သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ ဆိုတော့ သွေးပေါင်ကျနေသူကို ဆေးရုံဆေးခန်းကိုမပို့ခင်မှာ ဒီနည်လေးတွေသုံးပြီး ပြုစုပေးလို့ရပါတယ်။
သက်သောင့်သက်သာလှဲခိုင်းပါ– သွေးပေါင်ကျတာကြောင့် ခေါင်းမူးနေတယ် ဒါမှမဟုတ် ရီဝေဝေဖြစ်နေတယ်၊ သတိလစ်တာတွေဖြစ်မယ်ဆိုရင် အရင်ဆုံး သက်တောင့်သက်သာဖြစ်အောင်လှဲထားပေးပါ။ မျက်လုံးလေးတွေကို မှိတ်ထားခိုင်းပါ။ အသက်မှန်မှန်ရှူခိုင်းပါ။
ဓာတ်ဆားရည်တိုက်ပါ – ပါးစပ်ကနေသောက်လို့ရတဲ့ အငန်ဓာတ်ပါတဲ့ သောက်စရာတွေဖြစ်တဲ့ ဓာတ်ဆားရည်၊ သီးစုံဓာတ်ဆားနဲ့ အခြားသော ခန္ဓာကိုယ်အတွက် ဆားဓာတ်နဲ့ ရေဓာတ်ဖြည့်ပေးတဲ့ သောက်စရာလေးတွေကို တိုက်ပေးပါ။ အုန်းစိမ်းရည်တိုက်ပေးလို့လည်း ရပါတယ်။ ကိုယ်တွင်း Electrolyte တွေမျှတသွားစေဖို့အတွက်ပါ။ တစ်ခွက်စာကုန်အောင်တိုက်ပေးပါ။
ရေတိုက်ပါ – ဓာတ်ဆားအဆင်သင့်မရှိဘူးဆိုရင် ရေများများတိုက်ပေးလို့ရပါတယ်နော်။ ရေထဲကို ဆားနည်းနည်း၊ သကြားနည်းနည်းထည့်တိုက်လို့ရပါတယ်။ ဒီလိုတိုက်ပေးတာက သွေးပေါင်တက်စေသလို ကိုယ်တွင်း ဂလူးကို့စ်ပမာဏကိုလည်း တိုးတက်စေနိုင်ပါတယ်။
ဆားနည်းနည်းစားခိုင်းပါ – ဆားက သွေးပေါင်တက်စေဖို့ အမြန်ဆုံးလုပ်ပေးနိုင်မှာပါ။ ဒါကြောင့် ဆားလက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ စာလောက်ကို စားခိုင်းပေးပါ။
ဒါက အကြောင်းအရင်းခံ မယ်မယ်ရရ မရှိဘဲ သွေးပေါင်ကျတတ်သူတွေမှာပဲ အသုံးဝင်ပါတယ်။ ဒါတောင် မကြာခဏ ကျတတ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။
ရုတ်တရက် ဘာကြောင့်မှန်းမသိ သွေးပေါင်ကျရင်ပဲဖြစ်ဖြစ်၊ ခြေဖျားလက်ဖျားတွေ အေးစက်ပြီး သွေးပေါင်ကျရင်ပဲဖြစ်ဖြစ် ဒီနည်းလမ်းတွေကို အသာထားပြီး နီးရာဆေးရုံဆေးခန်းကို အမြန်ဆုံး သွားဖို့ လိုပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်အလွန်အကျွံ ဆုံးရှုံးတာ ဒါမှမဟုတ် ကိုယ်တွင်းသွေးယိုတာတွေကြောင့် ဖြစ်နိုင်လို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။