အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 25, 2020 . 2 mins read
Share now

အမျိုးသမီးများအနေနဲ့ အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီးမှာ ဖြစ်ပါတယ်။ အမျိုးသမီးများအနေနဲ့ ကိုယ်အလေးချိန် တက်လာကြောင်း၊ ကိုယ်အလေးချိန်လျှော့ချဖို့ ခက်ခဲကြောင်း ဆိုကြပါတယ်။

အီစထရိုဂျင်ဟာ တကယ်လည်း ကိုယ်အလေးချိန် တက်လာခြင်းနဲ့ ဆက်စပ်နေပြီး ဟော်မုန်းအတက်အကျဟာ ကိုယ်အလေးချိန် အတက်အကျနဲ့လည်း ဆက်စပ်နေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အမျိုးသမီးများမှာ အီစထရိုဂျင်ဟော်မုန်းပမာဏနဲ့ ကိုယ်အလေးချိန် အတက်အကျကြား ဆက်စပ်မှု ဘယ်လိုရှိသလဲ ဖြစ်ပါတယ်။

အီစထရိုဂျင်ဆိုတာ ဘာလဲ

အီစထရိုဂျင်ဆိုတာဟာ အမျိုးသမီးများအတွက် အရေးကြီးတဲ့ ဟော်မုန်းနှစ်မျိုးအနက် တစ်မျိုးဖြစ်ပြီး အပျိုဖော်ဝင်ခြင်းနဲ့ ဓမ္မတာစက်ဝန်းလည်ပတ်ခြင်းအတွက် အရေးပါပါတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ အရိုးများကို သန်မာစေခြင်း၊ ဦးနှောက်နှင့် စိတ်ကျန်းမာရေး ကောင်းမွန်စေခြင်း စတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်ပါသေးတယ်။

အီစထရိုဂျင်ကို သားဥအိမ်များမှ အဓိက ထုတ်လွှတ်ပေးပါတယ်။ အဒရီနယ်ဂလင်းနဲ့ အဆီတစ်ရှူးတွေကလည်း အနည်းငယ် ထုတ်လွှတ်ပါတယ်။
အဓိကအားဖြင့် အီစထရိုဂျင်ကို အောက်ပါအတိုင်း သုံးမျိုးခွဲခြားနိုင်ပါတယ်။

၁။ Estrone (သို့) E1 (သွေးဆုံးပြီးချိန်မှာ ထုတ်လွှတ်ပါတယ်)
၂။ Estradiol (သို့) E2 (ကလေးမွေးနိုင်တဲ့ အသက်အရွယ်မှာ ထုတ်လွှတ်ပါတယ်)
၃။ Estriol (သို့) E3 (ကိုယ်ဝန်ဆောင်ချိန်မှာ ထုတ်လွှတ်ပါတယ်)

သွေးဆုံးခြင်း၊ အီစထရိုဂျင်ဟော်မုန်းနှင့် ကိုယ်အလေးချိန်

အမျိုးသမီးများမှာ အီစထရိုဂျင်ဟော်မုန်းပမာဏဟာ အကြောင်းမျိုးစုံနဲ့ ကျဆင်းနိုင်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ သွေးဆုံးခြင်းပဲ ဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ အမျိုးသမီးများရဲ့ မျိုးပွားဟော်မုန်းများ ကျဆင်းသွားပြီး ဓမ္မတာစက်ဝန်းလည်း ရပ်တန့်သွားပါတယ်။ အီစထရိုဂျင်ဟော်မုန်း တစ်မျိုးဖြစ်တဲ့ estradiol ဟာ သွေးဆုံးချိန်မှာ ကျဆင်းသွားပါတယ်။ အဆိုပါ ဟော်မုန်းဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုကို ပုံမှန်ဖြစ်အောင် ကူညီတာမို့ ကျဆင်းသွားချိန်မှာ ကိုယ်အလေးချိန်တက်လာတာမျိုး တွေ့ရပါတယ်။

အမျိုးသမီးများဟာ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ ခါးနဲ့ပေါင်မှာ စတင်အဆီစုပြီး ဝလာခြင်းကို သတိထားမိခဲ့ကြပါတယ်။ ဒါပေမယ့် သွေးဆုံးပြီးချိန်မှာတော့ ဗိုက်မှာ ပိုပြီး အဆီစုလာပါတယ်။ ဗိုက်မှာ စုလာတဲ့ အဆီတွေဟာ လူကို ပိုပြီး ဒုက္ခပေးတတ်ပါတယ်။ ဆီးချို၊ လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတချို့ဟာ ဝမ်းဗိုက်မှာ အဆီများပြားစွာ စုဝေးခြင်းနဲ့ ဆက်စပ်နေပါတယ်။

အမျိုးသမီးများ အသက်ကြီးလာတာနဲ့အမျှ အီစထရိုဂျင်ကျဆင်းလာတဲ့အပြင် လှုပ်ရှားမှုနည်းခြင်း၊ ကြွက်သားစိုင်များ ကျဆင်းလာခြင်းကြောင့် တနေ့တာ ကယ်လိုရီလောင်ကျွမ်းနှုန်းဟာ လျော့နည်းလာပါတယ်။

အီစထရိုဂျင်ဟော်မုန်း နည်းလာခြင်းရဲ့ လက္ခဏာများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ဓမ္မတာမမှန်ခြင်း၊ ထိန်ခြင်း
– ညအချိန်ချွေးထွက်ခြင်း
– အိပ်မပျော်ခြင်း
မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့ခြင်း
– လိင်စိတ်လျော့နည်းခြင်း
– သည်းမခံနိုင်ဖြစ်ခြင်း
– ခေါင်းကိုက်ခြင်း
– အရေပြားခြောက်သွေ့ခြင်း

အီစထရိုဂျင် မညီမျှခြင်းကို ဖြစ်စေသော အခြားအကြောင်းအရင်းများ

သွေးဆုံးခြင်းအပြင် အမျိုးသမီးများကို အီစထရိုဂျင်လျော့စေတဲ့ အကြောင်းအရင်းတွေ ရှိပါသေးတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

သားဥအိမ်အရည်တည်သော ရောဂါလက္ခဏာစု (Polycystic ovary syndrome)

အမျိုးသမီးများ သားဥအိမ်မှာ အရည်အိတ်လေးများ အများအပြားဖြစ်ပေါ်တဲ့ အခြေအနေဖြစ်ပြီး ဟော်မုန်းတွေ ဆိုးရွားစွာ မညီမျှခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ တက်စတိုစထရုန်းဟော်မုန်းကို မြင့်တက်စေပြီး အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေ မညီမျှခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ အခြေအနေမှာ ကိုယ်အလေးချိန်တက်ခြင်း၊ အင်ဆူလင်မတိုးခြင်း၊ နှလုံးရောဂါ စတာတွေကို ဖြစ်စေတတ်ပါတယ်။

မိခင်နို့တိုက်ခြင်း

အီစထရိုဂျင်ဟော်မုန်းဟာ ကလေးမွေးပြီး မိခင်နို့တိုက်နေချိန်မှာ လျော့နည်းနေတတ်ပါတယ်။ အဆိုပါအပြောင်းအလဲဟာ နို့ရည်ကို ပိုမိုထွက်ရှိလာစေဖို့ အားပေးပြီး သားဥကြွေခြင်း၊ နောက်ထပ်ကလေးရခြင်းကို တားဆီးပေးထားပါတယ်။

သားဥအိမ်ခွဲစိတ်ဖယ်ရှားထားခြင်း

ကျန်းမာရေးနဲ့ တခြားအခြေအနေအရ သားဥအိမ်တွေကို ခွဲစိတ်ဖယ်ရှားရတဲ့အခါ သွေးဆုံးသွားနိုင်ပါတယ်။ သားဥလည်း မကြွေတော့သလို အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေကို ထုတ်လုပ်ခြင်း မရှိတော့ဘူး။

ခံတွင်းပျက်ခြင်း

ဒီပြသနာကြောင့် ခန္ဓာကိုယ်ကနေ လုံလောက်တဲ့ အာဟာရဓာတ်နဲ့ ကယ်လိုရီ လုံလောက်စွာ မရနိုင်ရင် အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ခြင်းလည်း ကျဆင်းသွားနိုင်ပါတယ်။

ပြင်းထန်သော လေ့ကျင့်ခန်းများ

အပြင်းစားလေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါ အဆီဓာတ်လည်း လျော့နည်းသွားလို့ အီစထရိုဂျင်ပမာဏ ကျဆင်းသွားတတ်ပါတယ်။

အထက်ပါအကြောင်းခြင်းရာများ ကြုံတွေ့ချိန်မှာ အီစထရိုဂျင်ဟော်မုန်း နည်းပါးသွားပြီး ကိုယ်အလေးချိန် အတက်အကျအပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် ကျန်းမာရေးအတွက် သင့်တင့်မျှတအောင် စားသောက်နေထိုင်သင့်ပါတယ်။ အသေးစိတ်သိရှိလိုရင် ဆရာဝန် (သို့) နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိန်းမကိုယ်ပိုးဝင်ခြင်းအကြောင်း

အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် မိန်းမကိုယ်ရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းကြောင့် း ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ

အစာအိမ်အူလမ်းကြောင်းဟာ ကိုယ်ခံအား၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းဆိုင်ရာ ရောဂါများ၊ အရေပြားပြဿနာ၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကလေးတို့ ဝမ်းဗိုက်ပြဿနာ အဖြာဖြာရဲ့ စွမ်းအားရှင် ဘက်တီးရီးယားလေးတွေကို ဘယ်လို ပြန်ကျေးဇူးဆပ်ကြမလဲ။

လူကြီးတွေမှာ ဝမ်းဗိုက်ဆိုတာ ပြဿနာပေါင်းစုံပေးတတ်သလို ကလေးတွေမှာဆိုလည်း ဝမ်းလျှောတာကစလို့ လေနာ၊ ဝမ်းချုပ် အစုံဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

Gym ယုံတမ်းစကား ကြွက်သား ကိုယ်အလေးချိန် ကျန်းမာရေး အလှအပ ခန္ဓာကိုယ် ဝက်ခြံ ကျားဟော်မုန်း လိင်အင်္ဂါ လိင်မှုကိစ္စ သုက်လွှတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 3 mins read