ဘေဘီလေးတွေကို နားသန့်ရှင်းပေးမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

တစ်ကိုယ်ရေသန့်ရှင်းရေးမှာ နားသန့်ရှင်းရေးကလည်းမေ့ထားလို့မရတဲ့ အချက်တစ်ခုပါ။ လူကြီးတစ်ယောက်အနေနဲ့ အချိန်အဆကို နားလည်နေတာကြောင့် နားသန့်ရှင်းတဲ့အခါ အခက်အခဲမရှိပေမယ့် ကလေးတစ်ယောက်ကို နားသန့်ရှင်းပေးဖို့ကျတော့ ခက်တယ်နော်။ မသန့်ရှင်းဘဲထားလို့ရပေမယ့် နားထဲမှာ နားဖာချေးတွေအရမ်းများတဲ့အခါမှာတော့ သန့်ရှင်းပေးဖို့လိုအပ်မှာလေနော်။ ဒီတော့ဘေဘီလေးတွေကို ဘယ်လိုနားသန့်ရှင်းပေးရမလဲ သိချင်နေတဲ့မေမေ၊တီတီနဲ့ဖွားဖွားတို့အတွက် ဒီဆောင်းပါးလေးက အသုံးတည့်မှာပါ။

နာဖာချေးဆိုတာ

နားဖာချေးဆိုတာကနားကို ကာကွယ်ဖို့ ခန္ဓါကိုယ်က အလိုလျောက်ထုတ်ပေးတဲ့အရာတွေပေါ့။ လူကြီးရော ကလေးမှာပါဖြစ်နိုင်ပါတယ်။ နားထဲကိုပြင်ပကအရာတွေ၊ ဖုန်မှုန့်တွေ နဲ့ ပိုးကောင်တွေလိုမျိုး ထိခိုက်စေနိုင်တဲ့ အရာတွေဝင်ရောက်မလာစေဖို့ နားတွင်းဂလင်းတွေကက နားဖာချေးတွေကို ထုတ်ပေးပါတယ်။ နာဖာချေးတွေက ညိုတိုတိုအရောင်ကနေ ဝါတာတာအရောင်အထိအမျိုးမျိုးရှိနိုင်ပါတယ်။ ကလေးတွေမှာတော့ နာဖာချေးက ခပ်ပျော့ပျော့လေးတွေ အဖြစ်များပါတယ်။ နာဖာချေးတွေက အလိုလိုဖြစ်ပေါ်လာတတ်ပြီး အချိန်ကြာလာတာနဲ့ အမျှခြောက်သွားပြီးပြင်ပနားဆီကို ထွက်လာတတ်ပါတယ်။ ဒါပေမယ့် နားထုမှာ နာဖာချေးတွေအရမ်းများလာမယ်ဆိုရင် ကလေးက နားကိုက်တာနားယားတာနဲ့ အကြားအာရုံထိခိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို နားသန့်ရှင်းပေးဖို့ကလည်း မဖြစ်မနေလုပ်ပေးသင့်တဲ့ တာဝန်တစ်ခုပါ။

ကလေးနားကို ဘယ်လိုသန့်ရှင်းပေးမလဲ

ကလေးနားကို သန့်ရှင်းတာကနေအိမ်မှာတင် လုပ်ပေးလို့ရပါတယ်။ ဘယ်လိုသန့်ရှင်းပေးရမလဲဆိုတာကိုသေချာလေးရေးပေးထားတယ်နော်။

ရေစိုဝတ်သုံးပေးပါ – ကလေးနားကို သန့်စင်ပေးရာမှာ အထိရောက်ဆုံးနည်းလမ်းတစ်ခုပေါ့။ရေနွေးနဲ့ တဘက်စသန့်သန့်လေးတော့လိုပါမယ်။ တဘက်စသန့်သန့်လေးကိုရေခပ်နွေးနွေးလေးကို စွတ်လိုက်ပါ။ပြီးရင် နားအပြင်ဘက်ကို သုတ်သင်ပေးပါ။ ဒီလိုသုတ်သင်ပေးရင်းနဲ့ နာဖာချေးတွေက နားအပြင်ဘက်ကိုပျော်ပြီးထွက်လာပါလိမ့်မယ်။ ဒီလိုပျော်ထွက်လာတာတွေကို တဘက်စလေးနဲ့ သုတ်ပြီးဘေဘီလေးရဲ့နားကို သန့်စင်လိုက်ပါနော်။ တဘက်စကို နားတွင်ထဲထိုးထည့်တာမျိုးတော့ မလုပ်သင့်ပါဘူး။

နားထဲအစက်ချဆေးရည်သုံးပေးပါ– နားအတွင်းပိုင်း ကနားဖာချေးတွေကို သန့်စင်ပေးဖို့အတွက်ကတော့ နားထဲအစက်ချဆေးကို သုံးပေးပါ။ ဆရာဝန်က ညွှန်းတဲ့ အစက်ချဆေးကိုပဲသုံးပေးပါ။ နားထဲကို အစက်ချတဲ့အခါမှာလည်း ကလေးကို တစောင်းအနေအထားနဲ့ သက်တောင့်သက်သာနေခိုင်းပြီးဆေးရည်ကို လက်ဖဝါးထဲမှာနွေးသွားအောင် ခဏထားပြီးမှ ကလေးရဲ့ နားထဲကို ထည့်ပေးပါ။ နားထဲကို အစက်ချဆေးထည့်ပြီးတဲ့အခါ ခဏထားပေးပြီးမှ တစ်ဖက်ကိုစောင်းချခိုင်းလိုက်ပါ။

နားကျပ်ဂွမ်း အသုံးပြုပါ – အသုံးပြုပေးတဲ့နည်းကရေစိုဝတ်ကိုသုံးတဲ့နည်းအတိုင်းပါပဲ။ နားကျပ်ဂွမ်းစလေးမှာရေနွေးစွတ်ပေးလိုက်ပါ။ပြီးရင် နားအပြင်ဘက်ကိုဖြည်းဖြည်းချင်းပွတ်တိုက်သန့်စင်ပေးပါ။ နားထဲက နာဖာချေးတွေအပြင်ထွက်လာတဲ့အခါ သုတ်သင်ပေးလိုက်ရုံပါနော်။

Baby Oil ကိုသုံးပေးပါ – ကလေးရဲ့ နားတွင်းထဲကို Baby Oil အစက်ချပေးပါ။ ဒီလိုလုပ်ပေးတဲ့အခါ နာဖာချေးတွေပျော်ပြီး နားအပြင်ဘက်ကို အလါယ်တကူထွက်လာမှာပါ။ ဒီနည်းကဘေးကင်းစိတ်ချစွာနဲ့ ကလေးကို နားသန့်ရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခုပေါ့။

ကလေးနားသန့်ရှင်းပေးတဲ့အခါဆောင်ရန်၊ရှောင်ရန်အချက်များ

နားသန့်ရှင်းပေးတာက ကြည့်တော့သာ ဘာမှမဟုတ်ဘူးထင်ရပေမယ့် တကယ်တမ်းလုပ်ဖို့ကျခက်ခဲတယ်နော်။ ကလေးက ငယ်လေလေ ပိုဂရုစိုက်ရလေလေပါ။ ဒီတော့ နုနယ်လွန်းတဲ့ ကလေးရဲ့နားကို သန့်စင်ပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေတော့ သတိထားပေးပါနော်။

ဆောင်ရန်အချက်များ

  • ကလေးကိုငြိမ်ငြိမ်လေးနေအောင် ထိန်းထားပါ။
  • ရေစိုဝတ်စသန့်သန့်လေး ဒါမှမဟုတ် ဂွမ်းစသန့်သန့်လေးသုံးပေးပါ။
  • နားဖားချေးက နားတွင်းနက်နက်ထဲရောက်နေမယ်ဆိုရင် ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။

ရှောင်ရန်အချက်များ

  • ကလေးနားထဲကို ချွန်ထက်တဲ့အရာတွေသုံးပြီး မကလော်ပါနဲ့။
  • နားကျပ်ဂွမ်းတံသုံးပြီး နားအတွင်းပိုင်းထဲကို ကလော်တာမျိုးမလုပ်ပါနဲ့။
  • နားထဲကိုရေအေးထည့်ပြီး နာဖာချေးထွက်လာအောင် မလုပ်ပါနဲ့။
  • နားထဲကိုရေအရှိန်နဲ့လောင်းထည့်တာမျိုးမလုပ်ပါနဲ့။
  • နားထဲကို ခက်ခက်ခဲခဲကလော်ပေးတာမျိုးမလုပ်ပါနဲ့။

ဒီနည်းလေးတွေက ကလေးကို နားသန့်ရှင်းရေးလုပ်ပေးရာမှာ အသုံးဝင်မှာပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။