backup og meta

နေ့စဉ်ထိတွေ့ကိုင်တွယ်မိနေတဲ့ ရောဂါပိုးမွှားတို့ရဲ့ ဌာနချုပ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေ့စဉ်ထိတွေ့ကိုင်တွယ်မိနေတဲ့ ရောဂါပိုးမွှားတို့ရဲ့ ဌာနချုပ်များ

    ကိုယ်နေ့စဉ် ထိတွေ့ ကိုင်တွယ်နေတဲ့ အရာဝတ္ထုတွေ၊ ကိုယ့်အနီးအနားက ဝတ္ထုပစ္စည်းတွေမှာ ရောဂါပိုးမွှားတွေ တပြုံတခေါင်းကြီး ကပ်ငြိနေလိမ့်မယ်လို့ တွေးထင်မိဖူးသလား။

    တကယ်တမ်းတော့ မိမိနဲ့ အနီးကပ်ဆုံးပစ္စည်းတစ်ချို့ဟာ ရောဂါပိုးမွှားတွေ ပျော်ပါးပေါက်ပွားရာ အန္တရာယ်အများဆုံးသော အရာတွေဖြစ်နေတတ်ပါတယ်။

    တချို့အရာတွေဟာဆိုရင် ကိုယ့်လက်ထဲမှာ တစ်နေကုန်နီးပါးရှိနေတတ်တာမျိုးတွေပါ။ ဟိုပိုး ဒီပိုးတွေ သိပ်ပေါများပြီး ခပ်ဆန်းဆန်းရောဂါတွေလည်း မကြာခဏပေါ်ထွက်လာနေတတ်တဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ့်အနီးနားက ပိုးမွှားတွေရဲ့ ဌာနချုပ်တွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း သန့်စင်အောင် သန့်ရှင်နိုင်မှာမဟုတ်လား။

    ကိုယ့်အနီးနားက ရောဂါပိုးမွှားတွေ အခြေကုပ်ယူတပ်စွဲထားတဲ့ ပစ္စည်းတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် …

    မိုဘိုင်းလ်ဖုန်း

    သုတေသနပြုချက်တွေအရဆိုရင်တော့ မိုဘိုင်းလ်ဖုန်းတွေရဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ ပိုးမွှားအရေအတွက်ဟာ အိမ်သာကမုတ်က ပမာဏထက် ၁၀ ဆ ပိုများပါတယ်တဲ့။ ကဲ ကိုယ့်ရဲ့ ဖုန်းလှလှလေးကို သန့်ရှင်းဖို့ ဘယ်လောက်တောင် လိုအပ်နေပြီလဲဆိုတာကို နားလည်လောက်ကြမယ်ထင်ပါတယ်နော်။

    ရီမု(တ်) ကွန်ထရိုးလ်

    တီဗီတွေ၊ အဲယားကွန်းတွေအတွက် မရှိမဖြစ် ပစ္စည်းဖြစ်တဲ့ ရီမု(တ်) တွေဟာလည်း ဖုန်၊ မှိုနဲ့ ဘက်တီးရီးယားတွေ အမြောက်အမြားကပ်တွယ်နေတတ်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။

    ကွန်ပျူတာ ကီးဘုတ်

    အိမ်မှာပဲဖြစ်ဖြစ် ရုံးမှာပဲဖြစ်ဖြစ် ထိတွေ့နေတဲ့ ကွန်ပျူတာတွေက ကီးဘုတ်တွေမှာ ရောဂါပိုးတွေ ကပ်ငြိနေမယ်ဆိုတာက တွေးကြည့်စရာမလိုလောက်အောင်ကို သိသာထင်ရှားလှပါတယ်။ ဒါပေမယ့် ဖုန်သုတ်တာထက်ပိုပြီး သန့်ရှင်းရေးမလုပ်ဖြစ်တတ်ကြတာကလည်း အသေအချာပါပဲ။

    ပန်းကန်ဆေး ရေမြှုပ်

    ဆပ်ပြာတွေနဲ့ နေ့တိုင်းလူးပေနေတတ်တဲ့ ရေမြှုပ်က ရောဂါပိုးတွေကပ်နေပါ့မလားလို့ တွေးစရာတော့ရှိပါတယ်။ ဒါပေမယ့် စိုစွတ်ပြီး ညစ်ပတ်လွယ်တဲ့ ရေမြှုပ်တုံးတွေဟာ ရောဂါပိုးမွှားတွေအတွက်တော့ နိဗ္ဗာန်ဘုံကြီးပါနော်။

    ပိုက်ဆံ

    နေ့တိုင်းတန်ဖိုးထားပြီး ထိတွေ့နေတဲ့ ပိုက်ဆံအရွက်လေးတွေဟာ ရောဂါပိုးတွေအတွက်တော့ လေယာဉ်ပျံကြီးလိုပါပဲ။ ဟိုလူဒီလူဆီ ကူးလူးသွားလာနေနိုင်တယ်လေ။ ပိုက်ဆံ တစ်ရွက်မှာ ဘက်တီးရီးယား အမျိုးအစား ၃၀၀၀ လောက်ပါရှိနေတတ်ပါတယ်။ ပိုက်ဆံကို တံတွေးဆွတ်ပြီး ရေတတ်တဲ့အကျင့်ရှိတယ်ဆိုရင်တော့ ခုချက်ခြင်းပဲ ရပ်လိုက်ပါ။

    အဝတ်လျှော်စက်

    တစ်မိသားစုလုံးရဲ့ တစ်နေကုန်သွားလာဝတ်ဆင်ထားတဲ့ အဝတ်လျှော်စက်မှာ ပိုးမွှားတွေ ဘယ်လောက် ကပ်ငြိနေမလဲ တွေးသာကြည့်ပေတော့။

    ပိုက်ဆံအိတ်

    ပိုက်ဆံမှာ ရောဂါပိုးတွေ ပျော်ပါးကြသလို ပိုက်ဆံတွေထည့်တဲ့ ပိုက်ဆံအိတ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ပိုက်ဆံအိတ် အတွင်းပိုင်းဟာ အိမ်သာနဲ့ ရေချိုးခန်းထက်ပိုပြီး ပိုးမွှားပေါများပါတယ်။

    ATM

    ATM စက်မှာရော၊ ပိုက်ဆံအိတ်ထဲကထုတ်လာမယ့် ကတ်မှာပါ ပိုးမွှားတွေ အလွယ်တကူ ကပ်ငြိနေတတ်ပါတယ်။ ATM စက်တွေရဲ့ ခလုတ်တွေ၊ ပိုက်ဆံယူတဲ့နေရာတွေဟာ ရောဂါပိုးမွှားတွေရဲ့ လူတကာဆီ ကူးလူးသွားလာရာ နယ်ခြားဒေသလို့တောင်ဆိုရမလားပါပဲ။

    ဈေးဝယ်ခြင်း

    ဈေးခြင်းလို့ဆိုရာမှာ ရှော့ပင်စင်တာတွေက လက်တွန်းလှည်း ဈေးဝယ်ခြင်းတွေက နေအိမ်တွေမှာ မွေးသမိခင်တွေ မနက်မနက်ဈေးဝယ်ထွက်ကြတဲ့ ဈေးဝယ်ခြင်းတွေထက် ပိုပြီး ရောဂါပိုးများပြားတတ်ပါတယ်။ လက်တွန်းလှည်း ဈေးဝယ်ခြင်းတွေမှာ E. coli ၊ Campylobacter နဲ့ Salmonella ပိုးတွေ ပျော်စံရာအရပ်ဖြစ်တာမို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ဖို့ နီးစပ်လှပါတယ်။

    Soap Dispensers

    အများသုံး အိမ်သာတွေထဲက ဆပ်ပြာညှစ်စက် Soap Dispensers တွေကိုလည်း အထင်မသေးပါနဲ့။ အိမ်သာတစ်ခုလုံးမှာ ဒီနေရာက ပိုးမွှားအများဆုံးရှိတဲ့နေရာပါ။ လက်ကို သန့်စင်စွာမဆေးနိုင်ခင် ဆပ်ပြာကို အရင်ယူတာဖြစ်တာမို့ အခြေအနေကို တွေးသာကြည့်ပေတော့။

    မီးဖိုချောင်သုံး လက်သုတ်ပဝါ

    ထမင်း၊ ဟင်းချက်ပြုတ်ဖန်တီးကြတဲ့အခါ လက်သုတ်ဝတ်နဲ့ မကြာခဏ သုတ်ကြပါတယ်။ ဒီလက်သုတ်ဝတ်တွေကို မကြာခဏအားဖြင့် မသန့်စင် မလျှော်ဖွတ်ကြတဲ့အခါ ပိုးမွှားတွေ ပေါက်ပွားရှင်သန်ရာနေရာဖြစ်လာပါတော့တယ်။ Salmonella နဲ့ Fecal bacteria တွေကို အများဆုံး မြင်တွေ့ရပါလိမ့်မယ်။

    မွေးနေ့ကိတ်

    မွေးနေ့ကိတ်မှာ ပိုးတွေပါနေလို့လားလို့ မေးကောင်းမေးနိုင်ပါတယ်။ ဒါပေမယ့် ကိတ်ပေါ်ကို တင်လိုက်တဲ့ ဖယောင်းတိုင်လေးတွေနဲ့ မသန့်စင်ထားတဲ့ ပလက်စတစ်ဓားတွေကနေတဆင့် ပိုးမွှားတွေ တွယ်ငြိကုန်တာပါ။ ဒီပစ္စည်းတွေကြောင့် ကိတ်ရဲ့မျက်နှာပြင်ပေါ်မှာ မူလရှိထားတဲ့ ပိုးမွှားပမာဏရဲ့ ၁၄၀၀% အထိတိုးသွားပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement