တစ်ခါတလေမှာ ဒီလက္ခဏာတွေက အစာအိမ်မှာ ပိုးဝင်တာနဲ့ အခြားသောအစာခြေစနစ်ပြဿနာေတွကြောင့်ဖြစ်တယ်လို့ ထင်စရာအကြောင်းရှိပါတယ်။ ဒီလိုအနေအထားမျိုးမှာ ရောဂါကို ကုသတာမျိုးမလုပ်ဘဲ ခပ်ပေါ့ပေါ့နေရင်း အရက်တွေကို ဆက်လက်သောက်သုံးနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရောဂါဖြစ်ပွားမှုနှုန်းက မြန်လာပြီး ရောဂါကျွမ်းသွားတဲ့အထိဖြစ်လာနိုင်ပါတယ်။
အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ ဘာတွေကြောင့်ဖြစ်နိုင်သလဲ။
နှစ်ကာလရှည်ကြာစွာ အရက်ကို အတိုင်းအဆမရှိ အကြိုက်သောက်သုံးလာခဲ့တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ အသည်းမှာထိခိုက်လာပြီး အသည်းရောဂါတွေကို ခံစားရနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်တာကြောင့် ခံစားရနိုင်တဲ့ အသည်းရောဂါတွေထဲမှာ အဆိုးဆုံးကတော့ အသည်းခြောက်တာပါ။ အသည်းခြောက်တာက အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ (Alcoholic liver disease) ရဲ့ နောက်ဆုံးအဆင့်တစ်ရပ်ပေါ့။ ဒီရောဂါက အရက်အလွန်အကျွံသောက်တဲ့သူတိုင်းမှာဖြစ်တာမဟုတ်ပါဘူး။ အရက်ကို နှစ်ရှည်လများအလွန်အကျွံသောက်သူတွေမှာသာဖြစ်တာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။