လေဖြတ်နိုင်ခြေ အန္တရာယ်ကိုဘယ်လိုလျှော့ချမလဲ
လေဖြတ်မယ့် ရှေ့ပြေးလက္ခဏာတွေ ကြုံရရင်၊ လေဖြတ်မယ်ထင်ရတဲ့ ကြုံနေကြမဟုတ်တဲ့ ကိစ္စကြုံရင် ဆေးဝါးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။ စောစီးစွာသိတာဟာ ရောဂါဖြစ်ပွားမှုကို လျော့ကျစေပြီး လေဖြတ်ခြင်းကိုတောင် ရှောင်ရှားစေနိုင်ပါတယ်။
လက္ခဏာအများစုကတော့ ရောဂါရှာဖွေဖို့လိုအပ်တဲ့ အာရုံကြောဆိုင်ရာ ပြသနာတွေ ဖြစ်နေတတ်ပါတယ်။ သွေးဖောက်စစ်ဆေးတာ၊ ပုံရိပ်ဖော်စစ်ဆေးတာတွေ လိုအပ်ပါတယ်။ တချို့ကိစ္စတွေမှာ အသစ်သိရှိထားတဲ့ ဖြစ်နိုင်ခြေတွေကို ထည့်သွင်းလုပ်ဆောင်ဖို့လိုပါတယ်။
လေဖြတ်ခြင်းအန္တရာယ်ကို လျှော့ချနိုင်ဖို့ အောက်ပါ အချက်အနည်းငယ်ကိုလုပ်ဆောင်နိုင်ပါတယ်။
- သွေးကြောရောဂါကုသပါ။ သွေးကြောတွေမှာ ရောဂါဖြစ်ခြင်းဟာ သွေးခဲကို ဖြစ်ပေါ်စေပြီး လေဖြတ်စေပါတယ်။
- ဆီးချိုကို ထိန်းချုပ်ပါ။ ဆီးချိုသမားမှာ သွေးတိုးခြင်းဟာ သွေးကြောတွေကို ပေါက်စေပါတယ်။ ဒါကြောင့် ဆီးချိုဆေးပုံမှန်သောက်ပြီး သွေးပေါင်ချိန်မှန်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးသင့်ပါတယ်။
- နှလုံးရောဂါအတွက် ဆေးကုသမှုခံယူပါ။ သွေးပေါင်ချိန်စစ်ဆေးပြီး မြင့်နေမယ်ဆိုရင် ပုံမှန်ရောက်အောင် လုပ်ဆောင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
- နှလုံးအားနည်းတာ၊ နှလုံးခုန်ပုံမှန် မဟုတ်တာဟာ ဦးနှောက်ထဲ သွေးပို့လွှတ်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။
- ဆေးလိပ်ဖြတ်ပြီး တရားမဝင်ဆေးဝါးတွေ သုံးစွဲခြင်းရှောင်ပါ။
- triglycerideနဲ့ ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် ထိန်းထားပါ။ ပုံမှန်လူအတွက်ဆိုရင် ဆေးကုသမှု မလိုဘဲ စားသောက်မှုပုံစံပြောင်းပေးရုံနဲ့ လုံလောက်ပါတယ်။
- ငါးများ၊ လတ်ဆတ်တဲ့အသီးအရွက်များ၊ ပရိုတိန်း၊ အမျှင်ဓာတ် စတဲ့ လေဖြတ်ခြင်းကို ကာကွယ်စေနိုင်တဲ့ စားသောက်မှုပုံစံကျင့်သုံးပါ။
- ကိုယ်လက်လှုပ်ရှားပါ။
- စိတ်ဖိစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။