ရေညှိကြိုက်သူတွေအတွက် သတင်းကောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကိုရီးယားကြည့်ရင်း မင်းသားမင်းသမီးတွေရေညှိထမင်းလိပ်စားတာတွေ့လိုက်တိုင်းဖြစ်ဖြစ်၊ရေညှိဟင်းချိုသောက်တာဖြစ်ဖြစ် ကြည့်ရင်း စားချင်နေတတ်တဲ့ရေညှိကြိုက်တတ်သူလေးတွေများရှိနေလား။ ဒါဆိုရင်တော့ စားသာစားပါ။ရေညှိက ကျန်းမာရေးအတွက်ကောင်းကျိုးများတာမို့ စားပါလို့ပြောရတာပါ။ရေညှိက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။

ရေညှိ

ရေညှိက ပင်လယ်ရေပြင်ထဲမှာပေါက်ဖွားတဲ့ သဘာဝစားစရာတစ်မျိုးပေါ့။ အရောင်အသွေးကနေ အနီရောင်၊ အစိမ်းရောင်၊အညိုရောင် နဲ့ အနက်ရောင်ဆိုပြီးအရောင်အသွေးအမျိုးမျိုးပါပဲ။ရေညှိက ပင်လယ်ပြင်ရှိနေတဲ့ ကမ္ဘာ့နေရာတိုင်းမှာရှိပေမယ့်ရေညှိကို အဓိကစားသုံးကြတာက ဂျပန်၊ ကိုရီးယား၊ တရုတ်တို့လိုမျိုး အာရှနိုင်ငံတွေပါ။ ဂျပန်ဆူရှီဆိုင်တွေနဲ့ ကိုရီးယားရုပ်ရှင်တွေကြောင့် အခုနောက်ပိုင်းမြန်မာနိုင်ငံမှာလည်းရေညှိစားသုံးသူအရေအတွက်တော်တော်လေးများလာပါပြီ။ရေညှိက သတ်သတ်လွတ်စားသုံးသူတွေအတွက် ဗီတာမင် နဲ့ သတ္တုဓါတ်တွေများစွာကိုပေးစွမ်းနိုင်တဲ့ စားစရာတစ်ခုပါ။

ရေညှိမှာ ဘာတွေပါလဲ

ရေညှိမှာ အာဟာရဓါတ်တွေ များစွာပါဝင်နေပါတယ်။

  • အမိုင်နိုအက်ဆစ်
  • ဗီတာမင် A
  • ဗီတာမင် C
  • ဗီတာမင် B
  • ဗီတာမင် E
  • သံဓါတ်
  • ကယ်လ်ဆီယမ်
  • ပိုတက်ဆီယမ်
  • အိုင်အိုဒင်
  • မဂ္ဂနီဆီယမ်
  • ပရိုတင်း
  • Fatty Acid
  • ကာဗိုဟိုက်ဒရိတ် နဲ့
  • အမျှင်ဓါတ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ကယ်လ်လိုရီပါဝင်မှုနည်းတဲ့ စားစရာတစ်ခုဆိုလည်း မမှားပါဘူး။

ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေမှာလဲ

စားလို့ကောင်းသလို အာဟာရကြွယ်ဝတဲ့ရေညှိလေးစားသုံးရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

သိုင်းရွိုက်ဂလင်းတွေကို ကျန်းမာစေနိုင်ပါတယ်

သိုင်းရွိုက် ဂလင်းကဟော်မုန်းတွေကို ထိန်းချုပ်ပေးတဲ့၊ ထုတ်လွှတ်ပေးတဲ့တာဝန်တွေကို လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ခန္ဓါကိုယ်မှာ အင်အားတွေဖြစ်စေသလို ခန္ဓါကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် နဲ့ ဆဲလ်တွေပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒီလုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ပေးဖို့အတွက် အိုင်အိုဒင်းကိုလိုအပ်မှာပါ။ ကိုယ်တွင်းမှာ အိုင်အိုဒင်းနည်းတဲ့အခါ သိုင်းရွိုက်ပြဿနာတွေခံစားရနိုင်ပါတယ်။ ဒီတော့ အဖြေက သိုင်းရွိုက်ပြဿနာကင်းချင်ရင် အိုင်အိုဒင်းပြည့်ဝရမယ်ဆိုတဲ့သဘောပေါ့။ရေညှိလေးက သဘာဝကပေးတဲ့ အိုင်အိုဒင်းပြည့်ဝတဲ့ စားစရာတစ်ခုဖြစ်တာကြောင့် သိုင်းရွိုက်ကျန်းမာစေဖို့ စားသုံးပေးလို့ရပါတယ်။

ဆီးချိုသမားတွေအတွက် သင့်တော်တယ်

ရေညှိက အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ အမျှင်ဓါတ်ကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးသလို အင်ဆူလင်ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့သွေးချိုထိန်းရာမှာ အထောက်အကူပြုတဲ့ အမျှင်ဓါတ်ကို ကျန်းမာတဲ့ အစားအသောက်အရင်းအမြစ်ကရရှိချင်တယ်ဆိုရင်တော့ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ကဲတဲ့ရေညှိကို စားသုံးပေးပါ။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

စားသုံးလိုက်တဲ့ အစားအစာတွေကိုဖြိုခွဲဖို့ နဲ့ အစာခြေစနစ်ကို ကျန်းမာစေဖို့အတွက်ရော ခန္ဓါကိုယ် ကျန်းမာစေဖို့အတွက်ပါ အရေးပါတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ပေးနေတဲ့ ဇာတ်လိုက်လေးတွေက အစာခြေစနစ်ထဲက ဘက်တီးရီးယားတွေပါ။ ဒီတော့ အပေါ်မှာပြောခဲ့တဲ့ လုပ်ငန်းတာဝန်တွေကို အကောင်းဆုံးလုပ်နိုင်စေဖို့ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးဖို့လိုမှာပါ။ သူတို့ကို အားဖြည့်ပေးနိုင်တဲ့ အမျှင်ဓါတ်တွေကရေညှိမှာပါဝင်နေပါတယ်။ ဒါကြောင့်ရေညှိစားသုံးပေးမယ်ဆိုရင် အစာခြေစနစ်က အကျိုးပြုဘက်တီးရီးယားလေးတွေကို ကျန်းမာစေနိုင်ပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်မှာပါ။ရေညှိစားသုံးပေးမှုက ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်သလို ဝမ်းသွားနေတာကိုလည်း သက်သာစေနိုင်ပါတယ်။

ဝိတ်ကျစေနိုင်တယ်

ရေညှိမှာပါတဲ့ အမျှင်ဓါတ်တွေက ကိုယ်အလေးချိန်ချဖို့ကြိုးစားနေသူတွေအတွက်တော်တော်လေးအထောက်အကူဖြစ်စေမှာပါ။ရေညှိက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန်ကျစေဖို့ အထောက်အပံ့ပေးပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

ရေညှိအပါအဝင် အမျှင်ဓါတ်များစွာပါဝင်တဲ့ အစားအစာတွေကသွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ရေညှိမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်နေတာကြောင့်သွေးတွင်းကိုလက်စရောကို ကျစေတဲ့အပြင် နှလုံးကိုပါ ကျန်းမာစေနိုင်ပါတယ်။

ရေညှိစားရင်း အခုလို အကျိုးထူးတွေရစေနိုင်တယ်ဆိုမှတော့ရေညှိကြိုက်သူလေးတွေကို စားသာစား၊လို့ပြောပါရစေနော်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read
ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read