ရေဆာရင် အချိုရည် သောက်တတ်တဲ့ အကျင့်ရှိလား………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

မောလိုက်တာ၊ ရာသီဥတုကလည်း ပူလိုက်တာ၊ ရေဆာလိုက်တာဆိုတဲ့ အကြောင်းအရင်းအမျိုးမျိုးနဲ့ ရေအစား အချိုရည်တွေကိုများ သောက်နေမိပြီလား……. ရေသောက်ရင် အမောမပြေလို့ဆိုပြီး အချိုရည်မှ အချိုရည်ဆိုပြီး သောက်မိနေသူလေးတွေ ရှိလား……….. ဒီလိုသောက်မိနေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

နှစ်စဉ် လူတော်တော်များများ သေဆုံးနေရတဲ့ အကြောင်းအရင်းတစ်ခု

နှစ်စဉ် ကမ္ဘာလူဦးရေရဲ့ ၁၇.၉ သန်းဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ နှလုံးကိုထိခိုက် တာ၊ နှလုံးသွေးကြောတွေ ထိခိုက်တာကြောင့် သေဆုံးနေကြရပါတယ်။

ဒီလိုသေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းက စားသုံးနေတဲ့ အစားအသောက်တွေကြောင့်ပါ။ စားသောက်တဲ့ အစားအသောက်တွေကြောင့် သွေးတိုးတာနဲ့ သွေးတွင်းသကြားဓာတ်များတာ၊ သွေးတွင်းကိုလက်စထရော များတာတွေက နှလုံးရောဂါ ဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။

လေ့လာမှုရလဒ်တွေအရ နေ့စဉ် အချိုရည်တွေ သောက်သုံးတာက သွေးတွင်းမှာ အဆီပိုတွေ များလာစေပြီး သွေးတွင်း ကိုလက်စထရောတွေကို များစေနိုင်ပါတယ်။ ဒါက အချိန်ကြာလာတဲ့အခါ နှလုံးကျန်းမာရေးကို တော်တော်လေး ထိခိုက်စေနိုင်မှာပါ။ သွေးတွင်းကိုလက်စထရောကို ထိန်းညှိတာက ရုတ်တရက် နှလုံးခုန်ရပ်တာနဲ့ လေဖြတ်တာတွေကို ကာကွယ်ရာ ရောက်ပါ တယ်။

အချိုရည်တွေက သွေးတွင်းက အကျိုးပြုကိုလက်စထရောတွေကို ကျဆင်းစေတယ်

၁၂ နှစ်နီးပါး လူ ၃၅၈၄ ဦးပါဝင်ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ အချိုရည်အမျိုးမျိုးကို သောက်သုံးသူတွေဟာ သွေးတွင်းအဆီဓာတ်များကြသလို သွေးတွင်းအကျိုးပြု ကိုလက်စထရော နည်းတာကို တွေ့ရှိခဲ့ကြရပါတယ်။

တစ်နေ့ကို အချိုရည်တစ်ခွက် သောက်သုံးတာက သွေးတွင်းက အကျိုးပြု ကိုလက်စထရာကို ကျဆင်းစေနိုင်ခြေ ၉၈ ရာခိုင်နှုန်းအထိရှိပါတယ်။ အကျိုးမပြု ကိုလက်စထရော မြင့်တက်နိုင်ခြေကတော့ ၅၃ ရာခိုင်နှုန်းအထိရှိပါတယ်။

ဒီလိုသွေးတွင်းက အကျိုးပြု ကိုလက်စထရော ကျပြီး အကျိုးမပြု ကိုလက်စထရော တက်တာက နှလုံးသွေးကြော ရောဂါ ခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများနေပါတယ်။

အမောပြေစေဖို့ ရေပဲသောက်ပါ

ရေက ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ပါဝင်ဖွဲ့စည်းထားပြီး စိတ်ရော ကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်တာကြောင့် ရေဆာတဲ့ အခါ အချိုရည်သောက်တာမျိုး မလုပ်ဘဲ ရေပဲသောက်ပါ။ ဒါမှ ကျန်းမာမှာပါ။ ရေသောက်ပေးတာကြောင့်

ကဲ..အမောပြေ ရေပဲသောက်ပါ။ အချိုရည်တွေသောက်တာက အရသာရှိပေမယ့် ရေရှည်မှာ နှလုံးကျန်းမာရေးအပါအဝင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီး ဖြစ်နေတာကြောင့်ပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆားအကြောင်း အကောင်းအဆိုး

အိမ်သုံးဆား ကောင်းကျိုးဆိုးကျိုး အစားအစာ သွေးတိုး နှလုံးရောဂါ ကျန်းမာရေး အစာအိမ်ကင်ဆာ အဆီဓာတ် အမျိုးအစား ၂ ဆီးချို ကိုလက်စထရော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ

ကိုယ်ဝန်ဆောင်ချိန် ကြွက်သားတွေ အစာအိမ်အူလမ်းကြောင်း လေပွလေထခြင်း အိမ်တွင်းကုထုံး အရည်များများသောက်ပါ လှုပ်ရှားပေးပါ ဝမ်းပျော့ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား

ရာသီဥတု၊ ပူပြင်းတဲ့အချိန်၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်၊ ရေခဲရေသောက်တာ၊ အစာအိမ်နာကျင်၊ နှလုံးခုန်နှုန်း၊ လည်ချောင်းနာ၊ အစာခြေဖျက်မှုစနစ်၊ ဘေးထွက်ဆိုးကျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ စိတ်ဝေဒနာ

စိတ်ပိုင်းဆိုင်ရာ၊ ဝိတ်ချ၊ ထိခိုက်ခံစားရမှု၊ အစားအသောက်၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာ၊ atypical anorexia၊ eating disordered behavior၊ ကိုယ်အလေးချိန်တိုး၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thurein Hlaing Win
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
အသင့်စား ခေါက်ဆွဲတွေက အရသာ ကောင်းပေမယ့် ကျန်းမာရေးအတွက် မကောင်းပါ

အသင့်စား ခေါက်ဆွဲတွေက အရသာ ကောင်းပေမယ့် ကျန်းမာရေးအတွက် မကောင်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 22, 2020