ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့

ယခုဆောင်းပါးသည် ပံ့ပိုးမှုဖြင့်ရေးသားထားသောဆောင်းပါးဖြစ်သည်။ ကျွန်ုပ်တို့၏ ကြော်ငြာနှင့်ပံ့ပိုးမှုမူဝါဒအချက်အလက်များကို ပိုမိုသိရှိလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အလုပ်ခွင်ထဲမှာ အချိန်ကြာမြင့်စွာအလုပ်လုပ်တဲ့အခါလေးကန်ထိုင်းမှိုင်းလာပြီး တက်တက်ကြွကြွနေနိုင်ဖို့က မလွယ်ကူတဲ့ကိစ္စရပ်တစ်ခုဖြစ်လာပါတယ်။

ဒီလိုဖြစ်တဲ့အခါလေးလံထိုင်းမှိုင်းနေတာကို သက်သာစေဖို့ လုပ်ဖြစ်တာတစ်ခုကကော်ဖီသောက်တာပါပဲ။ ဒါပေမယ့်ကော်ဖီကသောက်တိုင်းမကောင်းပါဘူး။ ခန္ဓါကိုယ်ထဲမှာ ကဖင်းဓါတ်များတဲ့အခါ စိတ်ဖိစီးတဲ့ခံစားမှုကို ခံစားရစေပြီး အိပ်မပျော်တာမျိုးတောင်ဖြစ်စေနိုင်ပါတယ်။

လေးလံထိုင်းမှိုင်းတာကို တိုက်ဖျက်ပြီး တစ်နေ့တာလုံး တက်ကြွလန်းဆန်းစေဖို့ ဒီအချက်လေး ၁၀ ချက်ကိုလုပ်ကြည့်ရအောင်လား။

(၁) အစားအသောက်တွေကိုသေချာစီစဉ်စားသုံးပေးပါ

စားသုံးမယ့်အစားအစာတွေထဲမှာ ခန္ဓါကိုယ်ကို လန်းဆန်းနေစေမယ့် အစားအသောက်မျိုးကိုရွေးပြီးစားသုံးပါ။ လူတော်တော်များများက အချိန်မရတာကြောင့် မနက်စာကို မစားဘဲထားလိုက်တာမျိုးရှိပါတယ်။ ဒါပေမယ့် မနက်စာကိုပြည့်ပြည့်ဝဝစားသုံးမှ အလုပ်ခွင် ဒါမှမဟုတ်ကျောင်းမှာတစ်နေ့တာလုံးလုပ်ငန်းဆောင်တာတွေလုပ်ဆောင်နိုင်ဖို့ ခွန်အားပြည့်ဝနေမှာပါ။ အစားအသောက်တွေစားသုံးတိုင်းမှာ သတိထားရမှာက သင့်တင့်မျှတတဲ့ အာဟာရဓါတ်တွေပါဝင်နေရဲ့လားဆိုတာပါ။ စားသုံးလိုက်တဲ့ အစားအသောက်တိုင်းမှာ ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိတ်တွေပါဝင်အောင်စားသုံးပေးပါ။ကောက်နှံတစ်ခုလုံး၊ အခွံမာသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ နဲ့ အသားဓါတ်တွေပါဝင်အောင်စားသုံးပေးပါ။ အရေးကြီးဆုံးအချက်တစ်ခုက ခန္ဓါကိုယ်မှာ ခွန်အားပြည့်ဝနေစေဖို့အတွက်သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိဖို့ပါ။ လုံလောက်တဲ့သွေးတွင်းသကြားဓါတ်ရှိနေမယ်ဆိုရင် တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေမှာပါ။

(၂) ထိုင်နေရာကနေ ထပြီး လမ်းနည်းနည်းပတ်လျှောက်ပါ

တကယ်လို့ သင်က စားပွဲခုံမှာထိုင်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင် အမြဲထိုင်နေတာမျိုးမလုပ်ဘဲ ခဏလောက်ထပြီး ၁၀ မိနစ်လောက်လမ်းပတ်လျှောက်လိုက်ပါ။ သုတေသနပြုလုပ်ချက်တွေအရ အရမ်းမပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ဆောင်ပေးတာက သတ်လတ်ပိုင်းအရွယ်တွေမှာ ခွန်အားပြည့်ဝအောင်လုပ်ဆောင်ပေးပါတယ်။လေ့ကျင့်ခန်းလုပ်တာက နှလုံးခုန်နှုန်းကို တိုးတက်ကောင်းမွန်စေပြီးသွေးကြောတွေကနေတဆင့် ဦးနှောက် နဲ့ ကြွက်သားတွေဆီကိုအောက်ဆီဂျင်တွေရောက်ရှိစေပြီး ခန္ဓါကိုယ်ကို လန်းဆန်းတက်ကြွနေစေမှာဖြစ်ပါတယ်။

(၃) လုပ်ဖော်ကိုင်ဖက်တွေနဲ့စကားစမြည်ပြောလိုက်ပါ

အလုပ်ခွင်ထဲမှာလေးလံထိုင်းမှိုင်းလာတဲ့အခါ ကိုယ့်ရဲ့ လုပ်ဖော်ကိုက်ဖက်တွေနဲ့ စကားစမြည်ပြောလိုက်ပါ။ email တို့ chatbox တို့ကနေမဟုတ်ဘဲ ထိုင်နေရာကနေ ထသွားပြီး စကားပြောခိုင်းတာပါ။ အလုပ်ကိစ္စတွေပြောနိုင်သလို နိုင်ငံရေးအကြောင်းအရာမျိုးဖြစ်ဖြစ်၊ ဟာသတစ်ခုခု ဒါမှမဟုတ် ပုံပြင်တွေလိုမျိုး စိတ်ဝင်စားစရာကောင်းမယ့် အကြောင်းအရာတွေကိုပြောပေးပါ။ လူသားတွေက သက်ရှိတွေဖြစ်တာကြောင့် တစ်ဦးနဲ့တစ်ဦးပြောဆိုဆက်ဆံတာက အပြုအမူပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ လှုံ့ဆော်ပေးပါတယ်။ ကိုယ့်အနီးဝန်းကျင်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောတာက စိတ်ကိုအပြောင်းအလဲဖြစ်စေပြီး တက်ကြွလန်းဆန်းစေမှာပါ။

(၄)နေရောင်ခြည်နဲ့ထိတွေ့လိုက်ပါ

လေ့လာချက်တွေအရနေရောင်ခြည်နဲ့ထိတွေ့တာက ဦးနှောက်ကို စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့serotoninဟော်မုန်းကို ထုတ်လွှတ်အောင်လှုံ့ဆော်ပေးပါတယ်။ ခန္ဓါကိုယ်ထဲမှာserotoninဟော်မုန်းပမာဏ များနေတဲ့အခါ အိပ်ချင်တာကိုဖြစ်စေတဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့melatoninဟော်မုန်း အလွန်အကျွံထွက်ရှိနေတာကိုလျော့ကျသွားစေပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀လောက်နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။နေရောင်ခြည်နဲ့ထိတွေ့မှုက စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့အပြင် ညဘက်မှာလည်းကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။

(၅) အသက်ခပ်ပြင်းပြင်းရှုပေးပါ

အသက်ခပ်ပြင်းပြင်းရှုတာက ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်တွေ ပိုမိုရောက်ရှိစေနိုင်ပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်သလို ခွန်အားလည်းပြည့်ဝစေပါတယ်။ လေကိုနှာခေါင်းနဲ့ဝအောင်ရှုပြီး ပါးစပ်ကနေပြန်ထုတ်ပေးပါ။ ၁၀ ကြိမ်လောက်လုပ်ဆောင်ပေးပါ။ အသက်ခပ်ပြင်းပြင်းရှုတာက စိတ်ဖိစိးမှုကိုလျော့ကျစေနိုင်သလို စိုးရိမ်မှုကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ခန္ဓါကိုယ်ကို ကျန်းမာသန်စွမ်းစေမှာပါ။

(၆)ရေသောက်ပါ

ခန္ဓါကိုယ်မှာရေဓါတ်နည်းပါးသွားတဲ့အခါလေးလံထိုင်းမှိုင်းလာတတ်တယ်ဆိုတာကို သိရဲ့လား။ ခန္ဓါကိုယ်ထဲမှာရေဓါတ်နည်းပါးနေတဲ့အခါ ခန္ဓါကိုယ်က လုပ်ငန်းဆောင်တာတွေကိုကောင်းစွာမလုပ်ဆောင်နိုင်တော့ဘဲ ပင်ပန်းနွမ်းနယ်လာနိုင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာရေဓါတ်နည်းလာတဲ့အခါ မအီမသာဖြစ်တာတွေခံစားရနိုင်သလို ထိုင်းမှိုင်းလာတာ၊ ခေါင်းကိုက်တာ၊ အိပ်ငိုက်တာ၊ အာရုံစိုက်ရခက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်း နိုင်တဲ့ နည်းလမ်းလေးကတော့ ရိုးရှင်းပါတယ်။ရေအေးအေးလေးတစ်ခွက်လောက်သောက်ပေးလိုက်ပါ။ရေဓါတ်ပြည့်ဝနေမှုကသွေးတွင်းအောက်ဆီဂျင်တွေရောက်ရှိမှုကိုကောင်းမွန်စေသလို ဆဲလ်တွေကိုလည်း အာဟာရတွေပြည့်ဝအောင်လုပ်ဆောင်ပေးပါတယ်။ ခွန်အားပြည့်ဝပြီး လန်းဆန်းတက်ကြွနေစေမှာလည်းဖြစ်ပါတယ်။

(၇) ခန္ဓါကိုယ်ကိုခေတ္တခဏ အနားပေးလိုက်ပါ

တစ်ချိန်လုံး ကွန်ပျူတာကို စိုက်ကြည့်နေတာက မျက်လုံးတွေကိုညောင်းညာစေပြီး အိပ်ချင်တာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် တစ်ချိန်လုံးကွန်ပျူတာကို စိုက်ကြည့်နေမယ့်အစား ခန္ဓါကိုယ်ကိုခဏလောက်အနားပေးလိုက်တာက ခန္ဓါကိုယ်ကို ပင်ပန်းနွမ်းနယ်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခန္ဓါကိုယ်ကို ၅ မိနစ်လောက်အနားပေးပြီး မျက်လုံးတွေညောင်းညာတာကို သက်သာစေနိုင်သလိုခေါင်းကိုလည်း ကြည်လင်စေမှာဖြစ်ပါတယ်။ မျက်လုံးတွေကို ကွန်ပျူတာပေါ်ကနေဖယ်လိုက်ပြီး မျက်လုံးမှိတ်ပြီး မိနစ်အနည်းငယ်လောက် ငြိမ်ငြိမ်လေးနေပေးတာကို လုပ်ပေးပါ။

(၈) အားပြည့်စေမယ့် သရေစာစားပေးပါ

တစ်နေ့တာလုံးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာတစ်မျိုးမျိုးကို ၄ နာရီခြားတစ်ခါ နည်းနည်းစီစားပေးပါ။ ခန္ဓါကိုယ်က စွမ်းအင်တွေလုံးဝမကုန်သွားခင်မှာ ခန္ဓါကိုယ်ကို လိုအပ်တဲ့အင်အားတွေ ဆက်လက်ပြည့်ဝနေအောင်လုပ်ဆောင်ပေးတာက အကောင်းဆုံးပါ။ အစာခြေစနစ်က စွမ်းအင်ကိုလိုအပ်တာကြောင့် အစားတွေအများကြီးစားသုံးတာက စိတ်ဖိစီးမှုကိုဖြစ်စေနိုင်သလိုခြေကုန်လက်ပန်းကျတာမျိုးကိုပါဖြစ်စေနိုင်ပါတယ်။ သံဓါတ်၊ ပရိုတင်းဓါတ်နဲ့အမျှင်ဓါတ်တွေလိုမျိုး အာဟာရဓါတ်တွေပါဝင်နေတဲ့ သရေစာလေးတွေကို စားသုံးပေးတာက တစ်နေ့တာလုံး ခွန်အားပြည့်ဝနေစေမှာဖြစ်ပါတယ်။

(၉) အလုပ်စားပွဲမှာထိုင်နေရင်း လှုပ်ရှားမှုလေးတွေလုပ်ပေးပါ

တစ်နေ့တာလုံး အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်နေရတာက ခန္ဓါကိုယ်ကို လှုပ်ရှားမှုနည်းစေနိုင်ပြီးလေးလံထိုင်းမှိုင်းစေတဲ့အချက်တွေထဲက တစ်ခုပါ။ ကံကောင်းတာတစ်ချက်က အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်ရင်း ကိုယ်လက်လှုပ်ရှားမှုတွေလုပ်လို့ရတာပါ။ခြေချောင်းလေးတွေလှုပ်ရှားပေးတာ၊ ပခုံးတွေကို လက်နဲ့နှိပ်နယ်ပေးတာ၊ ပခုံးတွေကိုလှုပ်ရှားပေးတာ၊ ဒူးတွေကိုမြှောက်ပြီးလေ့ကျင့်ခန်းလုပ်တာ၊ လည်ပင်းလေ့ကျင့်ခန်းလုပ်တာ၊ ဖနောင့်လေ့ကျင့်ခန်းလုပ်တာ၊ခြေချင်းဝတ်တွေကိုလေ့ကျင့်ခန်းလုပ်တာမျိုးလုပ်လို့ရပါတယ်။ ညှို့သကျည်း၊ခြေသလုံးကြွက်သားတွေကို နှိပ်နယ်ပေးပါ။ ဒီလိုမျိုးလှုပ်ရှားမှုတွေက ခန္ဓါကိုယ်ကိုသွေးစီးဆင်းမှုကောင်းစေပြီး ကြွက်သားတွေကိုပြေလျော့စေပါတယ်။

(၁၀) ညဘက်မှာ အိပ်ရေးဝဝအိပ်ပါ

လူတော်တော်များများ ညဘက်မှာကောင်းကောင်းအိပ်မပျော်တာက အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒီလိုညဘက်အိပ်မပျော်တာတွေက မနက်ခင်းနိုးထလာတဲ့အခါ အားအင်မပြည့်ဝတာနဲ့ စိတ်မကြည်လင်တာတွေကိုဖြစ်စေပါတယ်။ လူတိုင်းဟာ တစ်ညကို အိပ်ချိန် ၇ နာရီကနေ ၈ နာရီကြားရှိဖို့လိုပါတယ်။ ညဘက်အိပ်ပျော်စေဖို့ဆိုရင် အိပ်ရာမဝင်ခင်မှာ ကွန်ပျူတာသုံးတာ၊ တီဗွီကြည့်တာ၊ လက်တော့ပ်သုံးတာ၊ ဖုန်းသုံးတာတွေမလုပ်ပါနဲ့။ အဲ့ဒါတွေအစားရေနွေးနွေးလေးနဲ့ရေချိုးပြီး သီချင်းအေးအေးလေးတွေနားထောင်ပေးလိုက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

    ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

    ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေကို သတိထားဖို့ လိုမလဲ။ ဘယ်လိုတွေ ဂရုစိုက်ရမလဲ။ ကာကွယ်ဆေး ထိုတာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ဆံသားနဲ့ဦးရေပြားကို ထိန်းသိမ်းပါ

    ဦးရေပြားနဲ့ဆံသားကိုလည်း မျက်နှာအသားအရေလိုပဲ စောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါမယ်။ အကြောင်းကတော့ ဦးရေပြား ကျန်းမာမှ ဆံသားလည်း ကျန်းမာမှာပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

    ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 21, 2021 . 2 mins read
    PCR က ကိုဗစ်ရောဂါကို ဘယ်လောက်တိတိကျကျ စစ်ပေးနိုင်လဲ။

    PCR က ကိုဗစ်ရောဂါကို ဘယ်လောက်တိတိကျကျ စစ်ပေးနိုင်လဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
    ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

    ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
    ဘေဘီလေး နဲ့ ကြက်သွန်နီ

    ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read