင်းကြပ်နေမယ်
- ငိုချင်သလိုလို ဖြစ်လာမယ်
- အိပ်လို့လည်း မပျော်တော့ဘူး
- မဖြစ်သေးတဲ့ ကိစ္စတွေကို စိုးရိမ်လာမယ် စတာတွေ ခံစားရပါမယ်။
ဘယ်လိုကျော်လွှားကြမလဲ။
အသက်ကို ရှည်ရှည်ရှူသွင်း၊ ရှည်ရှည်ရှူထုတ်ပါ။ ဒါက စိတ်ကို တည်ငြိမ်စေပြီး လက်ရှိအချိန်ကိုပဲ အာရုံစိုက်မိစေပါတယ်။ ၄စက္ကန့်ကြာအောင် ရင်ဘတ်နဲ့ အပြည့်ရှူပါ။ တစ်စက္ကန့်လောက် အောင့်ထားပါ။ ပြီးရင် ၄စက္ကန့်ကြာအောင် ပါးစပ်ကနေ လေကို ရှူထုတ်ပါ။
- စိတ်လှုပ်ရှားနေတယ်ဆိုတာကို လက်ခံလိုက်ပါ။
ငါ စိတ်လှုပ်ရှားနေတာ၊ ဒါက ခဏပဲ၊ တော်ကြာဆို သက်သာသွားမှာဆိုပြီး စိတ်လှုပ်ရှားနေတာကို လက်ခံလိုက်ပါ။ ဒါက ပိုလက်တွေ့ကျပြီး ထိပ်တိုက်ရင်ဆိုင်လိုက်တဲ့အတွက် စိတ်ထဲမှာ တင်းနေတာတွေ လျော့သွားပါလိမ့်မယ်။
ဘေးပတ်ဝန်းကျင်မှာ လူရှုပ်ပြီး ဆူညံနေရင် စိတ်လှုပ်ရှားတာ ထိန်းရခက်ပါတယ်။ ဒါကြောင့် ခဏလောက် မျက်လုံးမှိတ်ထားပါ။ မျက်လုံးမှိတ်ထားပြီး ခုနကပြောတဲ့ အသက်ရှူလေ့ကျင့်ခန်းကို လိုက်လုပ်ကြည့်ပါ။
တရားထိုင်ခိုင်းတာက အာရုံကို စုစည်းနိုင်ဖို့ပါ။ တချို့သော စိတ်လှုပ်ရှားမှုတွေက မဖြစ်သေးတာကို ကြိုတွေးပြီး ကြိုကြောက်ရာက အစပြုလာတာပါ။ တရားထိုင်လိုက်တာက စိတ်နဲ့ ကိုယ်နဲ့ ပြန်ကပ်ပြီး လက်ရှိအခြေအနေကိုပဲ အာရုံစိုက်မိစေပါတယ်။
ကသိုဏ်းရှုသလိုပေါ့။ စိတ်လှုပ်ရှားလာရင် တခြားဟာတွေ လျှောက်မတွေးမိအောင် အရာဝတ္ထုတစ်ခုခုကို အာရုံစိုက်ပြီး ကြည့်လိုက်ပါ။ ဒီအရာဝတ္ထုက ဘယ်လိုပုံစံလဲ၊ ဘာအရောင်လဲ စသဖြင့်ပေါ့။ ဥပမာ စင်ပေါ်မှာ စကားပြောရမှာ စိတ်လှုပ်ရှားနေတယ်ဆိုရင် လူတွေကို မကြည့်ဘဲ ခပ်ဝေးဝေးက နံရံတို့၊ နာရီတို့ကို ကြည့်ပြီး အာရုံစိုက်ထားလို့ ရပါတယ်။
အသက်ရှူလေ့ကျင့်ခန်းလိုပဲ ဒီနည်းကလည်း စိတ်ကို တည်ငြိမ်စေပါတယ်။ တစ်ကြိမ်မှာ ကြွက်သား တစ်ခုလောက်ကိုပဲ ကြိုးစားပြီး စလျှော့ကြည့်ပါ။ ရလဒ်တစ်ခု ရလာမှာပါ။
- ပျော်စရာတွေကို မြင်ယောင်ကြည့်ပါ။
စိတ်တွေ သိပ်လှုပ်ရှားနေပြီဆိုရင် အရင်က ပျော်စရာကောင်းတာတွေကို ပြန်မြင်ယောင်ကြည့်ပါ။ ဒါမှမဟုတ်လည်း ရှုခင်းကောင်းတဲ့ နေရာတွေ၊ ပန်းခြံတွေ၊ ကမ်းခြေတွေလိုမျိုးပေါ့။ စိတ်ပျော်စေမယ့် မြင်ကွင်းတွေကို မြင်ယောင်ကြည့်ပါ။
- လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။
စိတ်လှုပ်ရှားရင် ဘာမှ မလုပ်ချင်တာ မှန်ပေမယ့် အားတင်းပြီး ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေး တစ်ခုခု လုပ်ကြည့်ပါ။ လက်လွှဲပြီး လမ်းလျှောက်တာဖြစ်ဖြစ်၊ ခပ်ရွရွပြေးတာဖြစ်ဖြစ် လုပ်ကြည့်ပါ။ ပျော်ရွှင်ခြင်းဟော်မုန်း အန်ဒိုဖင်းထွက်လာပြီး နေလို့ကောင်းပါလိမ့်မယ်။
- ကိုယ့်ကိုယ်ကို စကားပြောပါ။
အသံတိုးတိုးလေးနဲ့ ‘ ငါလုပ်နိုင်တယ်၊ ငါဘာမှမဖြစ်ဘူး၊ ဒါက ခဏပဲ၊ ပြီးရင် ပြီးသွားမှာ’ စသဖြင့် ကိုယ့်ကိုယ်ကို စကားပြောပြီး အားပေးပေးပါ။ စိတ်ထဲမှာ ငြွမ်သွားတဲ့အထိ ထပ်ခါထပ်ခါပြောပေးလို့ ရပါတယ်။
ကိုယ်က ခဏခဏ ဖြစ်တတ်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး စိတ်ငြိမ်ဆေးတွေ ဆောင်ထားလို့ရပါတယ်။ စွဲတော့ မသောက်စေချင်ပါဘူး။ သောက်ပုံသောက်နည်းကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ လိုပါတယ်။
ဒီနည်းလမ်းတွေကို သုံးပြီး စိတ်လှုပ်ရှားမှုတွေကို ကောင်းကောင်းကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။