ခံတွင်းသန့်စင်ဆေးရည် နဲ့ ဆေးသင့်၊မဆေးသင့်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကျွန်ုပ်တို့အားလုံးသည် မွှေးပျံ့ချစ်ခင်ဖွယ်ကောင်းသောခံတွင်းရနံ့ကို နှစ်သက်ကြပါသည် ။ နေ့စဉ်ခံတွင်းကျန်းမာသန့်ရှင်းရေးအတွက် သွားတိုက်ခြင်းနှင့် သွားပွတ်ကြိုးဖြင့် သွားကြားထဲရှိအစာများကို သန့်ရှင်းခြင်းက လိုအပ်တယ်ဆိုတာကိုတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် ခံတွင်းဆေးခြင်းကလည်း လိုအပ်တယ်ဆိုတာကိုတော့ ကျွန်ုပ်တို့ တော်တော်များများ မသိကြပါဘူး။ ခံတွင်းဆေးခြင်းက ခံတွင်းရနံ့ကို ပြောင်းလဲစေရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

ခံတွင်းသန့်စင်ဆေးရည် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

သွားပေါက်များမဖြစ်အောင် ကာကွယ်ခြင်း

ဖလိုရိုက်ဒ် (Fluoride ) ပါသော ခံတွင်းသန့်စင် ဆေးရည်ကတော့ သွားပေါက်များ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွားမျက်နှာပြင်သည် အညစ်အကြေးနှင့် ကပ်ညှိနေသောအခါ ဖလိုရိုက်ဒ်ဓါတ်သည် သွားမျက်နှာပြင်ထဲသို့ စိမ့်ဝင်သွားပြီး အပေါ်ယံကြွေလွှာကို အား ဖြည့်ပေးပါတယ်။

သွားဖုံးရောဂါများ မဖြစ်အောင် ကာကွယ်ပေးခြင်း

သွားဖုံးနှင့် သွားဖုံးပေါက် များသည် သွားကြားထဲရှိ အစာများ ကြောင့် ပျက်စီးနိုင်ပါတယ်။ အယ်လ်ကိုဟော (သို့) ကလိုဟက်စီဒင်း (chlorhexidine) ပါသော ခံတွင်းဆေးရည်ဖြင့် ဆေးခြင်းဟာ ရောဂါပိုးမွှားကို သေစေနိုင်ပြီး သွား၊ သွားဖုံးနှင့် ပတ်သက်သောရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

လတ်ဆတ်သော ခံတွင်းရနံ့

ခံတွင်းဆေးရည်သုံးခြင်းဟာ ခံတွင်းရနံ့ဆိုးခြင်းကိုတော့ ခဏတာ သက်သာစေနိုင်ပါတယ်။ ခံတွင်းဆေးရည်များကို မိမိလိုချင်သော ရနံ့မျိုးစုံဖြင့် စတိုးဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ လူကြိုက်အများဆုံးကတော့ ပူရှိန်းပါသော ခံတွင်းဆေးရည် ဖြစ်ပြီး ၎င်းသည် ခံတွင်းနံ့ဆိုးခြင်းကို အဓိကဖြစ်စေသော ရောဂါပိုးမွှားများကို သေစေနိုင်ပါတယ်။

သွားတိုက်ခြင်း၊ ခံတွင်းဆေးခြင်း၊ သွားကြားရှိအစာများကို ရှင်း ခြင်း၊ ဘယ်အရာကိုအရင်ဆုံး လုပ်သင့်ပါသလဲ။

ဘယ်အရာကို အရင်ဆုံးလုပ်မလဲဆိုတာ အရေးမကြီးပါဘူး။ ၎င်းတို့ကို နေ့စဉ်ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် တူညီသောအကျိုးကျေးဇူးရမှာပါ။ သို့သော်လည်း လူအများစုသည် သွားမျက်နှာပြင် သန့်ရှင်းအောင် သွားအရင်တိုက်ပြီးမှသာ သွားကြားထဲရှိ အစာများကို ရှင်းလင်းလေ့ရှိပါတယ်။ ထို့ နောက် ခံတွင်းဆေးရည်ကို အသုံးပြုပါတယ်။ သို့သော်လည်း ခံတွင်းဆေးရည်တွင် ဖော်ပြထားသော အသုံးပြုပုံကြည့်ရှုပြီးမှ သာ ဘယ်လိုအသုံးပြုမလဲဆိုတာ သိနိုင်ပါတယ်။

ကလေးများကလည်း ခံတွင်းဆေးရည် အသုံးပြုနိုင်ပါသလား။

ယေဘူယျအားဖြင့် (၆)နှစ်အောက် ကလေးငယ်များအတွက် ခံတွင်းဆေးရည်သည် မသင့်လျော်ပါဘူး။ အထူးသဖြင့် ဖလိုရိုက်ဒ် (fluoride) ပါသော ခံတွင်းဆေးရည်သည် ကလေးငယ်များ ကြိုက်နှစ်သက်ကာ မျိုချတတ်သောအရာဖြစ်သည်။ ထို့ ကြောင့် ခံတွင်းဆေးရည်တွင်ပါဝင်သောသ သတိပြုရန် အညွှန်းနှင့် အသက် သတ်မှတ်ချက် အညွှန်းများကို စစ်ဆေးသင့်သည်။

ခံတွင်းသန့်စင်ဆေးရည်တွင် ဘာကိုကြည့်ရှုသင့်သလဲ။

ခံတွင်းဆေးရည်ဝယ်ရာတွင် အရေးကြီးဆုံး အရေးပါသော စံနှုန်းကတော့ ADA seal ဖြစ်ပါတယ်။ ADA seal ဟာ ခံတွင်း ဆေးရည်၏ထိရောက်မှုရှိခြင်းနှင့် ဘေးထွက်ဆိုးကျိုးနည်းခြင်း ကို ဖော်ပြပါတယ်။
သွားဆရာဝန်အများစုသည် အယ်လ်ကိုဟောမပါဝင်သော ခံတွင်းဆေးရည် သည် သာမန်ခံတွင်းဆေးရည်ထက် ပိုကောင်းသည်ဟု ထောက်ခံကြပါတယ်။ ခံတွင်းဆေးရည်ထဲရှိ အယ်လ်ကိုဟော သည် ရေအလုံအလောက် မသောက်ပါက ခံတွင်းကို ခြောက်သွေ့စေပြီး အနံ့ကို ဆိုးရွားစေနိုင်ပါသည်။ ခံတွင်းရနံ့ဆိုးသောသူ၊ သွားပိုးစားသောသူများအတွက် သင့်လျော်သော ကုန်ပစ္စည်းများရှိတာကြောင့် ခံတွင်းသန့်ရှင်းရေးပစ္စည်းများ(သွားတိုက် ဆေး၊ ခံတွင်းဆေးရည်) မဝယ်ခင်မှာ မိမိ၏ ခံတွင်းပြဿနာ ကို သေချာစွာ စဉ်းစားပြီးမှ ဝယ်ယူသင့်ပါတယ်။ သင်နှင့် သင့်လျော်သော ခံတွင်းဆေးရည်ကို ရွေးချယ်အသုံးပြုခြင်းက သင်၏ခံတွင်းကျန်းမာရေးကို များစွာအထောက်အကူ ပြုမှာ ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့

ခံတွင်းနံ့ဆိုး အစားအစာတွေ စားစရာတွေ ရှီတာကီမှို ရေသောက်ပါ ခံတွင်းအနံ့ဆိုး အသီးအနှံတွေ ခရမ်းချဉ်သီး လျှာကို သန့်စင်ပေးပါ ဘက်တီးရီးယားတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။

ပါးစပ် ခန္ဓာကိုယ် antibodies အစာခြေ အရသာခံ သွားဖုံး သွားပိုးစားတာ လက္ခဏာ ခံတွင်းခြောက် အင်ဇိုင်းတွေ ခံတွင်းအနံ့ဆိုး ဘက်တီးရီးယား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

လက်ဖက်စိမ်းဆိုတာ

လက်ဖက်စိမ်း အကျိုးကျေးဇူးတွေ free radicals ဇီဝပစ္စည်းဒြပ်ပေါင်း ဦးနှောက် ကဖင်းဓာတ် အမိုင်နိုအက်ဆစ် ခံတွင်းအနံ့ဆိုးခြင်း ဆီးချို အမျိုးအစား (၂)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သွားနဲ့ ခံတွင်း ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာ (၇) ရပ်

အစာအာဟာရ၊ သွားနဲ့ ခံတွင်း၊ ချို့ယွင်း၊ ခံတွင်းနံ့ဆိုး၊ ကျန်းမာရေး၊ ပန်းရောင်သန်း၊ မာကျောကြံ့ခိုင်၊ ရေခဲရေ၊ သွားဖုံး၊ သွားပိုးပေါက်၊ သွားထိန်း၊ သွားတိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
ကျန်းခံ့သာလို့ မာပါစ

ကျန်းခံ့သာလို့ မာပါစ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 9, 2020 . 2 mins read
ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read
သွားတိုက်ဆေးရဲ့ အလှအပအတွက် အသုံးဝင်ပုံ

သွားတိုက်ဆေးရဲ့ အလှအပအတွက် အသုံးဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 1 min read