စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 16, 2020 . 2 mins read
Share now

တစ်နေ့တာ လှုပ်ရှားမှုတွေကို စိတ်လက်ကြည်ကြည်သာသာနဲ့ လုပ်ချင်သူတွေအတွက် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေမယ့် အစားအသောက်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူတစ်ယောက်က အမြဲစိတ်ခံစားမှု ကောင်းနေဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အခုပြောပြမယ့် အစားအစာတွေကတော့ စိတ်ဖိစီးမှု နဲ့ စိတ်ပူပန်မှုကို လျော့ကျစေနိုင်ပြီး စိတ်ဓာတ်ကျမှုကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိ ပါတယ်။

ဘယ်အစားအစာတွေက စိတ်ခံစားမှုတွေကိုကောင်းမွန်စေနိုင်မှာလဲ

ရေ

ရေက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေဖို့အတွက်တော်တော်လေးကို အရေးပါတာပါ။ ခန္ဓာကိုယ်မှာရေဓာတ်အနည်းငယ်ဆုံးရှုံးသွားတယ်ဆိုရင်တောင်မှ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာ အများကြီးထိခိုက်စေနိုင်ပါတယ်။ရေဓာတ်နည်းလာတဲ့အခါ အာရုံစိုက်နိုင်စွမ်းလျော့ကျလာနိုင်ပါတယ်။ ဒါကြောင့် အမြဲလိုလိုတက်တက်ကြွကြွနေနိုင်ဖို့အတွက် ရေလုံလောက်အောင်သောက်ပေးပါ။

ချောကလက်

ဒါကတော့ အရမ်းထူးဆန်းတာမဟုတ်ပါဘူး။ ချောကလက်စားရင် စိတ်ခံစားမှုကောင်းတယ်ဆိုတာကို လူတိုင်းလိုလိုသိထားပြီးသားပါ။ သိပ္ပံနည်းကလေ့လာမှုတွေအရတော့ အနက်ရောင်ချောကလက်ကိုနေ့စဉ် စားသုံးပေးတာက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကို ကျဆင်းစေ စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ စိတ်ဖိစီးနေသလား ချောကလက်စားပါ။

ငါး

အဆီများတဲ့ငါးတွေ၊ ကမာကောင်လိုမျိုး ပင်လယ်စာတွေကို စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်ကနေ မထုတ်နိုင်တဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ စိတ်ခံစားမှုကို ပိုကောင်းစေနိုင်တဲ့omega-3 fatty acid ကို ရရှိစေနိုင်တာကြောင့် စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အဆီများတဲ့ ငါးတွေကို စားသုံးတဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလိုမျိုး စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်သလို ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။

အုန်းသီး

စိတ်ဖိစီးတဲ့အခါ အုန်းသီးနည်းနည်းလောက်စားပေးလိုက်ပါ။ အုန်းသီးက စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ သဘာဝဆေးတစ်မျိုးပါ။ အုန်းသီးရဲ့ ရနံ့ကနှလုံးခုန်နှုန်းကိုနှေးစေပြီး စိတ်ခံစားမှုကိုကောင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပြီး စိတ်ဓာတ်ကျနေတာကို ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်လာစေမှာပါ။

ငှက်ပျောသီး

ငှက်ပျောသီးမှာပါတဲ့ ဗီတာမင် A၊ B6၊ C၊ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်၊phosphorous၊ သံဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ် တို့ပါဝင်တာကြောင့် စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါသတဲ့။ ငှက်ပျောသီးက ညဘက်ကိုလည်းကောင်းစွာအိပ်ပျော်စေတာကြောင့် အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ နဲ့ စိုးရိမ်ပူပန်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ တစ်နေ့ကို ငှက်ပျောသီး အရွယ်တော်တစ်လုံးစားသုံးပေးပါ။

ဟင်းနုနွယ်

ခန္ဓာကိုယ်မှာ ဗီတာမင် Bလျော့နည်းလာတဲ့အခါ စိတ်ဓာတ်ကျတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင် Bပြည့်ဝနေဖို့ကလည်း ဂရုစိုက်သင့်တဲ့အချက်တစ်ခုပါ။ ဒါကြောင့် ဗီတာမင် Bပြည့်ဝဖို့အတွက် ဟင်းနုနွယ်ရွက်လိုမျိုး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေကို စားသုံးပေးပါ။ ပန်းဂေါ်ဖီစိမ်း စားပေးရင်လည်းရပါတယ်။

ကညွတ်

ခန္ဓာကိုယ်ထဲမှာfolate ပမာဏက ၅၀ ရာခိုင်နှုန်းအောက်ကျသွားပြီဆိုရင်စိတ်ဓာတ်ကျမှုကို ခံစားရနိုင်ခြေကတော်တော်လေးများသွားပါပြီ။ ဒီလိုအချိန်မှာ စိတ်ဓာတ်ကျမှုကို တိုက်ဖျက်နိုင်ဖို့အတွက်folateပြည့်ဝတဲ့ အစားအစာတစ်ခုခုကို စားသုံးဖို့လိုပါမယ်။ ဘာစားရမလဲလို့များတွေးနေလား။ ကညွတ်ကfolate ပမာဏပြည့်ဝစွာပါဝင်နေတဲ့ အစားအစာတစ်ခုပါ။

လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းသောက်တာကသွေးတွင်းဂလူးကို့စ် ပမာဏကို ထိန်းညှိရာမှာအထောက်အကူပြုပေးပါတယ်။နေ့စဉ် လက်ဖက်စိမ်းရေနွေးကြမ်းကိုသောက်သုံးပေးမယ်ဆိုရင် တက်ကြွနေစေပြီးရေဓာတ်ပြည့်ဝစေနိုင်သလို အချိုစားချင်စိတ်ကိုလည်လျော့ကျစေနိုင်ပါတယ်။

ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာcholine ပါဝင်တာကြောင့် အာရုံကြောစနစ်ရဲ့ ဆဲလ်တွေကို ကျန်းမာစေနိုင်ပြီး စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ကြက်ဥဖြစ်ဖြစ်နေ့စဉ်စားသုံးပေးမယ်ဆိုရင် စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပြီး စိတ်ပျော်ရွှင်မှုကို ရရှိစေမှာသေချာပါတယ်။

အခုပြောပြခဲ့တဲ့ အစားအစာလေးတွေကိုစားသုံးပြီး စိတ်တက်ကြွလန်းဆန်းနေတဲ့နေ့လေးတစ်နေ့ကို ဖန်တီးလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ ကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

“မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အုန်းသီးစားရင်းရမယ့် အသားအရေ လှပမှု

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသားအရေအတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ရပ်အနေနဲ့ အားလုံးက နှစ်ခြိုက်သဘောကျစွာ အသုံးပြုခဲ့ကြတအရာတစ်ခုရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

လေဒီလေး တစ်ယောက် အနေနဲ့ ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက်ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read
ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးမယ့် သူရဲကောင်းလေးများ

စိတ်ဖိစီးမှု(Stress) ကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 13, 2021 . 3 mins read
သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 1 min read