ပြောပြောနေကျ BMI ဆိုတာ ဘာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 10, 2020 . 2 mins read
Share now

Body mass index (BMI) ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီ (body fat) ပမာဏကို အနီးစပ်ဆုံးသိရဖို့ သုံးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တွက်ရတာလည်း အလွန်လွယ်ကူပါတယ်။ မိမိရဲ့ ကိုယ်အလေးချိန် (kg) ကို တည်ပြီး မိမိရဲ့အရပ် (m2) နဲ့ စားလိုက်ရုံပါပဲ။ အခုခေတ်မှာဆို BMI ကို အလွယ်တကူတွက်ပေးတဲ့ mobile application တွေ၊ ပေါင်ချိန်စက်တွေလည်း ပေါပေါများများရှိနေပါပြီ။

BMI ကို ဘယ်သူတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသလဲဆိုရင်တော့

  • body builders (ခန္ဓာကိုယ် အချိုးအစားကျနစွာလှပအောင် ကြိုးစားနေသူများ)
  • အားကစားသမားများ
  • ကိုယ်ဝန်ဆောင်မိခင်များပဲဖြစ်ပါတယ်။

BMI interpretation

အရွယ်ရောက်ပြီးသူတွေ (young and middle-aged adults) အတွက် healthy BMI range ကတော့ 18.5 မှ 24.9 အတွင်းဖြစ်ပါတယ်။ 18.5 အောက်ဆိုရင် underweight ပိန်သည်ဟု သတ်မှတ်နိုင်ပြီး 25-29.9 ဆိုရင်တော့ overweight ဝသည်ဟု သတ်မှတ်ပါတယ်။ Over 30 ဆိုရင်တော့ အဝလွန်နေတဲ့ အခြေအနေဖြစ်ပါတယ်။

BMI rule ရဲ့ခြွင်းချက်အခြေအနေများ

BMI တွက်နည်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပမာဏနဲ့ ကြွက်သားပမာဏကို တိတိကျကျခွဲထုတ်မပြပေးပါဘူး။ ထို့ကြောင့် အောက်ပါအခြေအနေတွေမှာတော့ BMI တစ်ခုတည်းကို ကြည့်ပြီး ပိန်လွန်းတယ်၊ ဝလွန်းတယ်လို့ ကောက်ချက်ချဖို့ ခက်နိုင်ပါတယ်။

၁. ကြွက်သား– ကြွက်သားထုကြီးမားသော အားကစားသမားများမှာ BMI ဟာများနေတတ်သော်လည်း overweight မဟုတ်ပါ။

၂. ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ– ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုချို့ယွင်းပြီး လမ်းမလျှောက်နိုင်သူများတွင် ကြွက်သားဆုတ်ယုတ်မှုများရှိနိုင်သည့်အတွက် BMI နည်းနေနိုင်သော်လည်း underweight မဟုတ်ပါ။

. အရပ်– အရပ်ပုလွန်းသူ (<150cm) နှင့် အရပ်ရှည်လွန်းသူ (>190cm) တို့တွင်လည်း BMI တစ်ခုတည်းကို အသုံးပြု၍ ကောက်ချက်မချနိုင်ပါ။ အရပ်ပုသူတွေမှာ BMI ဟာ 25 ကျော်နေတတ်ပြီး အရပ်ရှည်သူတွေမှာ BMI ဟာ underweight ဘက်ရောက်နေတတ်ပါတယ်။

. လူမျိုးစု– ဥပမာ- အာရှတိုက်သားများနဲ့ အိန္ဒိယလူမျိုးများဟာ ဥရောပတိုက်သားများနဲ့ယှဉ်ရင် BMI တူနေရင်တောင် ခန္ဓာကိုယ်ရဲ့ အဆီပမာဏပိုများပါတယ်။ အချို့ အာရှတိုက်သားတွေမှာ BMI ၂၅ မပြည့်သေးပေမဲ့ ကိုယ်တွင်းအဆီပိုများနေတာကြောင့် ဝတဲ့ အနေအထားကို ရောက်နှင့်ပြီးသားဖြစ်နေတတ်ပါတယ်။

BMI မြင့်ခြင်း နှင့် သင့်ကျန်းမာရေး

အကယ်၍သင်ဟာ overweight ဖြစ်ပြီး (with a BMI >25), ကိုယ်လက်လှုပ်ရှားမှုလည်း နည်းတဲ့သူမျိုးသာဖြစ်တယ်ဆိုရင် အောက်ပါ ရောဂါအခြေအနေတွေ ဖြစ်လာနိုင်ခြေရှိပါတယ်။

BMI နည်းလွန်းသောအခါ

BMI 18.5 အောက်ရောက်နေပြီး underweight ဖြစ်နေတဲ့ အခြေအနေမှာဆိုရင်တော့ သင်ဟာ အာဟာရချို့တဲ့သောအခြေအနေဖြစ်နေနိုင်ပြီး အောက်ပါရောဂါများ ဝင်လာနိုင်ချေရှိပါတယ်။

  • ကိုယ်ခံအားမကောင်းခြင်း
  • အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
  • အစာခြေလမ်းကြောင်းဆိုင်ရာရောဂါများ
  • အရိုးပွခြင်း

BMI ကို အသုံးပြုတိုင်းတာ၍ ကျန်းမာလှပသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထိန်းသိမ်းနိုင်ကြစေရန် ရည်ရွယ်လျက်…

ရေးသားသူ – Dr. Saint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။

ရာသီလာတဲ့ရက် နောက်ကျတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ကိုယ်က အကာအကွယ်မယူ ရာသီနောက်ကျတာ၊ မလာတာမှာ အဖြစ်နိုင်ဆုံးက ကိုယ်ဝန်ရှိတာပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thurein Hlaing Win

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ မေမေတိုင်းသတိထားဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ

အစာအိမ်အူလမ်းကြောင်းဟာ ကိုယ်ခံအား၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းဆိုင်ရာ ရောဂါများ၊ အရေပြားပြဿနာ၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကလေးတို့ ဝမ်းဗိုက်ပြဿနာ အဖြာဖြာရဲ့ စွမ်းအားရှင် ဘက်တီးရီးယားလေးတွေကို ဘယ်လို ပြန်ကျေးဇူးဆပ်ကြမလဲ။

လူကြီးတွေမှာ ဝမ်းဗိုက်ဆိုတာ ပြဿနာပေါင်းစုံပေးတတ်သလို ကလေးတွေမှာဆိုလည်း ဝမ်းလျှောတာကစလို့ လေနာ၊ ဝမ်းချုပ် အစုံဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေရဲ့ အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 1 min read
ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read