ခံတွင်းအနာ ပျောက်ကင်းအောင်ဘယ်လိုကုသမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 1 min read
Share now

ခံတွင်းအနာအများစုဟာ ၁၀ရက် ၁၄ရက်အတွင်း သူ့ဘာသာအနာကျက်သွားတဲ့အတွက် သီးသန့်ကုသစရာမလိုပါ။ ဒါပေမယ့် ခံတွင်းအနာဆိုးဆိုးရွားရွားနှင့် အရမ်းနာကျင်နေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ (ဥပမာ- အစားစားသောက်ခြင်း) ကိုအနှောင့်အယှက်ပြုပြီဆိုရင်တော့ ကုသမှုခံယူရမှာဖြစ်ပါတယ်။ အကယ်၍ခံတွင်းအနာဟာ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်တယ်လို့ထင်ရင်တော့အထူးကုဆရာဝန်ဆီမှာ ဆက်လက်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။

ကိုယ်တိုင်ပြုလုပ်နိုင်သော နည်းလမ်းများ

ခံတွင်းအနာလေးရှိရုံမျှရှိတယ်ဆိုရင် မြန်မြန်ဆန်ဆန်ကျက်စေဖို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အဆင့်တွေရှိပါတယ်။

• သွားတိုက်တဲ့အခါသွားပွတ်တံအပျော့စားကို အသုံးပြုပါ။

• ခံတွင်းအနာမကျက်မချင်း မာကြောပြီး အပူအစစ်များသော အက်စစ်ပမာဏများသော အစားအသောက်များကို ရှောင်ကြဉ်ပါ။ ကြေညက်စွာဝါးရလွယ်သော အစားအစာပျော့ပျော့လေးများကိုသာ စားသုံးပါ။

• သင့်ကိုစိတ်ကျေနပ်ဖွယ် စိတ်အပန်းဖြေဖွယ်ပေးနိုင်သော အားကစားများ (ဥပမာ-ယောဂ၊ တရားထိုင်ပြီး (သို့) လေ့ကျင့် ခန်းပြုလုပ်ခြင်း) များနှင့် စိတ်ဖိစီးမှုကို လျှော့ချပါ။

• စိတ်ဖိစီးမှုလျော့ကျစေရန် စိတ်သက်သာရစေသော နည်းလမ်းများကို ရှာဖွေဖတ်ရှုပါ။

ချွန်ထက်သောသွား (သို့) ချွန်ထက်သော စားကြွင်းစားကျန်များကြောင့် ခံတွင်းအနာဖြစ်ခဲ့ရင် ၎င်းအရာများကို ဖယ်ရှားနိုင်ရင် ပါးစောင်အတွင်းကျန်ရှိနေခဲ့သည့် ခံတွင်းအနာဟာ သူ့အလိုလို သဘာဝအလျောက် သက်သာပျောက်ကင်း သွားစေနိုင်ပါတယ်။ ဒီလိုဖယ်ရှားဖို့ရင် သင့်ရဲ့သွားဆရာဝန်ထံသွားရောက်ပြီး ကုသမှုခံယူပါ။

ဆေးကုသမှု ခံယူခြင်း

လိုအပ်ရင် သင်ခံစားနေရတဲ့ ရောဂါလက္ခဏာများ ပျောက်ကင်းသက်သာစေဖို့အတွက် သင့်ရဲ့ဆရာဝန် (သို့) သွားဆရာ ဝန်ထံမှာ ကုသမှုခံယူပါ။
သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ဆီမှာ တိုင်ပင်မေးမြန်းပြီး ဆေးကုသမှုမှတ်တမ်းမပါဘဲ သင့် အတွက် အကောင်းဆုံးဖြစ်စေမယ့် အချို့သော ခံတွင်းအနာပျောက်ဆေးများကို ဝယ်ယူလို့ရပါတယ်။ အချို့သောကုသမှုများဟာ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နေသူများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်လိုချင်သူများအတွက် မသင့်လျော်ပါ။ ခံတွင်းအနာပျောက်ကင်းစေတဲ့ အဓိကကုသမှုနည်းလမ်းများဟာ အတိုင်းအတာတစ်ခုအထိသာ ဖြစ်ပါ တယ်။ ယခုတစ်ကြိမ် ပျောက်ကင်းသွားစေနိုင်ပေမယ့်လည်း နောက်တစ်ကြိမ် ထပ်မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်စွမ်းမရှိပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    သင်ထင်မထားတဲ့ ငှက်ပျောရွက်ရဲ့ အကျိုးအာနိသင်

    ငှက်ပျောရွက် ဆေးဖက်ဝင် ချောင်းဆိုးရင်ကြပ် နာကျင်ရောင်ရမ်းမှု ပျားရည် အအေးမိဖျားနာ အသားအရေ ထိခိုက်ဒဏ်ရာတွေ ခံတွင်းအနာ အစာခြေစနစ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    အစားအစာတွေကို ငှက်ပျောရွက်နဲ့ထုပ်ပိုးသင့်တဲ့ အကြောင်းအရင်း

    ပလပ်စတစ် အစားအစာတွေ ငှက်ပျောရွက် ကင်ဆာ နှလုံးရောဂါ အစားစားချင်စိတ် အာဟာရ အူ အစာအိမ် ကိုယ်ခံအား ကျောက်ကပ် ဆီးလမ်းကြောင်းပြဿနာတွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    သွားနှင့်ခံတွင်း ကျန်းမာရေး ချို့ယွင်းကြောင်းပြနေတဲ့ အချက် ၇ ချက်

    သွားနဲ့ ခံတွင်းကျန်းမာရေးဆိုတာ တကယ်ကို အရေးတကြီး ဂရုစိုက်ဖို့လိုတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances

    အမူအကျင့်မှားတွေကြောင့် ဖြစ်လာတတ်တဲ့ ခံတွင်းရောဂါ (၅) မျိုး

    ပါးစပ်အနာ သွားပိုးစားခြင်း သွားကျန်းမာရေး သွားပွတ်တံ သွားဖုံးရောဂါ ခံတွင်းနံ့ဆိုးခြင်း အမူအကျင့်မှားများ ခံတွင်းရောဂါများ သွားနဲ့ခံတွင်းကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သင့်အတွက် ရွေးချယ်ထားသည်

    သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ ဖြစ်နိုင်သလဲ

    သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ ဖြစ်နိုင်သလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read
    မုန့်ဖုတ်ဆိုဒါ ကပေးတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိူးများ

    မုန့်ဖုတ်ဆိုဒါကပေးတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိူးများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 14, 2020 . 2 mins read
    ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

    ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020 . 1 min read
    ကျန်းမာရေးနဲ့ဇင့်

    ကျန်းမာရေးနဲ့ဇင့်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 6, 2019 . 2 mins read