ဆဲလ်သေတွေဖယ်ရှားပါ
အသားအရေအမျိုးအစားတိုင်းကျော်သွားလို့မရတဲ့ အဆင့်တစ်ခုပါ။ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက် ဆဲလ်သေတွေဖယ်ရှားပေးပါ။ ဒါမှ ကျန်းမာစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။
တိုနာသုံးပါ
အဆီပြန်တတ်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ တိုနာကို ဂွမ်းစသန့်သန့်လေးမှာ ဆွတ်ပြီး မျက်နှာပြင်အနှံ့ကို သုံးပေးပါ။ အယ်လ်ကိုဟောနဲ့အမွှေးနံ့ကင်းတဲ့ တိုနာမျိုးကိုသုံးပေးပါ။
Moisturizer သုံးပါ
အဆီပြန်နေတာပဲ အစိုဓါတ်ထိန်းဖို့ မလိုဘူးလို့ မထင်ပါနဲ့နော်။ ဘယ်အသားအရေအမျိုးအစားပဲဖြစ်ဖြစ် အသားအရေနဲ့ လိုက်ဖက်မယ့်Moisturizer လူဖို့လိုပါမယ်နော်။ အစိုဓါတ်ထိန်းမှာ Sebum ထွက်ရှိမှုကို တားဆီးနိုင်မှာပါနော်။ ဒါကြောင့် ဒီအဆင့်လေးကိုလည်းကျော်မသွားပါနဲ့နော်။
Sunscreen လိမ်းမယ်
အဆီပြန်တာပိုဆိုးသွားမယ်ဆိုပြီးနေလောင်ကာခရင်မ်မလူးဘဲမနေပါနဲ့နော်။ အသားအရေကို ထိခိုက်နိုင်တာကြောင့်ပါ။ ဒါကြောင့် အဆီပါဝင်မှုနည်းတဲ့နေလောင်ကာခရင်မ်ကို လူးပေးပါနော်။
မျက်နှာပေါင်းတင်မယ်
တစ်ပတ်ကိုတစ်ကြိမ်လောက်တော့ လုပ်သင့်တဲ့အရာပေါ့။ မျက်နှာပေါင်းတင်တဲ့အခါ အသင့်တော်ဆုံးဖြစ်မယ့်mask အမျိုးအစားတွေက Clay mask နဲ့Charcoal-Based mask တို့က အဆင်ပြေဆုံးပါနော်။
စိတ်ဖိစီးမှု ကင်းနိုင်သမျှ ကင်းအောင်နေဖို့နဲ့၊ အသီးအရွက်များများစားဖို့၊ရေသောက်ဖို့ နဲ့ အချိုတွေလျှော့စားဖို့ မမေ့ပါနဲ့နော်။ ဒီအဆင့်လေးတွေကို သတိထားလုပ်ဆောင်ကြည့်ပြီးအဆီပြန်တာကြောင့် အလှအပကိုမထိခိုက်အောင် ထိန်းသိမ်းစောင့်ရှောက်လိုက်ပါနော်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။