ရင်သားဖွံ့ထွားလှပစေမယ့် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 21, 2020 . 2 mins read
Share now

အမျိုးသမီးတစ်ယောက်က တကယ်ကို လှပကြော့ရှင်းတယ်လို့ သတ်မှတ်ခံရဖို့ဆိုရင် မျက်နှာအသားအရေ နဲ့ ကိုယ်လုံးကိုယ်ပေါက်ကအစ အရာရာလှပဖို့ လိုအပ်ပါမယ်။ အမျိုးသမီး တော်တော်များများက သူတို့ရဲ့ အလှအပတရားနဲ့ ပတ်သက်ပြီး စိတ်တိုင်းကျတာ ရှားပါတယ်။ အဓိက စိတ်တိုင်းမကျကြတာက သူတို့ရဲ့ ရင်သားအရွယ်အစားနဲ့ပတ်သက်ပြီးတော့ပါ။ ဒီတော့ ရင်သားလေးကို သဘာဝအတိုင်း ဖွံ့ထွားလှပစေဖို့အတွက် အိမ်မှာတင်လုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

လေ့ကျင့်ခန်းက ရင်သားအရွယ်အစားအပေါ်ဘယ်လို သက်ရောက်မှုရှိပါသလဲ

လေ့ကျင့်ခန်းလုပ်တာက ခွဲစိတ်ပြုပြင်တာနဲ့ ဆေးတွေအသုံးပြုတာထက် ပိုစိတ်ချရပါတယ်။ ကြွက်သားတွေကို တည်ဆောက်ဖို့ ရိုးစင်းလွယ်ကူတဲ့လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးဖို့လိုအပ်ပါမယ်။ ရင်သားတစ်ဝိုက်က ကြွက်သားတွေကိုနေ့စဉ်လှုပ်ရှားမှုလုပ်ဆောင်ပေးတာက မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ လေ့ကျင့်ခန်းလုပ်တာတွေက ရင်သားကို သဘာဝအတိုင်း ဖွံ့ထွားလှပစေမှာပါ။

နံရံတွန်းတဲ့လေ့ကျင့်ခန်း

  • နံရံရှေ့မှာ ခပ်မတ်မတ်ရပ်ပေးပါ။
  • လက်ဖဝါး နှစ်ဖက်ကို နံရံမှာကပ်ထားပေးပါ။
  • လက်နှစ်ဖက်ကို ရင်ဘတ်နဲ့ တစ်တန်းတည်းအနေအထားနဲ့ ဆန့်ထုတ်ပေးပါ။
  • ပြီးရင် လက်ကိုဖြည်းဖြည်းချင်းကွေးပြီး ခန္ဓာကိုယ်ကို နံရံဆီကို တိုးကပ်ပါ။
  • ပြီးရင် နဂိုပုံစံအတိုင်း ပြန်နေပေးပါ။
  • နေ့စဉ် ၁၅ ကြိမ်လုပ်ပေးပါ။

လက်မောင်းလှည့်လေ့ကျင့်ခန်း

  • လက်နှစ်ဖက်ကို ပခုံးနဲ့ တစ်ညီတည်းဘေးဘက်ကို ဆန့်ထုတ်ပေးပါ။
  • အနောက်ဘက်ကိုဖြည်းဖြည်းချင်း စက်ဝိုင်းသဏ္ဍာန်လှည့်ပေးပါ။ တစ်မိနစ်ခန့် လုပ်ပေးပါ။
  • အရှေ့ဘက်ကိုဖြည်းဖြည်းချင်း စက်ဝိုင်းသဏ္ဍာန်လှည့်ပေးပါ။ တစ်မိနစ်ခန့်လုပ်ပေးပါ။
  • ပြီးရင်လက်မောင်းကို အပေါ်ကနေအောက်ဘက်ကိုဖြည်းဖြည်းချင်း အတင်အချလုပ်ပေးပါ။ တစ်မိနစ်ခန့်လုပ်ပေးပါ။
  • တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့်လုပ်ပေးပါ။
  • ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ လက်တစ်ဖက်မှာ ၂ပေါင်တုံးလေးတွေလိုမျိုး အလေးတုံးလေးတွေကိုင်ပြီး လုပ်ဆောင်ပေးလို့လည်းရပါတယ်။
လက်ဖဝါးချင်းထိလေ့ကျင့်ခန်း
  • ထိုင်ရင်းဖြစ်ဖြစ်၊ မတ်တတ်ရပ်ပြီးဖြစ်ဖြစ် လက်နှစ်ဖက်ကို ရင်ဘတ်နဲ့ တစ်တန်းတည်းရှေ့ကိုဆန့်ထုတ်ပေးပါ။
  • လက်ဖဝါးနှစ်ခုကို ထိကပ်ထားပေးပါ။
  • ပြီးရင် လက်နှစ်ဖက်ကို ဘေးဘက်ကို ပခုံးနဲ့တစ်တန်းတည်းအနေအထားထိ ဆန့်ထုတ်ပေးပါ။
  • ပြီးရင်ရင်ဘတ်ရှေ့ဘက်မှာ လက်ဖဝါးနှစ်ဖက်ကို ထိကပ်ပေးပါ။
  • တစ်မိနစ်ခန့်လုပ်ပေးပါ။
ဆုတောင်းပို့စ်
  • လက်ဖဝါးနှစ်ဖက်ကို ဆုတောင်းတဲ့ ပုံစံ ထိကပ်ထားပြီး လက်မောင်းတွေကို အရှေ့ဘက်ကိုဆန့်ထုတ်ပါ။
  • ပြီးရင်လက်မောင်းနှစ်ဖက်ကို ၉၀ ဒီဂရီကွေးပြီး လက်ဖဝါးတွေကို ရင်ဘတ်ရှေ့ဘက်ကို ထိကပ်ပေးပါ။
  • ၁၀ စက္ကန့်လောက်ထားပြီးရင် သက်တောင့်သက်သာအနေအထားပြန်နေပေးပါ။
  • ၁၅ ကြိမ်လောက်လုပ်ပေးပါ။
ဒေါင်လိုက် လက်ဖဝါးချင်းထိကပ်ခြင်း
  • လက်နှစ်ဖက်ကို ရင်ဘတ်နဲ့ တစ်တန်းတည်း အရှေ့ဘက်ကို ဆန့်ထုတ်ပေးပါ။
  • ပြီးရင် လက်မောင်းတွေကို ဒေါင်လိုက်အနေအထားနဲ့ ၉၀ ဒီဂရီကွေးပေးပါ။
  • လက်နှစ်ဖက်ကိုဘေးဘက်ကို ပခုံးနဲ့ တစ်တန်းတည်းဖြစ်တဲ့အထိဆန့်ထုတ်ပေးပါ။
  • ပြီးရင် လက်နှစ်ဖက်ကိုပြန်ကပ်ထားပေးပါ။
  • တစ်မိနစ်ကြာလုပ်ပေးပါ။

အလေးတုံးသုံးပြီးလေ့ကျင့်ခန်းလုပ်မယ်

  • ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ကိုထောင်လျက်သားအနေအထားနဲ့ လှဲနေပါမယ်။
  • လက်တစ်ဖက်စီမှာ အလေးတုံးတစ်ခုစီကို ကိုင်ပြီး လက်မောင်းတွေကို ရင်ဘတ်နဲ့တစ်တန်းတည်း အပေါ်ဘက်ကိုဖြည်းဖြည်းချင်းဆန့်ထုတ်ရပါမယ်။
  • ပြီးရင်လက်ကိုကွေးပြီးဖြည်းဖြည်းချင်းပြန်ချရပါမယ်။
  • ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါဖြည်းနိုင်သမျှဖြည်းဖြည်းချင်းလုပ်ရပါမယ်။
  • တစ်ခါလုပ်ရင် ၁၂ ခါနှုန်းနဲ့ ၃ ကြိမ်လုပ်ပေးပါ။

ရေမချိုးခင်မှာ ဒီလေ့ကျင့်ခန်းလေးတွေလုပ်ပြီး ရင်သားကို သဘာဝအတိုင်း ဖွံ့ထွားလှပအောင်ကြိုးစားလုပ်ဆောင်လိုက်ပါနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

တင်ပါးဆုံဆိုတာက  ဝမ်းဗိုက်အောက်ဘက်နားမှာရှိတဲ့ ဇလုံလို ခပ်ခွက်ခွက် အစိတ်အပိုင်းပါ။ ကျောရိုးကို ထောက်ကန်ပေးထားပြီး အတွင်းအင်္ဂါကို ကာကွယ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အားကစားလုပ်ရင်း မတော်တဆ ထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အရေပြားတစ်ထောက်စာလို့ ဆိုပေမယ့် အရေပြားကျန်းမာဖို့က အတော်လေး အရေးကြီးပါတယ်။ အရေပြားက ရုပ်ရည်သွင်ပြင်ပေါ်တင်သက်ရောက်တာမဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ ကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား................

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား…………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 26, 2021 . 2 mins read
အကြောလျှော့လေ့ကျင့်ခန်

အကြောဖြေလျှော့ လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
ဆံသားနဲ့ဦးရေပြားကို ထိန်းသိမ်းပါ

ဆံသားနဲ့ဦးရေပြား ကို ထိန်းသိမ်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read