backup og meta

စိတ်ကျဝေဒနာ အကြိမ်ကြိမ် ပြန်ဖြစ်ရခြင်း အကြောင်း


Ye Zon Aung မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျဝေဒနာ အကြိမ်ကြိမ် ပြန်ဖြစ်ရခြင်း အကြောင်း

    လူတွေဟာ စိတ်ဓာတ်ခဏခဏကျနိုင်ပေမယ့် စိတ်ကျရောဂါကတော့ တစ်သက်မှာ တစ်ကြိမ်သာဖြစ်တတ်ကြတာများပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ အခြေအနေက အဲ့လိုမရိုးရှင်းတတ်ပါဘူး။

    တစ်ကြိမ်ကုသပြီးချိန်မှာတောင်မှ နောက်ထပ်တစ်ကြိမ် စိတ်ကျဝေဒနာပြန်ခံစားရတာမျိုးဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် ဒီဝေဒနာကို ဆေးဝါး၊ စိတ်ပိုင်းဆိုင် ဒါမှမဟုတ် လျှပ်စစ်ရှော့ခ်ရိုက်ပြီး လိုက်ကြတာများပါတယ်။

    ဆေးဝါးနဲ့ကုသတဲ့နည်းလမ်းကတော့ အသုံးများပြီးတော့ ဘေးထွက်ဆိုးကျိုးလည်းရှိပါတယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    ဒီလိုစနစ်တကျကုသမှုတွေ ခံယူပြီး ပျောက်ကင်းသွားချိန်မှာ ရောဂါလက္ခဏာတွေပြန်ပြပြီး စိတ်ကျဝေဒနာ ထပ်ပြီးခံစားရတာမျိုးဖြစ်လာနိုင်ပါတယ်။ ပျောက်ကင်းပြီးမှ ထပ်ကျော့စိတ်ဓာတ်ကျတာမျိုးပေါ့။

    ဘာလို့ စိတ်ကျဝေဒနာ ပြန်ဖြစ်တာလဲ

    ဒီလိုဖြစ်လာစေတဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ အလွန်စိတ်ဖိစီးစရာ စိတ်ပင်ပန်းစရာ အဖြစ်အပျက်မျိုးကို ပြင်းထန်စွာကြုံတွေ့လိုက်ရချိန်တွေမှာ ခုလိုထပ်ဖြစ်နိုင်ပါတယ်။

    ဒါ့အပြင်

    • ချစ်သူခင်သူတစ်ဦးဦးကို ဆုံးရှုံးလိုက်ရတာ
    • နာကျင်ဖွယ်၊ စိတ်ညစ်ညူးဖွယ် ဘဝအတွေ့အကြုံမျိုး၊ အမှားအယွင်းမျိုး ကျူးလွန်မိခဲ့တာ
    • ပြင်းထန်တဲ့ စိတ်ဖိစီးမှုဝေဒနာ ခံစားရတာ
    • မိသားစုအတွင်း သိသာထင်ရှားတဲ့အပြောင်းအလဲတွေကို ရင်ဆိုင်လိုက်ရတာ
    • ဟော်မုန်းပြောင်းလဲတာ
    • ကိုယ်ဝန်ရတာ
    • သွေးဆုံးတာ
    • အပျိုဖော်ဝင်တာ စတာတွေကြောင့်ပါပဲ။

    ထပ်ကျော့စိတ်ကျဝေဒနာရဲ့ လက္ခဏာများ

    ထပ်ကျော့စိတ်ကျဝေဒနာခံစားလာရရင် ပုံမှန်စိတ်ကျဝေဒနာတွေလိုပဲ ရောဂါလက္ခဏာတွေပြသတတ်ပါတယ်။ အောက်ပါလက္ခဏာတွေဟာ စိတ်ကျဝေဒနာ ထပ်မံဖြစ်ပွားသူတွေမှာ ပြသတတ်တဲ့ လက္ခဏာတွေဖြစ်ကြပါတယ်။

    • မျှော်လင့်ချက်ကင်းမဲ့တယ်လို့ ခံစားရလာတာ
    • အထီးကျန်လာတာ၊ လူတွေကို ရှောင်ဖယ်လာတာ
    • အိပ်စက်ပုံပြောင်းလဲပြိး အိပ်မပျော်ဖြစ်လာတာ
    • စိတ်အနှောင့်အယှက်ဖြစ်လွယ်၊ စိတ်တိုလွယ်လာတာ
    • လိင်စိတ်ကုန်ခမ်းလာတာ
    • လူမှုအသိုင်းအဝိုင်းအကြားမှာ မပျော်တော့တာ
    • တန်ဖိုးမရှိသလို ခံစားလာရတာ
    • နာတာရှည် နာကျင် ကိုက်ခဲနေတတ်တာ
    • ကိုယ်အလေးချိန် ရုတ်တရက် တက်လာတာ သို့မဟုတ် ကျသွားတာ
    • မေပန်းနွမ်းနယ်နေတာ
    • ဆင်ခြင်တွေးတောနိုင်စွမ်း အားနည်းလာတာ
    • သတ်သေဖို့ မကြာခဏ စိတ်ကူးပေါ်လာတတ်တာတွေပါပဲ။

    ဘယ်လိုရှောင်ရှားကြမလဲ

    စိတ်ကျဝေဒနာ ထပ်ပြီး မဖြစ်ပေါ်စေဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက ကာကွယ်ခြင်းဖြစ်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုပြီး ကောင်းမွန်တဲ့နည်းလမ်းလို့ ဆိုလို့ရပါတယ်။

    အောက်ပါနည်းလမ်းတွေနဲ့ ဒီဝေဒနာကို ကာကွယ်နိုင်ပါတယ်။

      • လေ့ကျင့်ခန်းလုပ်ပါ၊
      • တက်ကြွရွှင်လန်းအောင်နေပါ၊
      • တီဗီ၊ ရုပ်ရှင်စတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကြည့်တာ၊
      • အားကစားပွဲတွေကြည့်ပါ၊
      • ရည်မှန်းချက်ပန်းတိုင်သတ်မှတ်ပြီး တကယ်ဖြစ်မြောက်လာအောင် အာရုံစိုက်ကြိုးပမ်းပါ၊
      • စိတ်ဖိစီးမှုကင်းစင်စေမယ့် အစုအဖွဲ့လိုက်လှုပ်ရှားမှုမျိုးတွေ ပြုလုပ်ပါ၊
      • မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပေါင်းသင်းပါ၊
      • မိသားစုကို အချိန်ပေးပြီး သူတို့နဲ့ ပျော်ရွှင်စရာအချိန်တွေ ဖန်တီးပါ၊
      • တရားထိုင်ပါ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ၊
      • အာဟာရပြည့်ဝအောင်စားပါ၊
      • အိပ်စက်ချိန်မှန်အောင် သတိထားပြီး အိပ်စက်ပါ။

    ဒီနည်းလမ်းတွေက စိတ်ကျဝေဒနာ ခံစားခဲ့ရသူတွေကို နောက်တစ်ကြိမ် စိတ်ဓာတ်ကျဆင်းတာမျိုးထပ်မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement