ညီမငယ်တို့ သိထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 15, 2020 . 2 mins read
Share now

သားအိမ်ခေါင်းကင်ဆာ အကြောင်း ညီမငယ်တို့ ကြားဖူးကြမှာပေါ့။ မိန်းကလေးတွေအတွက် သိပ်ကို အဖြစ်များပြီး အန္တရာယ်များတဲ့ ဒီရောဂါကို ကြိုတင် ကာကွယ်လို့ ရတယ်ဆိုတာရော သိထားပြီးပြီလား။

ဒီအကြောင်းကို ပြောပြချင်လို့ Cervarix ကာကွယ်ဆေးကို ဥပမာပေး ရှင်းပြသွားပါမယ်နော်။

Cervarix

Cervarix ဆိုတာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်အမျိုးအစားတွေ ဖြစ်တဲ့ HPV 16 နဲ့ HPV 18 တို့ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။Cervarix ကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၂၅ နှစ်အတွင်း မိန်းကလေးတွေမှာ ထိုးပေးနိုင်ပါတယ်။

HPV ကူးစက်ခံရတာက အဖြစ်များကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုက တဆင့် ကူးစက်နိုင်တဲ့ရောဂါပိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အမျိုးသမီးတိုင်းမှာ သားအိမ်ခေါင်းကင်ဆာ မဖြစ်နိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ တခြားအကြောင်းရင်းတွေ ရှိနိုင်ပါသေးတယ်။

Human papillomavirus (HPV) ဗိုင်းရပ်စ်က လိင်အင်္ဂါကြွက်နို့သားအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာ၊ အပြင်ယောနိမှာ ဖြစ်တဲ့ ကင်ဆာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

Cervarix ကို ဘာအတွက် အသုံးပြုကြသလဲ

HPV စစ်ဆေးမှု သို့မဟုတ် Pap Test (သားအိမ်ခေါင်းချွဲမြှေးယူစစ်ဆေးမှု) တို့လုပ်ဆောင်ပြီး ရောဂါပိုးကူးစက်ခံခြင်း မရှိရင် Cervarix ကို ထိုးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးက HPVကြောင့်ဖြစ်တဲ့ တခြားကင်ဆာရောဂါတွေကို မကုသနိုင် သလို HPV ကူးစက်ခံရပြီးသူတွေကိုလည်း ကုသနိုင်မှာမဟုတ်ပါဘူး။

Cervarix ကHPV အမျိုးအစား 16 နဲ့ 18 တို့ကြောင့်ဖြစ်တဲ့ရောဂါတွေကိုပဲ ကာကွယ်နိုင်တာဖြစ်ပြီး HPVကြောင့်ဖြစ်တဲ့ တခြားရောဂါတွေကို မကာကွယ်နိုင်ပါဘူး။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးသင့်သလဲ၊ ဘယ်အချိန်မှာလဲ

HPV ကာကွယ်ဆေးကို ထိုးသင့်တယ်လို့ အကြံပြုကြတဲ့အသက်အရွယ်ကတော့ အသက် ၁၁ နှစ်- ၁၂နှစ်အရွယ် မိန်းကလေးတွေဖြစ်ပါတယ်။ အသက် ၉နှစ်ကစပြီးလည်း ထိုးနိုင်ပါတယ်။

ဒီအသက်အရွယ်ပိုင်းမှာ ကာကွယ်ဆေးထိုးဖို့လိုအပ်ရတဲ့အကြောင်းရင်းကတော့ ဆေးမထိုးခင်မှာ ဒီရောဂါပိုး ကူးစက်ခံရပြီးသူတွေမဖြစ်စေဖို့မိန်းကလေးတွေမှာ တစ်ခါမှလိင်မဆက်ဆံရသေးတဲ့သူ ဖြစ်ဖို့လိုတာကြောင့်ပါ။

မိန်းကလေးငယ်တစ်ယောက် သို့မဟုတ် အမျိုးသမီးတစ်ယောက်မှာ ဒီဗိုင်းရပ်စ်ကူးစက်ခံရပြီးသားဖြစ်နေရင် ကာကွယ်ဆေးက သိပ်ပြီးအကျိုးထူးမှာမဟုတ်လို့ဖြစ်ပါတယ်။

ငယ်ငယ်တုန်းက မထိုးခဲ့ရတဲ့သူတွေ အနေနဲ့လည်း အသက် ၁၃ နှစ်နဲ့ ၂၆ နှစ်အတွင်း မိန်းကလေးတွေ ကာကွယ်ဆေးထိုးလို့ရသေးတယ်လို့ သိရပါတယ်။

HPV ကာကွယ်ဆေးထိုးတဲ့အခါ အဆင့် ၃ ဆင့်ရှိပါတယ် –

  • ပထမအကြိမ်
  • ဒုတိယအကြိမ် (ပထမဆေးထိုးပြီး ၁လ သို့မဟုတ် ၂လအကြာ)
  • တတိယအကြိမ် (ပထမဆေးထိုးပြီး ၆ လအကြာ)

HPV ကာကွယ်ဆေးထိုးတဲ့ အချိန်မှာ တခြားကာကွယ်ဆေးတွေလည်းထိုးနိုင်ပါတယ်။

HPV ကာကွယ်ဆေးကို မထိုးသင့်တဲ့လူတွေ သို့မဟုတ် ဆေးထိုးဖို့ အချိန်စောင့်ဆိုင်းသင့်တဲ့သူတွေကတော့ –

  • HPV ကာကွယ်ဆေးရဲ့ပါဝင်ပစ္စည်းတစ်ခုခုနဲ့အသက်အန္တရာယ်ရှိလောက်အောင် ဓါတ်မတည့်မှုဖြစ်ခဲ့ဖူးသူတွေ ဒါမှမဟုတ်HPV ကာကွယ်ဆေးထိုးခဲ့စဉ်က ဓါတ်မတည့်မှုပြင်းထန်ခဲ့သူတွေ (latex ဓါတ်မတည့်မှုအပါအဝင် ကိုယ့်မှာ ပြင်းထန်တဲ့ဓါတ်မတည့်မှုတစ်ခုခုရှိရင် ဆရာဝန်ကိုပြောပြပါ)
  • ဒီကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထိုးလို့မရပါဘူး။ ဒါပေမယ့်ကလေးနို့တိုက်မိခင်တွေတော့ ထိုးလို့ရပါတယ်။
  • ကာကွယ်ဆေးထိုးဖို့စီစဉ်ထားချိန်မှာ အနည်းငယ်နေမကောင်းဖြစ်နေတဲ့သူတွေလည်းဆေးထိုးလို့ရနိုင်ပါတယ်။တော်တော်လေးနေမကောင်းသူ၊ပြင်းထန်သူတွေကတော့နေကောင်းလာတဲ့အထိစောင့်သင့်ပါတယ်။

ကာကွယ်ဆေး ထိုးတဲ့အခါ

ဒီ Cervarix ဆေးကို လက်မောင်းကြွက်သားမှာထိုးပေးတာဖြစ်ပြီး သုံးကြိမ်ထိုးရပါတယ်။ ပထမအကြိမ်ကို အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ဘယ်အချိန်မှာထိုးခဲ့ပါစေ၊ ထိုးပြီး ၁ လအကြာမှာ ဒုတိယအကြိမ်ထပ်ထိုးရပါတယ်။ ပထမဆေးထိုးပြီး ၆ လအကြာမှာတော့နောက်ဆုံးတစ်ကြိမ်ဆေးထိုးရတာဖြစ်ပါတယ်။

ဒီအဆင့်အတိုင်းမပျက်မကွက်ဆေးထိုးဖို့တော့လိုပါတယ်။ မဟုတ်ရင်ရောဂါကာကွယ်နိုင်စွမ်း အပြည့်အဝမရရှိနိုင်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရောဂါပိုးတွေ ပြန့်ပွားနေချိန် သင့်ကလေး ခုခံအားကို မြှင့်တင်ပါ။

ရောဂါပိုး ခုခံအား အာဟာရ ဖြည့်စွက်အာဟာရ မိခင်နို့ ဖြည့်စွက်စာ အိပ်ရေးဝဝ လေ့ကျင့်ခန်း ကာကွယ်ဆေး လက်ဆေး နှာခေါင်းစည်း ဆေးလိပ်ငွေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကလေး ငယ်ငယ် ရှိတဲ့အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်း တချို့

ကလေး ကလေးငယ်ငယ် ကလေးငယ် မိဘ သတိထားစောင့်ကြည့်ခြင်း ကလေးပြုစုစောင့်ရှောက်ခြင်း ကလေးကျန်းမာရေး အန္တရာယ် ထိန်းကျောင်းမှု အိမ်သုံးပစ္စည်း လျှပ်စစ်ပစ္စည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကင်ဆာဝေဒနာဆိုးကို ကျော်လွှားပြီးသည့်နောက်

ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ အရေပြားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ကုထုံး၊ ကိုယ်အလေးချိန်၊ လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အသက်ရှင်နှုန်းများတဲ့ ကင်ဆာရောဂါ များ

ကင်ဆာရောဂါ အသက်ရှင်နှုန်း 5 years survival rates ရင်သားကင်ဆာ ဆီးကျိတ်ကင်ဆာ သားအိမ်ခေါင်းကင်ဆာ သိုင်းရွိုက်ကင်ဆာ မှဲ့ကင်ဆာ ဝှေးစေ့ကင်ဆာ Hodgkin lymphoma

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကာကွယ်ထားသင့်သော ဆုံဆို့နာရောဂါ

ကာကွယ်ထားသင့်သော ဆုံဆို့နာရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 16, 2020

တုပ်ကွေးကို ဘယ်လို ကာကွယ်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 15, 2020
မိုးကြိုး အန္တရာယ် ဘယ်လို ကာကွယ်ရမလဲ

မိုးကြိုး အန္တရာယ် ဘယ်လို ကာကွယ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 12, 2020
ကောင်းမွန်သောအာဟာရ နှင့် ကောင်းမွန်သောခုခံအားစနစ်၏ ဆက်စပ်မှု

ကောင်းမွန်သောအာဟာရ နှင့် ကောင်းမွန်သောခုခံအားစနစ်၏ ဆက်စပ်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 11, 2020