စားနေကျ အစားအသောက်တွေစားရင်း ဝိတ်ချကြမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 17, 2020 . 2 mins read
Share now

ဝိတ်ချချင်တယ်။ အစားလည်း မလျော့ချင်ဘူး။ စားနေကျအတိုင်းပဲ ကြိုက်တတ်တာလေးတွေကို ဆက်စားချင်တယ်ဆိုတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ သဘောတကျနဲ့ စားနေမိတဲ့ အစားအစာလေးတွေထဲက ဘယ်ဟာလေးတွေက သင့်ကို ဝိတ်ကျစေတာလဲ ဆိုတာကို ပြောပြပေးပါရစေ။

စားနေကျ အစားအစာတွေထဲက ဝိတ်ကျစေမယ့် အစားအစာအချို့

နေ့စဉ် စားသုံးမိနေတဲ့ အစားအစာတွေထဲက သင့်ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့ အစားအစာတွေကတော့

ထောပတ်သီး

ထောပတ်သီးမှာ

phytochemicalsတို့ ပါဝင်နေပါတယ်။  ထောပတ်သီးက အခြား အသီးအနှံတွေထက် ကယ်လ်လိုရီ ပိုများတယ်ဆိုပေမယ့်   BMI ကိုထိန်းပေးသလို ခါးကအဆီတွေကို ဖယ်ရှားပေးဖို့လည်း ထောက်ကူပေးပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို သိသိသာသာ လျှော့ချနိုင်ပါတယ်။

ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥတို့မှာ

  • အရည်အသွေးမြင့် ပရိုတင်း
  • အဆီဓာတ်
  • ဗီတာမင် D
  • choline တို့လိုမျိုး အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ပရိုတင်းက အဆာခံနိုင်စေပြီး ခန္ဓာကိုယ်ကို အားပြည့်စေတာကြော်င့ ဝိတ်ကျစေဖို့ အထောက်အကူပြုပေးပါတယ်။ မနက်ခင်းမှာ ကြက်ဥစားတာက အဆာခံနိုင်စေပြီး စားချင်စိတ်ကို လျှော့ချပေးပါတယ်။ တစ်နေ့တာမှာ အစားနည်းနည်းပဲ စားဖြစ်စေတာကြောင့် ဝိတ်ကျစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာ

  • ပရိုတင်း
  • အမျှင်ဓာတ် တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှုကတော့ နည်းပါတယ်။

အမျှင်ဓာတ် နဲ့ ပရိုတင်းဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ထောက်ကူပေးနိုင်ပါတယ်။ နောက်ထပ် ကျန်းမာရေး အာနိသင်တွေအနေနဲ့ ပဲအမျိုးမျိုးက

  • သွေးတိုးကျစေတယ်
  • သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်
  • နှလုံးသွေးကြောဆိုင်ရာ ရောဂါခံစားရနိုင်ခြေ လျှော့ချပေးပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်က

ပရိုတင်းပါဝင်မှုနဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်မှုက အဆာခံနိုင်စေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေမှာပါ။ သကြား ထည့်မစားမိစေဖို့တော့ သတိပြုပါ။ သစ်သီး၊ cereal စတာတွေနဲ့ တွဲဖက်စားပေးလို့ ရပါတယ်။

ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ

  • အရည်အသွေးမြင့် ပရိုတင်း
  • အကျိုးပြုအဆီဖြစ်တဲ့ omega-3 fatty acids တို့ပါဝင်နေပါတယ်။

omega-3 fatty acids က အစားခဏခဏ စားချင်စိတ် မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆယ်လ်မွန်ငါး စားပေးတာက ကိုယ်အလေးချိန် ကျစေသလို နှလုံးကျန်းမာစေမှာပါ။

သစ်သီးတွေမှာ သဘာဝ အချိုဓာတ် ပါပြီးသားပါ။ ဒါပေမယ့် သစ်သီးကို စားပေးတာက အမျှင်ဓာတ် ကြွယ်ဝစွာ ရရှိစေတာကြောင့် ကိုယ်အလေးချိန် လျှောပချရာမှာ အထောက်အကူပြုနိုင်မှာပါ။ သစ်သီး ပုံမှန်စားပေးတာက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်တာတွေ မဖြစ်စေဖို့ အထိရော်ကဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ပြောင်းဖူးပေါက်ပေါက်

ရုပ်ရှင်ကြည့်ရင်း စားတတ်တဲ့ ပြောင်းဖူးပေါက်ပေါက်က ဝိတ်ကျစေဖို့ ထောက်ပံ့ပေးနိုင်တဲ့ အစားအစာ တစ်ခုဆိုလို့ အံ့ဩမသွားပါနဲ့။ ပြောင်းဖူးပေါက်ပေါက်က

  • အမျှင်ဓာတ် ကြွယ်ဝတယ်
  • ပရိုတင်း ပါဝင်နေတယ်။ အားသာချက်က ကယ်လ်လိုရီပါဝင်မှုနည်းနေတာပါ။ ထောပတ် နည်းနည်းပဲ ထည့်ထားပြီး သကြားထည့်မထားတဲ့ ပြောင်းဖူး ပေါက်ပေါက် စားပေးတာက ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ အထောက်အကူပြုပေးနိုင်မှာပါ။

အယ်လ်မွန်စေ့

အယ်လ်မွန်စေ့မှာ

  • ပရိုတင်း
  • အမျှင်ဓာတ်
  • ဗီတာမင် E
  • polyunsaturated fatsတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ပရိုတင်းနဲ့ အမျှင်ဓာတ် ပါဝင်မှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဗီတာမင် E နဲ့ အကျိုးပြု အဆီ ပါဝင်နေမှုက နှလုံး ကျန်းမာစေဖို့လည်း အထောက်အကူပြုပေးပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

ကင်ဆာဖြစ်စေနိုင်တဲ့ အမူအကျင့်တွေ

အသက်ကြီးမှ အဖြစ်များတယ်ဆိုပေမယ့် အရွယ်မရွေး ခံစားရနိုင်ပါတယ်။ ကင်ဆာ ခံစားရတာက နေထိုင်စားသောက်မှုပုံစံကြောင့်လည်း အများကြီး ပါပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

အရွယ်ရောက်ပြီးသားသူတွေမှာ အကျိုးပြုဘက်တီးရီးယားတွေက လုံလောက်မှုရှိပေမယ့် ဖွံ့ဖြိုးဆဲ ကလေးတွေရဲ့ အစာခြေစနစ်ထဲမှာတော့ လုံလုံလောက် မရှိသေးဘူးပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ

ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read