ခုံပေါ်က အာလူးလေးတွေ မဖြစ်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

ခုံပေါ်က အာလူးလေးဆိုတာ Couch potato ဆိုတဲ့ အင်္ဂလိပ်စကားကို မြန်မာလို တိုက်ရိုက်ပြန်ဆိုလိုက်ခြင်း ဖြစ်ပါတယ်။ Couch potato ဆိုတာဟာ ကိုယ်လက်လှုပ်ရှားခြင်းမရှိဘဲ တချိန်လုံး ခုံပေါ်မှာ ထိုင်နေပြီး တီဗီကြည့်နေသူေတွကို တင်စားပြီးခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ အိပ်ရာပေါ်၊ ထိုင်ခုံပေါ်က မထဘဲ တချိန်လုံး ဖုန်းပွတ်နေသူတွေလည်း ဒီအဓိပ္ပါယ်မှာ အကျုံးဝင်ပါတယ်။

တချိန်လုံးထိုင်နေခြင်းဟာ ဘာဖြစ်မလဲ

မလှုပ်မရှားဘဲ တချိန်လုံးထိုင်နေခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေတယ်လို့ မဲလ်ဘုန်းက သွေးတိုးနဲ့ဆီးချိုဆိုင်ရာ ကုသမှုဌာနက ဒေါက်တာဒေးဗစ်ဒန်စတန်က ဆိုပါတယ်။ တနေ့တာကို တီဗီရှေ့မှာတင်ထိုင်ပြီး အချိန်ဖြုန်းနေသူတွေဟာ မြန်မြန်သေဆုံးနိုင်ခြေရှိတယ်လို့ သူက ဘွင်းဘွင်းပဲ ပြောခဲ့ပါတယ်။ သူဟာ အကြောင်းမဲ့တော့ ပြောတာမဟုတ်ပါဘူး။ တနေ့ကို တီဗီရှေ့မှာ ၄နာရီလောက် အချိန်ပေးနေသူတွေဟာ ၂နာရီအောက်ပဲ အချိန်ပေးသူတွေထက်စာရင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၈၀% ပိုများတယ်ဆိုတဲ့ သုတေသနရလဒ်အရ ပြောခဲ့ခြင်း ဖြစ်ပါတယ်။

ဘယ်အရာတွေက သင့်ကို ထိုင်ခုံပေါ်တွန်းပို့မလဲ

သင့်ကို ထိုင်ခုံပေါ်က အာလူးလေးအဖြစ်ပြောင်းလဲစေမယ့် အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ တီဗီ

သင်စိတ်ဝင်စားတဲ့ ဇာတ်လမ်းတွဲတွေ၊ ရုပ်သံအစီအစဉ်တွေဟာ သင့်ကို ခုံပေါ်ကနေ ထိုင်ရာမထဖြစ်စေပါတယ်။ သင်ဟာ ဇိမ်ယူဖို့ ကော်ဖီ၊ အာလူးကြော်အချိုရည် စတာတွေကို ဘေးနားမှာ ယူထားလိုက်ရင် အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။

၂။ ဗီဒီယိုဂိမ်း

တီဗီဇာတ်လမ်းတွဲကမှ ဒီအတိုင်းထိုင်ကြည့်နေရတာပါ။ ဗီဒီယိုဂိမ်းတွေကတော့ သင့်ရဲ့ အနိုင်မခံအရှုံးမပေးတဲ့စိတ်ကိုပါ နှိုးဆွပြီး ခုံပေါ်မှာသံမှိုစွဲထားသလို ဖြစ်စေပါတယ်။ ဦးနှောက်နဲ့အာရုံကြောကိုပါ အားစိုက်ရတာကြောင့် ပိုပြီး ပင်ပန်းစေပါတယ်။

၃။ စမတ်ဖုန်း

လူမှုကွန်ရက်တွေဟာ စမတ်ဖုန်းမျက်နှာပြင်ပေါ်ကိုပဲ တချိန်လုံး သင့်စိတ်ကိုရောက်နေစေမယ့် အကြောင်းဖြစ်ပါတယ်။ စမတ်ဖုန်းဂိမ်းများဟာလည်း သင့်ကို ဆွဲဆောင်နေမှာ အမှန်ဖြစ်ပါတယ်။

၄။ လုပ်ငန်းခွင်ကွန်ပျူတာ

သင့်ကို ထိုင်ရာမထဖြစ်စေတဲ့ အကြောင်းအရာတွေမှာ သင့်အလုပ်စားပွဲရှေ့က ကွန်ပျူတာလည်း ပါဝင်ပါတယ်။ အလုပ်ကြိုးစားသူတယောက်အနေနဲ့ ဂုဏ်ယူချင်ဂုဏ်ယူပါ။ ဒါပေမယ့် အလုပ်စားပွဲဟာ သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့အရာဖြစ်သွားရင် မကောင်းပါဘူး။ တန်ဆေးလွန်ဘေးပါပဲ။

ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေမလဲ

သင့်အနေနဲ့ အထိုင်များရင် ဘယ်လိုပြဿနာတွေ ကြုံနိုင်မလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်။

၁။ နှလုံး

သင်ဟာ အထိုင်များသွားရင် သင့်ကြွက်သားတွေဟာ ကိုယ်ခန္ဓါအဆီတွေကို လောင်ကျွမ်းမှုလျော့နည်းသွားစေပါတယ်။ အဲဒီအခါ သွေးလည်ပတ်မှုဟာ ပိုမိုစေးကပ်နှေးကွေးသွားပြီး အဆီဓါတ်တွေပုံလာရင် သင့်နှလုံးကို ဒုက္ခပေးနိုင်ပါတယ်။

၂။ အဝလွန်ခြင်းနှင့် ဆီးချို

လှုပ်ရှားမှုနည်းပါးသွားတဲ့အခါ အဝလွန်ခြင်းပြသနာဝင်လာပြီး အမျိုးအစား ၂ ဆီးချိုဖြစ်လာနိုင်ခြေ ရှိပါတယ်။

၃။ အူမကြီးကင်ဆာ

အချိန်ကြာကြာ မလှုပ်မရှားအထိုင်များရင် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေတယ်လို့ သုတေသနတွေအရ သိရပါတယ်။

၄။ ဦးနှောက်အာရုံကြော

အထိုင်များသွားရင် ကိုယ်ခန္ဓါမှာ သွေးလည်ပတ်မှုနှေးကွေးပြီး ဦးနှောက်ဆီ အောက်ဆီဂျင်ပို့ဆောင်နှုန်း ကျဆင်းသွားပါတယ်။ ဒါ့အပြင် တီဗီ၊ ဖုန်း စတဲ့မျက်နှာပြင်တွေကို အာရုံစူးစိုက်ကြည့်နေခြင်းဟာ ရေရှည်မှာ ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်စေပါတယ်။

၅။ နောက်ကျောတက်ခြင်း

အချိန်ကြာမြင့်စွာနဲ့ ပုံစံတမျိုးတည်းနဲ့ ထိုင်နေမယ်ဆိုရင် သင့်လက်ပြင်ကြွက်သားများအပါအဝင် နောက်ကျောပိုင်းကြွက်သားတွေ တောင့်တင်းခြင်း၊ ဇက်ကြောတက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

၆။ သွေးလည်ပတ်မှုမကောင်းခြင်း

အထိုင်များလွန်းရင် သွေးလည်ပတ်မှုမကောင်းတဲ့အပြင် ခြေသလုံးအတွင်းပိုင်းက သွေးကြောတွေထဲမှာ သွေးခဲခြင်းဖြစ်လာနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

၁။ Alarm ပေးထားပါ။

သင် တီဗီပဲကြည့်နေသည်ဖြစ်စေ၊ ဖုန်းသုံးနေသည်ဖြစ်စေ၊ အလုပ်စားပွဲမှာ ထိုင်နေသည်ဖြစ်စေ အားလပ်ချိန်ရနိုင်အောင် alarm ပေးထားပါ။ ကောင်းတာကတော့ နာရီဝက်တခါလောက် ထိုင်ရာကနေထပြီး အကြောလျှော့ခြင်း၊ ဟိုလျှောက်ဒီလျှောက်လုပ်ခြင်း စတာတွေလုပ်သင့်ပါတယ်။ ခဏနားဖို့ မေ့နေမှာစိုးရင် နှိုးစက်ပေးထားပါ။

၂။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းထလုပ်ပါ။

အိမ်မှာတီဗီကြည့်နေရင်းကပဲ ခဏတဖြုတ်လောက်တော့ ထပြီး ကိုယ်လက်လှုပ်ရှားလုပ်ပါ။ ရုံးမှာဆိုရင်လည်း သင့်စားပွဲဘေးမှာ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စုပြီး ကိုယ်လက်လုပ်ရှားလုပ်ရင် ပိုပြီး ပျော်စရာကောင်းတဲ့အပြင် ပေါင်းသင်းဆက်တံရေးကိုပါ တိုးတက်စေပါတယ်။

၃။ လမ်းလျှောက်ပါ။

နေ့လယ်စာစားပြီးရင် ချက်ချင်းမထိုင်ဘဲ လမ်းပတ်လျှောက်ပါ။ တီဗီကြည့်နေရင်းကလည်း ခဏနားပြီး လမ်းလျှောက်ပါ။ လေကောင်းလေသန့်ရတဲ့နေရာမှာ လျှောက်နိုင်ရင် အကောင်းဆုံးပါပဲ။

၄။ ပန်းကန်ထဆေးပါ။

သင်ထမင်းစားပြီးပြီဆိုပါစို့။ ပန်ကန်တွေကို ချက်ချင်းမဆေးပါနဲ့ဦး။ လုပ်စရာရှိတာတွေ အရင်လုပ်ပါ။ ပြီးမှ တီဗီရှေ့က အလုပ်စားပွဲရှေ့ကထပြီး ပန်းကန်သွားဆေးလိုက်ပါ။ အပြောင်းအလဲဖြစ်တဲ့အပြင် အနည်းဆုံးတော့ လုပ်လက်စအရတွေကနေ ခဏတဖြုတ်အနားရစေပါတယ်။

၅။ အပင်စိုက်ပါ။

တီဗီရှေ့မှာတင် အချိန်မဖြုန်းဘဲ ခြံထဲဆင်းပါ။ အပင်ရေလောင်းပါ။ သင်စိုက်ထားတဲ့ ပန်းပင်တွေကြားလမ်းလျှောက်ပြီး လေကောင်းလေသန့်ရှူရှုက်ပါ။

၆။ ပျော်ပွဲစားထွက်ပါ။

အလုပ်စားပွဲရှေ့၊ တီဗီရှေ့မှာပဲ သင့်ကို အချိန်မကုန်စေဘဲ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့ တခါတရံ ပန်းခြံထဲဖြစ်ဖြစ်၊ စားသောက်ဆိုင်တခုမှာဖြစ်ဖြစ် သွားရောက်ပြီး အတူစားသောက်ပါ။ တီဗီထဲ၊ ဗီဒီယိုဂိမ်းထဲမှာပဲ နစ်မနေစေဘဲ လက်တွေ့ကမ္ဘာထဲမှာ သင့်ကို ပျော်ရွှင်တက်ကြွစေပါလိမ့်မယ်။

အချုပ်အနေနဲ့ပြောရမယ်ဆိုရင် တီဗီ၊ ဗီဒီယိုဂိမ်း၊ စမတ်ဖုန်း၊ ကွန်ပျူတာ စတာတွေရှေ့မှာပဲ တချိန်လုံးထိုင်နေပြီး မိမိကိုယ်ကို ဒုက္ခမပေးပါနဲ့။ သင့်ကျန်းမာရေးအတွက် အပြင်လောကကိုထွက်ပါ။ လေကောင်းလေသန့်ရှူပါ။ ကိုယ်လက်လှုပ်ရှားလုပ်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အိမ်မှာအင်ဆူလင် ဘယ်လိုထိုးမလဲ။

    ဆီးချိုရှိတဲ့အခါ ဆေးသောက်တာအပြင် အင်ဆူလင်ထိုးတာကလည်း ဆီးချိုအတွက် ကုသမှု နည်းလမ်းတစ်ရပ်ပါ။ ဒီလို အင်ဆူလင် ထိုးတာကို အမှန်ကန်ဆုံး ဘယ်လိုထိုးမလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေသိထားသင့်လဲ

    ကိုယ်ဝန်ဆောင်မိခင် ကနေ ကလေးဆီကို ကိုဗစ်ပိုးကူးစက်တာမျိုး မတွေ့ရသေးပေမယ့် မိခင်တွေဟာ ကူးစက်ခံရရင် သူများထက် အန္တရာယ်ရှိတာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ

    အိမ်အလုပ်တွေ၊ ရုံးအလုပ်တွေကို ဇယ်ဆက်သလို လုပ်ရလို့ ဖြစ်ဖြစ် ခါးတွေက ညောင်းနေတာပဲ။ ကိုက်ခဲနေတာပဲ။ အနှိပ်ခံ ချင်လိုက်တာဆိုသူတွေရှိလား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

    သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာက ဆီးချိုကို ကာကွယ်ရာ ရောက်သလို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။ 

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

    ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
    အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

    အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
    ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။

    ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thurein Hlaing Win
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 2 mins read
    ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

    ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 3 mins read