အခြားသူတွေထက် ဘာကြောင့် ချွေးထွက်လွယ်ရသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 27, 2020 . 2 mins read
Share now

ချွေးထွက်ခြင်းဆိုတာ ခန္ဓာကိုယ်က အပူချိန်ကို ပြန်ကျအောင် ထိန်းညှိပေးဖို့အတွက် ဖြစ်လာရတဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုပူတဲ့အခါ၊ ပူပူစပ်စပ်တွေစားတဲ့အခါ၊ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ ခန္ဓာကိုယ်အပူချိန်တွေ တက်လာတဲ့အချိန်တွေမှာ လူတိုင်းချွေးထွက်ကြပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ ပုံမှန်အခြားသူတွေထက် ချွေးထွက်ပိုလွယ်တာ၊ ပိုများတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီဆောင်းပါးလေးမှာ အဲဒီလို ပိုပြီးချွေးထွက်လွယ်ရတာ ဘယ်လို အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာလေးတွေကို မျှဝေပေးသွားချင်ပါတယ်။

လိုအပ်တာထက်ပိုပြီး ချွေးထွက်များစေနိုင်တဲ့ အကြောင်းအရင်းများ

လိုအပ်တာထက်ပိုပြီးချွေးထွက်တာကို ဆေးပညာအခေါ်အဝေါ်အရ hyperhidrosis လို့ခေါ်ပါတယ်။

၁။ အကြောင်းအရင်းမရှိဘဲ ချွေးထွက်လွယ်ခြင်း

တချို့ကတော့ ဘာရောဂါအခံမှ မရှိဘဲ အခြားသူတွေထက်ပိုပြီး ချွေးထွက်လွယ်၊ ချွေးထွက်များတတ်ကြပါတယ်။ အဲဒီလို အကြောင်းအရင်းတစ်ခုခုမရှိဘဲ ချွေးထွက်လွယ်တဲ့သူတွေဟာ တစ်နေရာထဲတင်မက ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများမှာ ဖြစ်လေ့ရှိပါတယ်။ များသောအားဖြင့် ချိုင်း၊ မျက်နှာ၊ ပေါင်ခြံ၊ လက်ဖဝါး၊ ခြေဖဝါးနဲ့ ရင်သားနားတွေမှာ ချွေးထွက်များတတ်ပြီး လူပျိုဖော်၊ အပျိုဖော်ဝင်တဲ့ အချိန်တွေမှာ စပြီးဖြစ်တတ်ပါတယ်။ အဲလို ရောဂါအခံ (သို့) အကြောင်းအရင်းတစ်ခုခု မရှိဘဲချွေးထွက်လွယ်တဲ့ အမျိုးအစားကို primary hyperhidrosis လို့ခေါ်ပြီး မျိုးရိုးလိုက်တာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၂။ ဟော်မုန်းအပြောင်းအလဲကြောင့်

အမျိုးသမီးတွေ သွေးဆုံးချိန်မှာ တစ်ကိုယ်လုံးပူပြီး ညဘက်ချွေးတွေထွက်နိုင်သလို၊ ကိုယ်ဝန်ဆောင်အချိန်၊ ဟော်မုန်းအစားထိုးကုသမှုခံယူနေချိန် စတဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲများတဲ့ အချိန်တွေမှာလည်း အခြားသူတွေထက်ပိုပြီး ချွေးထွက်လွယ်နိုင်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်ဆိုရင်တော့ ချွေးထွက်လွယ်တဲ့ လက္ခဏာအပြင် ကိုယ်အလေးချိန်တက်လာတာ၊ မောပန်းလွယ်တာ၊ အသားအရေခြောက်သွေ့လာတာ၊ အပူဒဏ် (သို့) အအေးကို မခံနိုင်တာ စတဲ့ လက္ခဏာတွေနဲ့ တွဲပြီးတွေ့ရနိုင်ပါတယ်။

၃။ ဆီးချိုရောဂါ အခံကြောင့်

ဆီးချိုရောဂါအခံနဲ့ အချို့သောဆီးချိုဆေးတွေကြောင့် သွေးတွင်းအချိုဓာတ်နည်းသွားတဲ့အခါမျိုးမှာ ချွေးထွက်လွယ်ခြင်း၊ တုန်ရီလာခြင်း၊ နှလုံးခုန်သံ မြန်လာခြင်း စတဲ့ အခြေအနေမျိုးတွေ ခံစားရနိုင်ပါတယ်။

၄။ ရောဂါပိုးဝင်ခြင်းကြောင့်

TB ပိုးဝင်တဲ့သူတွေမှာ အားလုံးသိကြတဲ့ ဖျားခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ပိန်ချုံးချိနဲ့ခြင်းတွေအပြင် ချွေးထွက်လည်းများနိုင်ပြီး၊ နှလုံးအတွင်းအခန်းများကို ပိုးဝင်ခြင်း၊ အရိုး ပိုးဝင်ခြင်း၊ HIV ပိုးဝင်ခြင်း စတဲ့ အခြေအနေတွေမှာလည်း သာမာန်လူတွေထက် ပိုပြီး ချွေးထွက်များနိုင်တာကြောင့် ရောဂါပိုးဝင်ခြင်း လက္ခဏာတွေကိုလည်း သတိထားဖို့လိုအပ်ပါတယ်။

၅။ အခြားအကြောင်းအရင်းများ

စိတ်ကျဝေဒနာ ကုသဆေးတွေ၊ ဆီးချိုဆေးတွေ သောက်သုံးနေသူတွေ၊ စိတ်ကစဉ့်ကလျားရောဂါ၊ သွေးကင်ဆာ၊ လည်ပင်းရှိ သိုင်းရွိုက်ဂလင်း ရောဂါ စတဲ့ ရောဂါတွေကို ခံစားနေရတဲ့ သူတွေမှာလည်း ချွေးထွက်လွယ်တဲ့ ပြသနာဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ကို ပြသင့်လဲ။

၁။ ရာသီဥတုမပူဘဲ၊ လှုပ်လှုပ်ရှားရှားမရှိဘဲ ချွေးအလွန်အမင်းထွက်နေရင်။

၂။ ချွေးထွက်လွယ်ခြင်းနဲ့အတူ အကြောင်းအရင်းမရှိဘဲ အခြားရောဂါလက္ခဏာတွေခံစားလာရရင်။

၃။ အဲဒီလို ချွေးထွက်များခြင်းက သင့်ရဲ့ နေ့စဉ်ဘဝ၊ လုပ်ငန်းဆောင်တာတွေနဲ့ စိတ်ခံစားချက်ကိုပါ အနှောက်အယှက်ဖြစ်လာရင်။

၄။ ချွေးထွက်များခြင်းကို ဘယ်လိုနည်းနဲ့မှ သက်သာအောင် မလုပ်ဆောင်နိုင်ရင်။

စတဲ့ အခြေအနေမျိုးဖြစ်လာရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

ကျန်းမာကြပါစေ။

ရေးသားသူ – Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အနီရောင် ဂေါ်ဖီထုပ်ကပေးတဲ့ ကျန်းမာရေး

အနီရောင်ဂေါ်ဖီထုပ် ကျန်းမာရေး အာဟာရတန်ဖိုး ကျန်းမာရေး ကယ်လ်လိုရီ ပရိုတင်း ကယ်လ်ဆီယမ် ပိုတက်ဆီယမ် သံဓာတ် ကိုယ်ခံအား ဗီတာမင် C သွေးဖြူဥဆဲလ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပဲနို့ကပေးတဲ့ အလှအပ

မနက်ခင်း ပဲနို့ အဆာပြေ အလှအပ ခန္ဓာကိုယ် အရွယ်တင်စေတယ် ကြက်ဥအကာ အရေးအကြောင်း ရေဓာတ် အသားအရေ အစိုဓာတ် ဆံပင် အဖျားနှစ်ခွ ဆံသား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ချွေးထွက်ခြင်း၏ အကျိုးကျေးဇူးများ

ချွေးထွက်ခြင်း အကျိုးကျေးဇူးများ ကိုယ်ခန္ဓာအပူချိန် ကိုယ်အလေးချိန် ချွေးပေါက် ဆံပင် ဘက်တီးရီးယား အဆိပ်အတောက် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ

ချွေးထွက်ခြင်း ကိုယ်ခန္ဓာအပူချိန် ကျန်းမာရေး အရေပြား ချွေးနံ့ပျောက်ဆေး ချွေးဂလင်း ရေခဲတုံး အစားအစာ ဆီးအိမ်ပြဿနာ ရေဓာတ်ပြည့်ဝ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
လက်ဖဝါးတွေက ချွေးထွက်လွန်းနေလား

လက်ဖဝါးတွေက ချွေးထွက်လွန်းနေလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read
ခြေသည်း မှိုစွဲတဲ့အခါ

ခြေသည်း မှိုစွဲတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 2 mins read
အသက်က ငယ်ငယ် ဆံပင်ဖြူ လေးနဲ့ရယ်

အသက်က ငယ်ငယ် ဆံပင်ဖြူ လေးနဲ့ရယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read