backup og meta

နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ

    ကြက်ပေါင်းရည် လို့ ဆိုလိုက်တာနဲ့ နေမကောင်းဖြစ်တဲ့ အချိန်သောက်ဖို့ကိုပဲ စိတ်ထဲစွဲနေကြမှာပေါ့။ များသောအားဖြင့် လူတော်တော်များများက နေမကောင်းဖြစ်တော့မှပဲ ကြက်ပေါင်းရည်လို အားရှိစေမယ့်အစားအသောက်တွေကို သတိရတတ်ကြပါတယ်။

    အားရှိအောင်လို့၊ မြန်မြန်နေကောင်းအောင်လို့၊ ကိုယ်ခံအားကောင်းအောင်လို့ ကြက်စွပ်ပြုတ်၊ ကြက်ပေါင်းရည် တွေကို အားကိုးတတ်ကြပါတယ်။

    ဒါဆို နေမကောင်းဖြစ်တဲ့ အခါပဲ ကြက်ပေါင်းရည်သောက်ဖို့လိုတာလား။ မဟုတ်ပါဘူးနော်။ ကြက်သားက ရတဲ့ အဆီအနှစ်က လူ့ခန္ဓာကိုယ်အတွက် နေ့စဉ်ဘဝမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်လဲဆိုတာ သိရင် မကြာခဏ သောက်မိပါလိမ့်မယ်။

    အဓိကအားဖြင့် ကြက်ပေါင်းရည်ရဲ့ အကျိုးကျေးဇူးတွေက –

    () ကိုယ်ခံအား ကောင်းစေတယ်

    အအေးမိ၊ နှာစေးတာက အစ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေအထိ ရောဂါပိုးတွေကို ကာကွယ်နိုင်ဖို့၊ ခုခံနိုင်ဖို့၊ နာလန်ထူမြန်စေဖို့ ဟိုးအရင်တည်းက ကြက်စွပ်ပြုတ်က ဆေးတစ်ခွက်ပါ။ ကြက်ပေါင်းရည်မှာပါဝင်တဲ့ Bio-peptide က ကိုယ်ခံအား ပိုကောင်းစေတာမို့ နေပြန်ကောင်းတာ မြန်စေတယ် ဆိုတာကို လူတိုင်းလက်ခံထားပါတယ်။ တော်ရုံနဲ့လည်း နေမကောင်းမဖြစ်တတ်ဘဲ လူက ကျန်းမာအားပြည့်နေပါလိမ့်မယ်။

    () စိတ်ပင်ပန်းနွမ်းလျခြင်းကို ကုစားပေးတယ်

    ကျောင်းမှာ၊ အလုပ်ခွင်မှာ စိတ်ပင်ပန်းစရာတွေ၊ လုပ်စရာအလုပ်တွေ၊ ဖြေရှင်းရတဲ့ကိစ္စတွေကြောင့် ပင်ပန်းနွမ်းလျနေတဲ့ စိတ်ကို ကြက်ပေါင်းရည်က အားပြန်ဖြည့်ပေးနိုင်ပါတယ်။ စိတ်ပင်ပန်းအားကုန်တဲ့အခါ –

    • အာရုံစူးစိုက်လို့ မရတော့ဘူး၊
    • ပြဿနာတွေ မဖြေရှင်းနိုင်ဘူး၊
    • ပူပန်စိတ်တွေ ဝင်တတ်လာတယ်၊
    • စိတ်ဆတ်လာတယ်၊
    • အလုပ်နဲ့ ကိုယ့်ဝါသနာတွေမှာ စိတ်ဝင်စားမှု နည်းလာတယ်၊
    • အိပ်မပျော်တော့ဘူး၊
    • ဆုံးဖြတ်နိုင်စွမ်း အားနည်းလာတယ် စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

    ဒါတွေဟာ ရေရှည်မှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်း၊ ကိုယ့်ရဲ့ တက်လမ်း အပေါ် ထိခိုက်လာနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ကြက်ပေါင်းရည်က အဓိကခွန်အားကို ပြန်ဖြည့်တင်းပေးနိုင်တာ သိသာပါတယ်။

    သုတေသနတွေအရ ကြက်ပေါင်းရည်ကို နေ့စဉ်သောက်ရင် စိတ်ပင်ပန်းနွမ်းလျမှုကို သက်သာစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပြန်လည်အားဖြည့်ပေးနိုင်တယ်လို့ အထောက်အထားတွေ ရရှိထားပါတယ်။

    () သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်တယ်

    သုတေသနတွေ့ရှိချက်အရ ကြက်ပေါင်းရည်မှာ ပါဝင်တဲ့ L-Carnosine က သွေးတွင်းသကြားဓာတ်ကို ပုံမှန် ထိန်းညှိပေးဖို့ ကူညီပေးတာကြောင့် ဆီးချိုသွေးချို ကာကွယ်နိုင်တယ်၊ ထိန်းညှိနိုင်စေပါတယ်။

    () ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးတယ်

    ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးပါတဲ့ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေ ကြက်ပေါင်းရည်မှာ ပါဝင်ပါတယ်။ လူကြီးတွေအတွက်လည်း ဦးနှောက်လုပ်ဆောင်ချက်တွေ ပိုကောင်းလာစေတာ ဒီအာဟာရတွေကြောင့်ပါပဲ။

    ဦးနှောက်ဟာ ကိုယ်တွေစားသောက်လိုက်သမျှကို စုပ်ယူဖို့ အဆာလောင်ဆုံး၊ အရယူဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ပါပဲ လို့ အမေရိကန်အာဟာရဗေဒအဖွဲ့အစည်း က ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့မညီတာတွေ စားလေ မှတ်ဉာဏ်အပါအဝင် ဦးနှောက်လုပ်ဆောင်ချက်တွေ ထိခိုက်ယုတ်လျော့လေ ဖြစ်ကြတာပါ။

    () စိတ်ကြည် လန်းဆန်းစေတယ်

    အသားဓာတ်၊ အမိုင်နိုအက်စစ်၊ ဗီတာမင် ဘီအုပ်စု တို့လို အာဟာရဓာတ်တွေ ပါဝင်နေတာမို့ တစ်နေ့တာမှာ စိတ်ကြည်လင်ပြီး အလုပ်တွေကို စွမ်းဆောင်ရည် ပိုကောင်းစေနိုင်ပါတယ်။

    ကြက်ပေါင်းရည်က ဦးနှောက်စွမ်းဆောင်ရည်ကို ပိုကောင်းစေပြီး စိုးရိမ်ပူပန်မှုတွေသက်သာစေတယ်၊ စိတ်ကို လန်းဆန်းစေတယ်လို့ လေ့လာတွေ့ရှိထားပါသေးတယ်။ အိမ်မှာ ပြုတ်တဲ့ ကြက်စွပ်ပြုတ်နဲ့ ကြက်ပေါင်းတွေ သောက်နိုင်သလို ပရိုတင်း (အသားဓာတ်)၊ အမိုင်နိုအက်စစ်တွေနဲ့ L-Carnosine လို့ခေါ်တဲ့ ဓာတ်တွေ ဖြည့်တင်းထားတဲ့ စျေးကွက်ထဲမှာရှိတဲ့ ကြက်ပေါင်းရည်ကိုလည်း ပုံမှန်သောက်ပေးနိုင်ပါတယ်။

    ဒါ့ကြောင့် ကြက်ပေါင်းရည်ကို နေမကောင်းမှ သောက်ရတာမဟုတ်ပါဘူးနော်။ နေ့စဉ်ဘဝမှာ စိတ်ရောလူပါ ကျန်းမာအားပြည့်စေဖို့ ကြက်ပေါင်းရည် သောက်လို့ရပါတယ်လို့ အကြံပေးလိုက်ပါရစေ..။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement