backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ

ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ ….. ရွှေဝါရောင်သန်းနေတဲ့ ရွှေဖရုံသီး ချိုချိုလေးက အသားအရေနဲ့ အမြင်အာရုံအတွက်တင်ကောင်းတာမဟုတ်ပါဘူး။ ဆီးချိုရှိသူတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဆီးချိုရှိရင် ရွှေဖရုံသီး စားလို့ရလား …….

ရွှေဖရုံသီးက စေးစေးချိုချိုလေး ဖြစ်တာကြောင့် ဆီးချိုရှိတယ်ဆိုရင် စားလို့ရပါ့မလားဆိုပြီး စိတ်ပူနေပြီလား။ သင့်တင့်တဲ့ ပမာဏ၊ ဆီးချိုတက်နေတဲ့ အချိန်မဟုတ်ရင် စားလို့ရပါတယ်။ သွေးတွင်သကြားဓာတ်တက်စေနိုင်တယ်ဆိုပေမယ့် ဆီချိုလူနာတွေအတွက် အကျိုးရှိနေတဲ့ အာဟာရတွေ အများကြီး ပါဝင်နေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ပမာဏကို ချင့်ချိန်ပြီး စားလို့ရပါတယ်။

ရွှေဖရုံသီးမှာ ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ…

ဝါဝါဝင်းနေတဲ့ ရွှေဖရုံသီးမှာ ဆီးချိုရှိသူတွေအတွက် သင့်တော်တဲ့

ဆီးချို နဲ့ ရွှေဖရုံသီး

လေ့လာတွေ့ရှိချက်တွေအရ ရွှေဖရုံသီးမှာပါတဲ့ ပရိုတင်းဓာတ်တွေက ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို အကောင်းဆုံးဟန့်တားပေးနိုင်သလို မှိုပိုးတွေကိုလည်း အကောင်းဆုံးတိုက်ဖျက်ပေးနိုင်တာကြောင့် ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကနေ အထိရောက်ဆုံးကာကွယ်ပေးပါတယ်။

တချို့လေ့လာချက်တွေမှာ အမျိုးအစား -၁ ဆီးချိုရှိသူတွေအနေနဲ့ ရွှေဖရုံသီးကို စားသုံးပေးမယ်ဆိုရင် ပျက်စီးသွားတဲ့ ပန်ကရိယဆဲလ်တွေကို ပြန်လည် အသစ်ဖြစ်ပေါ်စေနိုင်သလို ကိုယ်တွင်း အင်ဆူလင်ထုတ်လုပ်မှုကိုလည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဝမ်းမှန်စေနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စွမ်းရှိသလို ဆီးကျိတ်ကြီးလာတာမျိုး မဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသေးတယ်။

ပိုတက်ဆီယမ်ပါဝင်နေမှုက သွေးပေါင်ချိန်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပြီး ဆီးချိုရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးတိုးဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘီတာကယ်လ်ရိုတင်းပါဝင်မှုက ကိုယ်ခံအားကိုကောင်းပြီး အရေပြား နဲ့ အမြင်အာရုံ ကျန်းမာစေနိုင်သလို ဆီးကျိတ်ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင် A  နဲ့ ဗီတာမင် C ပါဝင်နေမှုကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို အယ်လ်ဇိုင်းမားမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ အမျှင်ဓာတ်ကြောင့် ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေပါတယ်။

လေ့လာမှုတွေအရကတော့ ရွှေဖရုံသီးမှာပါတဲ့ polysaccharide  ကသွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းအဆီဓာတ်ကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။  ရွှေဖရုံသီးမှာပါတဲ့ phenolic phytochemical နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးပေါင်ကိုရော သွေးတွင်းသကြားဓာတ်ကိုပါအကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ရောင်ရမ်းမှုကို ကျစေနိုင်သလို အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးတာကို သက်သာစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာမျိုးမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဖရုံသီးမှာ သွေးချိုတက်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်နေတယ်ဆိုပေမယ့် ဆီးချိုရောဂါအတွက် အကောင်းဆုံးအထောက်အကူပြုပေးနိုင်တဲ့ ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် ဆီးချိုသက်သာစေဖို့ရော နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ဖို့အတွက်ပါ  ရွှေဖရုံသီးကို အမျိုးအစား-၁ ဆီးချိုရှိသူတွေရော အမျိုးအစား-၂ ဆီးချိုရှိသူတွေပါ စားသုံးပေးသင့်ပါတယ်နော်။

ဘာကြောင့် ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ လို့ ပြောရလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ ဆီးချိုရောဂါရှိသူများအနေနဲ့ ရွှေဖရုံသီးကို အလွန်အကျွံမဟုတ်ဘဲ သင့်တင့်တဲ့ပမာဏ စားပေးမယ်ဆိုရင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရမှာပဲ ဖြစ်ပါတယ်။

အစာလည်း ဆေး၊ ဆေးလည်း အစာပါ။ အတိုင်းအချင့်လေးနဲ့ စားပေးမယ်ဆိုရင် အကျိုးရှိမှာ အမှန်ပါပဲ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement