ကနစိုးသီး စားပေးရင် ရမယ့် ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 30, 2020 . 2 mins read
Share now

ငယ်ငယ်က မိုးရာသီရောက်ပြီဆိုရင် ကနစိုးသီး ချိုချိုလေးတွေ စားခဲ့ကြတာ မှတ်မိလား။ မိုးဦးကျ ကာလမှာ မိုးအေး​အေးလေးနဲ့ စားလိုက်ရင်ချိုချိုချဉ်ချဉ် အရသာရှိတဲ့ ကနစိုးသီးကို စားရတာ သဘောကျတယ်ဆိုရင်တေ့ အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။

ကနစိုးသီး ဆိုတာ

ကနစိုးသီးဆိုတာက အပြင်ခွံ ဝါဖန့်ဖန့်လေးနဲ့ အတွင်းမှာ အကြည်ရောင် ဒါမှမဟုတ် အဖြူရောင် အမွှာလေးတွေ ပါတတ်ပြီး အတွင်းက အစေ့ကတော့ ခရမ်းရောင်မကျ ပန်းရောင်မကျလေးပါ။ စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိပြီး မိုးကျပြီဆိုရင် အရသာချိုချိုလေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။

အမြဲစိမ်းပင်မျိုးဖြစ်ပြီး အထက်မြန်မာပြည် နဲ့ အောက်မြန်မာပြည်လိုမျိုး မိုးများတဲ့ ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အပင်အရွယ်အစားကတော့ အမြင့်ပေ ၄ဝ မှ ၅ဝ အထိရှိ​ကြပြီး ပင်စည်လုံး ပတ်ကတော့ ၃ ပေမှ ၅ ပေလောက် ရှိကြပါတယ်။

ကနစိုးသီးမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ……….

ကနစိုးသီးမှာ

ကနစိုးသီးကပေးတဲ့ ကျန်းမာရေး

စားလိုက်ရင် ချိုချိုချဉ်ချဉ်နဲ့ အရသာရှိတဲ့ ကနစိုးသီးက

ဝိတ်ကျစေနိုင်တယ်

ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတဲ့ ကနစိုးသီးက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဝိတ်ချနေချိန်မှာ ကနစိုးသီး အပါအဝင် ​ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေကို စားသုံးပေးတာက ကိုယ်အလေးချိန်ကို လျော့ကျစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ကိုယ်ခံအား ကောင်းစေတယ်

ဗီတာမင် C ကြွယ်ဝသလို သံဓာတ်ပါဝင်မှုကြောင့် သွေးအားကောင်းစေသလို ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့ဆိုရင် ကနစိုးသီး စားပေးလို့ရပါတယ်။ ကိုယ်ခံအားကောင်းတာအပြင် အနာကျက်စေပြီး ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပါတယ်။ နေ့စဉ် ကနစိုးသီးကို နည်းနည်းစီ စားပေးမယ်ဆိုရင် ကိုယ်ခံအားကောင်းစေမှာပါ။

အင်အားပြည့်စေတယ်

လှုပ်ရှားသွားလာမှုတိုင်းအတွက် အင်အားလိုအပ်ပါတယ်။ ဒီ အင်အားတွေ ပြည့်ဝနေဖို့ဆိုရင် လိုအပ်တဲ့ အာဟာရကို ပြည့်ဝဖို့ လိုအပ်ပါမယ်။ ဒီအင်အားကို အဓိက glucose ကနေ ရရှိတာပါ။ glucose ကို စားသုံးလိုက်တဲ့ ကစီဓာတ်နဲ့ သကြားဓာတ်တွေကို ချေဖျက်မှုကနေ ရရှိတာဖြစ်ပါတယ်။ glucose ရရှိစေဖို့ဆိုရင် ကနစိုးသီးလေး စားပေးလို့ ရပါတယ်။

ကြွက်သား သန်မာစေတယ်

ကနစိုးသီးမှာ ကြွက်သားတွေ တည်ဆောက်မှုအပေါ် အများကြီးအားဖြည့်ပေးနေတဲ့ ပရိုတင်းဓာတ် ပါဝင်နေပါတယ်။ ကြွက်သားတွေ သန်စွမ်းစေဖို့ဆိုရင် ပရိုတင်း လုံလောက်ပြည့်ဝစွာ ရရှိဖို့ လိုအပ်မှာပါ။ ဒါကြောင့် ကြွက်သားတွေကို အကောင်းဆုံး အားဖြည့်နိုင်စေဖို့ဆိုရင် ကနစိုးသီး စားပေးလို့ရပါတယ်။

အဖျား သက်သာစေနိုင်တယ်

ဗီတာမင် C ကြွယ်ဝမှု​ကြောင့် ကနစိုးသီးကို မကြာခဏ စားသုံးပေးမယ်ဆိုရင် အအေးမိဖျားနာတာကို သိသိသာသာ သက်သာစေနိုင်မှာပါ။ ကနစိုးသီး စားသုံးတာက အအေးမိတာ၊ နာကျင်ရောင်ရမ်းတာနဲ့ နှာစေးတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

အရိုး သန်မာစေနိုင်တယ်

ကနစိုးသီးမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးပွတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆကို အားဖြည့်ပေးနိုင် ပါတယ်။ အရိုးကျန်းမာသန်စွမ်းစေဖို့ ကယ်လ်ဆီယမ် ပြည့်ဝချင်တယ်ဆိုရင်တော့ ကနစိုးသီး စားပေးလို့ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

တစ်နေ့တစ်နေ့ လူနာစာရင်းထုတ်ပြန်ချက်ကို စောင့်ကြည့်လိုက်၊ ကြောက်လိုက်တာဆိုပြီး အိမ်ထဲနေလိုက်ရင်းနဲ့ ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးလာတဲ့ အရာရှိတယ်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

COVID-19 ကြောင့် အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

အခု ကိုဗစ်ဒုတိယလှိုင်းမှာ အတွေ့ရအများဆုံးက အနံ့ပျောက်တာပါ။ နေ့စဉ် အနံ့ပျောက်လို့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 16, 2020 . 2 mins read

ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

လေ့ကျင့်ခန်း လုပ်ပေးတာက ကိုဗစ်ကို သက်သာစေနိုင်သလို ကိုဗစ်ကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 16, 2020 . 2 mins read

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 3 mins read
ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 2 mins read
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read