ပဲနီလေး လို့ ပြောလိုက်ရင် မျက်လုံးထဲမှာ လိမ္မော်ရောင်ရင့်ရင့် ပဲစိသေးသေးလေးတွေကိုပြေးမြင်မယ်ထင်ပါတယ်နော်။ ကုန်ခြောက်ဆိုင်တွေမှာ အလွယ် တကူဝယ်ယူလို့ရနိုင်သလို ရာသီမရွေးစားသုံးလို့ရတဲ့ ပဲအမျိုးအစားတစ်မျိုးပါ။ ဟင်းရည်ချက်စားကြသလို ပဲနီလေးကို ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့နှပ်စားတာမျိုးလည်းရှိပါတယ်။ စားရတာနူးနူးညံ့ညံ့နဲ့စားကောင်းတဲ့ ဟင်းတစ်မျိုးပါ။
- နှလုံးကျန်းမာစေနိုင်တယ်
- ကိုယ်ဝန်ဆောင်မေမေတွေကို ကျန်းမာစေနိုင်တယ်
- ကင်ဆာ ကာကွယ်ပေးနိုင်တယ်
- ပင်ပန်းနွမ်းနယ်တာကို သက်သာစေတယ်
- အစာခြေစနစ်ကျန်းမာစေနိုင်တယ်