ဆယ်ကျော်သက်အရွယ်၊ လူငယ်ဘဝမှာ အသက်ကြီးကြီး သို့မဟုတ် ရွယ်တူ အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရတာ၊ လျစ်လျူရှုခံရတာ၊ အလိုမတူဘဲ မုဒိမ်းကျင့်ခံရတာတွေကြောင့် စိတ်ဒဏ်ရာအနေနဲ့ အမျိုးသမီးတွေအပေါ် ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်းလက္ခဏာတွေ ပြလာတတ်ပါတယ်။
ဆရာဝန်နဲ့ ပြဖို့လိုအပ်လား။
ဖိုးဘီးယားဆိုတာ နေ့စဉ်လူမှုဘဝကို ကောင်းကောင်းကြီးဒုက္ခပေးနိုင်တဲ့ ပုံမှန်မဟုတ်တဲ့ ကြောက်ရွံ့စိတ်ဖြစ်ပါတယ်။ တခြားအရာတွေနဲ့ မတူဘဲ လူ့ဘဝကြီးက နေ့စဉ် အမျိုးသားတွေရော၊ အမျိုးသမီးတွေနဲ့ ထိတွေ့ဆက်ဆံနေရတာ ဖြစ်တာကြောင့် ဝေဒနာရှင်ရဲ့ စိတ်ထဲမှာလည်း တော်တော်လေးကို အနေရကြပ်နေမယ်။ လူ့ပတ်ဝန်းကျင်မှာလည်း တခြားသူတွေ ပြောစရာ၊ အထင်သေးစရာ ကိစ္စတစ်ခုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ တခြားသူတွေလိုမျိုးမဟုတ်ဘဲ အမျိုးသမီးတွေအပေါ် ပုံမှန်ထက်ပိုတဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်နေတယ်ဆိုရင် စိတ်ဆရာဝန် သို့မဟုတ် စိတ်ရောဂါကုထုံး ပညာရှင်တွေနဲ့ တိုင်ပင်ပြသကြည့်ဖို့ လိုအပ်ပါတယ်။
ဘယ်လိုကုထုံးတွေနဲ့ ကုသမှုခံယူမလဲ။
လူမှုရေးရာဆိုင်ရာ ကြောက်ရွံ့မှုကို အခြေခံတဲ့ စိတ်ဝေဒနာဖြစ်တာကြောင့် ဒီကြောက်ရွံ့မှုနဲ့ပတ်သက်ပြီး ဝေဒနာရှင်ရဲ့ စိတ်ကိုထိန်းချုပ်နိုင်ဖို့၊ ကြောက်ရွံ့မှုကို ကျော်လွှားဖို့ စိတ်ကုထုံးတွေနဲ့ ကုသမှုခံယူရမှာဖြစ်ပါတယ်။ အစပိုင်းမှာ စိတ်ပညာရှင်တွေအနေနဲ့ ဝေဒနာရှင်ရဲ့ ဘဝဇာတ်ကြောင်း၊ အတိတ်မှာဖြစ်ဖူးတဲ့ အဖြစ်အပျက်တွေ၊ ဝေဒနာရှင်ရဲ့ လက်ရှိဖြစ်နေတဲ့ စိတ်ခံစားချက်အခြေအနေ၊ မိသားစု၊ အချစ်ရေး စတာတွေကို မေးမြန်းမှာဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေကို သုံးသပ်ပြီးသွားတဲ့အခါမှာ စိတ်ကုထုံးဖြင့် စတင်ကုသပေးသွားမှာပါ။ ဒီကုထုံးတွေထဲမှာတော့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။