backup og meta

ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။

    ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။ ရေခဲမုန့်တို့ အိုက်စ်ကရင်း တို့ဆိုတာ လူတိုင်း သည်းခြေကြိုက်ကြတဲ့ အစားအသောက်တစ်ခုပါ။ မကြိုက်တဲ့သူ အင်မတန်မှ ရှားလောက်အောင် နာမည်ကြီးလူကြိုက်များကြတဲ့ အချိုပွဲတစ်ခုပါ။ ဒီလူတိုင်း ကြိုက်ကြတဲ့ အိုက်စ်ကရင်းကို သင့်ကိုယ်ခန္ဓာက မကြိုက်ဘူးဆိုရင်တော့။ ဘာလို့လဲ ၊ ရေခဲမုန့်က သင့်ကိုယ်ခန္ဓာကို ဘယ်လိုတွေ ဒုက္ခပေးလို့လဲ။

    ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။

    ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါဘူးလို့ ပြောရတာက ဒီအချက်လေးတွေကြောင့်ပါ။

    ရေခဲမုန့်ကြောင့် သင် အဝလွန်ခြင်း ဖြစ်နိုင်ပါတယ်။ 

    ရေခဲမုန့်တစ်ခွက်ဖြစ်လာဖို့ သကြားတွေ၊ နို့တွေအများကြီးနဲ့ ဖန်တီးထားရတာကြောင့် ရေခဲမုန့်တစ်ခွက်မှာ ကယ်လိုရီများစွာ ပါဝင်ပါတယ်။ ဒီလို ခွက်သေးသေးလေးတစ်ခွက်ထဲမှာ ပါဝင်တဲ့ ကယ်လိုရီက များလွန်းတာကြောင့် ရေခဲမုန့်များများစားလေ ကယ်လိုရီတွေ ကိုယ်ခန္ဓာထဲများများဝင်လေ ပိုဝလာလေလေပါပဲ။

    သကြားဓာတ်ပါဝင်မှု မြင့်ပါတယ်။ 

    ရေခဲမုန့်ရဲ့ အရသာကိုတည်းက ချိုချိုလေးဖြစ်တာကြောင့် သကြားတွေ အများကြီးပါမယ်ဆိုတာ ပြေးကြည့်စရာတောင် မလိုတာကြောင့် များများစားလေ ဆီးချိုရောဂါဖြစ်နိုင်ချေ ပိုများလေလေပါပဲ။ ဒါကြောင့် ဆီးချို ဝေဒနာရှင်တွေ ရှောင်စားသင့်တဲ့ အစားအစာတွေထဲမှာ ရေခဲမုန့်က ထိပ်ဆုံးကပါ။

    ဗိုက်မှာ အဆီစုခြင်းကို အများဆုံးဖြစ်စေတဲ့ တရားခံပါ။ 

    ရေခဲမုန့်ဆိုတာ crab လို့ခေါ်တဲ့ ကာဘိုဟိုက်ဒရိတ်တွေ အများကြီးပါတဲ့ အစားအသောက်တစ်ခုပါ။ ကိုယ်တွင်းကို အများကြီးဝင်လာတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို ကိုယ်ခန္ဓာက အသုံးမလိုသေးတဲ့အခါ အဆီအဖြစ် စုထားတတ်ပါတယ်။ အထူးသဖြင့် ဗိုက်မှာ စုထားတတ်တာကြောင့် ရေခဲမုန့် များများစားလေလေ သင့်ဗိုက်အဆီများလာလေလေ ဖြစ်မှာ အသေအချာပါ။

    နှလုံးရောဂါဖြစ်နိုင်ခြေပိုများပါတယ်။

    ပြည့်ဝဆီ ပါဝင်မှု မြင့်မားပြီး ကိုလက်စရောများတဲ့ အစားအသောက်တစ်ခုဖြစ်တာကြောင့် နှလုံးသွေးကြောကျဉ်းြင်းကို ထိပ်ဆုံးက ဖြစ်စေနိုင်ပြီး နှလုံးရောဂါဖြစ်ပွားမှုကို မြင့်တက်စေတဲ့အစားအသောက် တစ်ခုပါ။

    ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေပါတယ်။ 

    များပြားလှတဲ့ သကြားတွေရယ်၊ ပြည့်ဝဆီတွေရယ် ကိုလက်စရောတွေကြောင့် သွေးကြောတွေ ထိခိုက်ပြီး ဦးနှောက်ဆီကို သွေးတွေ လုံလုံလောက်လောက် မရောက်နိုင်တော့ပါဘူး။ ဒီလိုနဲ့ မှတ်ဉာဏ်ပိုင်းနဲ့ ဦးနှောက် စွမ်းဆောင်ရည်တွေ ကျဆင်းလာပါတယ်။

    လေထိုးလေအောင့်တာကို ဖြစ်စေပါတယ်။

    ပါဝင်တဲ့ ပြည့်ဝဆီတွေကို အစာခြေစနစ်က ချေဖျက်ရတဲ့ အချိန်ကြာနေတတ်ပြီး gas တွေ အများကြီးထွက်စေလို့ ရေခဲမုန့်က လေထိုးလေအော့င် ဖြစ်စေတဲ့ အစားအသောက်တစ်ခုပါ။

    လေးလံ ထိုင်းမှိုင်းစေပါတယ်။

    ပါဝင်တဲ့ သကြားတွေကြောင့် ချိုအီနေတဲ့ ရေခဲမုန့် တစ်ခွက်က သင့်ကို လေးလံထိုင်းမှိုင်းစေမှာ အသေအချာပါ။

    စွဲလန်းစေတဲ့ အရာတစ်ခုပါ။

    မူးယစ်ဆေးလည်း မဟုတ်၊ အရက်တို့ ဆေးလိပ်တို့လည်း မဟုတ်ဘဲနဲ့ သင့်ကို မစားရမနေနိုင်အောင် စွဲလမ်းစေတာ ရေခဲမုန့် တစ်ခုပဲ ရှိပါတယ်။ ရေခဲမုန့်စားပြီးလို့ ကြိုက်သွားပြီဆို ဘယ်သူရေခဲမုန့်ကို ငြင်းနိုင်သေးလို့လဲ။

    ဒီလို သင့်ကိုယ်ခန္ဓာကို ပြဿနာတွေ အများကြီးပေးနိုင်မှန်း သိထားတော့ ချင့်ချိန်လို့ ရတယ်လေနော်။ ရေခဲမုန့်ကို ဘယ်သူမှတော့ မစားဘဲ လုံးဝ ကင်းကွာ မနေနိုင်ကြတာကြောင့် သင့်တင့်တဲ့ ဘောင်အတွင်းကသာ စားကြပါလို့ အကောင်းဆုံး အကြံပေးချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement