အသားကင်တွေရဲ့ အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 1 min read
Share now

အသားကင်တွေက ဆွဲဆောင်မှုအား သိပ်ကောင်းပါတယ်။ တစ်ခါစားပြီးရင် မရပ်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ မီးဖိုပေါ် ကင်ထားတဲ့ အသားတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုရော သတိထားမိကြပါရဲ့လား။

၁။ အချို့သော ကင်ဆာရောဂါ ဖြစ်နိုင်ခြေတွေကို မြင့်မားစေပါတယ်။

မြင့်မားတဲ့ အပူချိန်တွေပေါ် ကင်တဲ့အခါ အစာရေမြိုပြွန် နဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေနဲ့ ဆက်စပ်နေတဲ့ သဘာဝ ဓာတ်ပစ္စည်းတွေ ထွက်ပေါ်လာပါတယ်။ ဒီ ဓာတုပစ္စည်းတွေဟာ မီးကျွမ်းသွားတဲ့အခါ ဒါမှမဟုတ် ကျပ်တိုက်ထားတဲ့အခါမှာ ထွက်လာတတ်တဲ့ ဓာတုပစ္စည်းတွေပါ။ ဒါကြောင့် အသားကင်တဲ့အခါမှာ မီးပေါ် တိုက်ရိုက်တင်ပြီး ကင်တာမျိုး မလုပ်ပါနဲ့။

၂။ သွေးတိုးနဲ့ ဆီးချိုတွေကို ဖြစ်စေနိုင်ပါတယ်။

နှပ်ပြီးသား အသားတွေက အန္တရာယ်များပါတယ်။ ပါဝင်ပစ္စည်းတွေထဲမှာ ဆားနဲ့ သကြားပမာဏ များများ ပါတတ်တာမို့ ဒါတွေကိုသာ စားမိရင် သွေးတိုး နဲ့ ဆီးချိုတွေ ဖြစ်နိုင်ခြေ မြင့်လာတော့တာပါပဲ။ ဒါကြောင့် ကင်မယ်ဆိုရင် ကိုယ်တိုင်သာ အသားကို အရသာ သွင်းပါ။ ရိုးရိုးရှင်းရှင်းလေး အရသာ သွင်းမယ်ဆိုရင်တော့ ရှာလကာရည် နဲ့ သံလွင်ဆီကို အရင်သုတ်ပါ။ ပြီးတော့ ကြိုက်နှစ်သက်ရာ ဟင်းရွက်၊ ကြက်သွန်ဖြူ၊ နာနတ်သီး စတာတွေနဲ့ အရသာ သွင်းပါ။ နယ်ထားတဲ့ အသားတွေကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ထည့်ထားပြီး အရသာ ဝင်ပါစေ။ ပြီးမှ ကင်ပါ။

၃။ ဝမ်းချုပ်ပြီး အစာမကြေ ဖြစ်တတ်ပါတယ်။

ဒါကတော့ အဝစား ဘူဖေးဆိုင်တွေမှာ သွားစားပြီးရင် သိကြမှာပါ။ စားပြီးပြန်လာ၊ ညဘက်ကျ အစာမကြေဖြစ်တတ်တာဆိုတော့။ အသားတွေက ကျန်းမာရေးနဲ့ ညီတဲ့ စားစရာဖြစ်ပေမဲ့ အမျှင်ဓာတ်မပါတာကြောင့် အူလမ်းကြောင်း လှုပ်ရှားမှုတွေကို မကူညီပေးနိုင်ပါဘူး။ စားလိုက်တဲ့ အသားပမာဏ နဲ့ အသီးအရွက်၊ အသီးအနှံစတဲ့ အမျှင်ဓာတ်ကြွယ်တဲ့ စားစရာ ပမာဏကို မျှခြေ ညီအောင် မလုပ်နိုင်ရင် ဝမ်းချုပ်ပြီး အိမ်သာထဲ အချိန်ကုန်ရတော့မှာပါ။ ဒါကြောင့် အသားကင်စားမယ်ဆိုရင် အသီးအနှံနဲ့ အသီးအရွက်တွေကိုပါ ဝင်အောင်စားပါ။

၄။ အဝလွန်ခြင်းကို ဖြစ်စေပါတယ်။

ဟော့ဒေါ့ နဲ့ အသားချောင်းတွေမှာ ဗီတာမင်နဲ့ အမျှင်ပမာဏ အနည်းငယ်သာ ပါပြီး ဆားနဲ့ အဆီဓာတ်တွေသာ များများပါတာကြောင့် ဒါတွေကို မကြာခဏစားမယ်ဆိုရင် အဝလွန်ခြင်းနဲ့ နှလုံးသွေးကြော ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

၅။ ကလေး ရနိုင်ခြေ နည်းစေပါတယ်။

နောက်ပြီး အသားကင်တွေမှာ ပါတဲ့ AGE က သားအိမ်ရဲ့ ဆဲလ်နံရံတွေကို ရောင်ရမ်းစေတာကြောင့် သန္ဓေသားကပ်တွယ်နိုင်ခြေကိုလည်း လျော့နည်းစေပါသေးတယ်။ အသားကင် များများစားလေလေ၊ AGE ဓာတ်နဲ့ ထိတွေ့တာ များလေလေဖြစ်ပြီး သန္ဓေအောင်နိုင်ခြေအတွက် စိန်ခေါ်မှုကြီး တစ်ခုကို ဖြစ်စေတော့တာပါပဲ။

အသားနဲ့ အသီးအရွက်ပမာဏ မျှတအောင်စားပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ

နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ……………….

လူတစ်ယောက်စီမှာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စ အမျိုးမျိုးရှိစမြဲပါ။ ဒီလိုပါပဲ မေမေတွေမှာလည်း ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ရှိပါတယ်။ ဒါကတော့............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြက်ဥစားရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား

နေ့စဉ် ဝိတ်ချတဲ့လုပ်ငန်းစဉ်မှာ ကြက်ဥပြုတ်ကို အမယ်တစ်ခုအဖြစ် ထည့်သွင်းချင်သူတွေကို အထောက်အကူဖြစ်မဖြစ်ဆိုတာကို ဗဟုသုတဖြစ်စေဖို့ ရှင်းပြပေးချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 2 mins read