ပဲထောပတ် ဆိမ့်ဆိမ့်လေးကြိုက်ကြလား……

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

နှပ်ပဲစားစား၊ ကြော်ပဲစားစား၊ ချက်ပဲစားစား ဆိမ့်နေတဲ့ပဲထောပတ်လေးကို ကြိုက်တဲ့သူများရှိလား။ ဒါဆိုရင်တော့ သင်က အရသာရှိတဲ့ ပဲထောပတ်လေးကိုစားရင်း အခုလိုအကျိုးကျေးဇူးလေးတွေ ရရှိစေမှာပါ။

ပဲထောပတ်ကပေးတဲ့ ကျန်းမာရေး

ပဲထောပတ်ဆိမ့်ဆိမ့်လေးက

သွေးတွင်းသကြားဓာတ်ကို ကျစေတယ်

ပဲထောပတ်မှာ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီအမျှင်ဓာတ်တွေက အူနံရံကို ရေဓာတ်နဲ့ အာဟာရဓာတ်တွေစုပ်ယူမှုကောင်းစေပြီး အစားစားပြီးချိန်မှာ သွေးတွင်းသကြားဓာတ်ကိုလျင်မြန်စွာမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်ဆီးချိုရှိသူတွေ၊ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းနည်းသူတွေအတွက်အထူးသင့်တော်ပါတယ်။

အရိုးတွေသန်မာစေတယ်

ပဲထောပတ်မှာ မဂ္ဂနိစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်တွေက အရိုးတွေကြံ့ခိုင်သန်စွမ်းစေနိုင်သလို အရိုးသိပ်သည်းဆကိုလည်း ကောင်းစေပါတယ်။ အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်အောင်ကာကွယ်ရာလည်းရောက်ပါတယ်။

သံဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ ပဲထောပတ်ကဆံသားကို အောက်ဆီဂျင်တွေပံ့ပိုးပေးနိုင်ပါတယ်။ ဒီလိုထောက်ပံ့ပေးမှုက ဆံသားတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။

အစာကြေစေနိုင်တယ်

ပဲထောပတ်မှာ အစာခြေစနစ်အတွက်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ပိုတက်ဆီယမ်က အစာခြေစနစ်ကိုကျန်းမာစေသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ 

အသားအရေလှပစေတယ်

ပဲထောပတ်မှာ ကော့ပါးကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်ကို အသည်းတွေမှာ အဓိကတွေ့နိုင်တာဖြစ်ပြီး အသားအရေကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးနိုင်သလို အရေပြားပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ 

အင်အားပြည့်စေတယ်

ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေမှုက ခွန်အားပြည့်ဝနေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကယ်လ်လိုရီနဲ့ အဆီပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတာကို ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ အင်အားပြည့်ဝပြီး တက်ကြွလန်းဆန်းနေစေမယ့် အစားအစာတစ်မျိုးပါ။

နှလုံးကျန်းမာစေနိုင်တယ်

ပဲထောပတ်က ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေပြီး သွေးတွင်းကိုလက်စထရောကိုလျှော့ချပေးနိုင်ပါတယ်။ ပဲထောပတ်စားသုံးပေးတာက ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာ နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်

လေ့လာမှုတွေအရ ပဲထောပတ်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေနဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်တွေပါဝင်နေပါတယ်။ ဒီဓာတ်တွေပါဝင်နေမှုကပဲ ကင်ဆာရောဂါဖြစ်နိုင်ခြေကို အထိရောက်ဆုံးလျှော့ချပေးနိုင်တာပါ။ အူမကြီးကင်ဆာနဲ့ အူလမ်းကြောင်းတလျှောက်မှာခံစားရနိုင်တဲ့ ကင်ဆာတွေကင်းစေဖို့ဆိုရင် ပဲထောပတ်က စားပေးသင့်တဲ့ အစားအစာတစ်ခုပေါ့။

အသည်းအဆီမဖုံးအောင် ကာကွယ်ပေးတယ်

အသည်းအဆီဖုံးတာက အရက်ကြောင့်တင်မဟုတ်ဘဲ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကြောင့်လည်းဖြစ်နိုင်ပါတယ်။ အသည်းအဆီဖုံးတာက နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြဿနာတွေလည်း မနည်းပါဘူး။ ဒီတော့ အကောင်းဆုံးကကြိုတင်ကာကွယ်တာပါ။ ဒီတော့ ကာကွယ်မှုတစ်ရပ်အနေနဲ့ ပဲထောပတ်ကို စားပေးလို့ရပါတယ်။ လေ့လာမှုအရကတော့ ပဲထောပတ်က အသည်းမှာအဆီဖုံးတာကို သက်သာစေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ် အချိုပွဲ အာဟာရ ကြွက်သား အရိုး မဂ္ဂနီဆီယမ် ကယ်လ်ဆီယမ် phosphorus ဇင့် အမျှင်ဓာတ် ဗီတာမင် B6 ပိုတက်စီယမ် ဗီတာမင် E

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon

ခေါင်းလျှော် တိုင်း လုပ်မိတတ်တဲ့ အမှား (၆) ခု

ခေါင်းလျှော် တဲ့အခါ မသိဘဲ အမြဲလုပ်‌နေမိတဲ့ အမှားလေးတွေက ဆံပင်ပျက်စီးစေ၊ အလှပျက်စေနိုင်တယ် ဆိုတာမိန်းကလေးတိုင်း သိထားသင့် ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

စိတ်ဓာတ်ကျခြင်းကို သက်သာစေမယ့် နနွင်း

ဟင်းခတ် ဟင်းချက် ခန္ဓာကိုယ် မီးဖိုချောင် စိတ်ကျန်းမာရေး နနွင်း ဓာတ်တိုးဆန့်ကျင်အာနိသင် ဟင်းလျာ အသားအရေ ရောင်ရမ်းမှု စိတ်ဓာတ်ကျ curcumin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

အသားဝါရောဂါ မျက်လုံး အဖြူသား အစားအစာ အသည်း ခန္ဓာကိုယ် သွေးဆဲလ်တွေ bilirubin အဆိပ်အတောက်တွေ မသန့်ရှင်းတဲ့ရေ အုန်းစိမ်းရည် ဟင်းသီးဟင်းရွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 7, 2020 . 2 mins read
လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြသနာများ

လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြသနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 7, 2020 . 3 mins read
ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။

အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read