backup og meta

မုယောစပါးအာဟာရအချိုရည်တွေက ကလေးအတွက် ဘာအန္တရာယ်ရှိနိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မုယောစပါးအာဟာရအချိုရည်တွေက ကလေးအတွက် ဘာအန္တရာယ်ရှိနိုင်သလဲ

    မုယောစပါးအာဟာရအချိုရည်တွေက ခွန်အားပြည့်တယ်လို့တော်တော်များများကလက်ခံထားကြပြီး ကလေးရော၊ လူကြီးပါသောက်သုံးနေကြပါတယ်။ ခွန်အားပြည့်တာလည်းဖြစ်နိုင်ပေမယ့် ခန္ဓါကိုယ်အတွက်လိုအပ်သမျှအာဟာရဓါတ်ေတွတော့ဖြည့်ဆည်းပေးဖို့မလုံလောက်နိုင်ပါဘူး။သူ့မှာပါဝင်မှုများတာက ဗီတာမင် ဘီအုပ်စုဝင်တွေဖြစ်ပြီး ကယ်လိုရီနဲ့ အချိုဓါတ်ပမာဏတွေလည်းများပါတယ်။

    ရံဖန်ရံခါဆိုပြဿနာမရှိပေမယ့် ကလေးတွေကိုပုံမှန်တိုက်ကျွေးမယ်ဆိုရင်တော့ ထည့်စဉ်းစားသင့်တဲ့အန္တရာယ်က နှစ်ချက်ရှိပါတယ်။

    (၁) အချိုစားသုံးမှုများတဲ့ အန္တရာယ်

    ကလေးတွေမှာအချိုစားသုံးမှုများတဲ့ဘေးထွက်ဆိုးကျိုးက

  • ချောင်းဆိုးရင်ကျပ်ြဖစ်လာနိုင်တယ်၊
  • ကိုယ်ခံအားနည်းလာနိုင်တယ်။ ကလေးကအချိုစားသုံးမှုလွန်ကဲတဲ့အခါ ခန္ဓါကိုယ်ထဲက ဘက်တီးရီးယားထိန်းညှိမှုကို မညီမမျှဖြစ်စေပြီး ကိုယ်ခံအားစနစ်ကိုထိခိုက်စေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးမှာ အအေးမိဝေဒနာမကြာခဏဖြစ်လာတတ်တာမျိုးပါ။
  • ကိုယ်အလေးချိန်များလာမယ်။ ကလေးတွေကိုတိုက်ကျွေးတဲ့ သောက်စရာတွေ၊မုန့်တွေ၊ပြုပြင်စီမံထားတဲ့စားစရာတွေမှာပါတဲ့ သကြားဓါတ်များရင် အစားအစာရဲ့ကယ်လိုရီပမာဏကိုတိုးစေတတ်တာကြောင့် ကလေးကို ကျန်းမာရေးအတွက်မကောင်းတဲ့ ကိုယ်အလေးချိန်တိုးခြင်းကိုဖြစ်လာစေနိုင်ပါတယ်။
  • သွားပိုးစားမယ်။ အချိုက ကလေးရဲ့သွားမျက်နှာပြင်ပေါ်မှာ ဘက်တီးရီးယားေပါက်ဖွားစေဖို့အားပေးပါတယ်။ ကြာလာတဲ့အခါ အဲဒီဘက်တီးရီးယားတွေများလာပြီး သွားပိုးပေါက်တွေဖြစ်စေနိုင်ပါတယ်။
  • ဆီးချိုသွေးချိုရောဂါစိတ်ပူရတယ်။ အချိုဓါတ်စားတာများရင်သွေးတွင်းသကြားဓါတ်ပမာဏသိသိသာသာမြင့်တက်စေနိုင်ပါတယ်။ အဲဒီလိုမြင့်တက်တာက ပုံမှန်လိုလိုဖြစ်နေရင်(အချိုများတာအမြဲစားမိရင်) ကလေးမှာ ဆီးချိုဖြစ်နိုင်တဲ့အန္တရာယ်ပိုများလာနိုင်ပါတယ်။
  • (၂) ဓါတ်မတည့်မှုအန္တရာယ်

    မုယောစပါးအခြေခံတဲ့ထုတ်ကုန်တွေဟာ အညှောက်ဖောက်ခြင်းလုပ်ငန်းစဉ်အဆင့်ကိုကျော်ဖြတ်ပြီးထုတ်လုပ်ရတာဖြစ်ပါတယ်။ မုယာစပါးမှာရှိတဲ့ ကစီဓါတ်ကိုသကြားဓါတ်အဖြစ်ပြောင်းလဲနိုင်ဖို့ အင်ဇိုင်းတွေထုတ်ပေးတဲ့အတွက် အဲဒီလုပ်ငန်းစဉ်အတွင်းမှာ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေရှိလာနိုင်ပါတယ်။

    ကလေးဆိုတာ ဓါတ်မတည့်မှုဖြစ်လွယ်ပြီး ထိခိုက်လွယ်တဲ့အရွယ်မို့ ပိုဂရုစိုက်ရပါတယ်။ လူကြီးတွေမှာတည့်နေပေမယ့် သူတို့မှာဓါတ်မတည့်တာမျိုး ဖြစ်ရင်ဖြစ်နေနိုင်တယ်လေ။ ဒါဆို မုယောစပါးအာဟာရအချိုရည်တွေသောက်ပြီး ဓါတ်မတည့်တာ ရှိမရှိ ဘယ်လိုသိနိုင်မလဲ။ အဖြစ်များတဲ့လက္ခဏာတွေက –

    • နှုတ်ခမ်းတွေရောင်ရမ်းတာ
    • လည်ချောင်းထဲမှာယားတာ၊နေရခက်တာ
    • အရေပြားမှာနီလာတာ၊ အင်ပြင်ထွက်တာ၊
    • နှာစေးနှာပိတ်ဖြစ်တာ
    • မျက်ရည်ထွက်တာ၊ မျက်စိယားတာ
    • အသက်ရှူရကျပ်တာ
    • မအီမသာ ပျို့အန်တာ
    • ဝမ်းလျှောတာ
    • အသက်အန္တရာယ်ရှိနိုင်တဲ့၊ ပြင်းထန်တဲ့ဓါတ်မတည့်မှု(Anaphylaxis)တွေဖြစ်လာတတ်ပါတယ်။

    ဓါတ်မတည့်မှြုဖစ်လာရင် ဘယ်လိုလုပ်ရမလဲ

    ကလေးမှာ ဓါတ်မတည့်တဲ့လက္ခဏာတစ်ခုခုတွေ့ရင် အကောင်းဆုံးက ဆရာဝန်ပြပြီး ကုသမှုခံယူဖို့ပါပဲ။ ဒါပေမယ့် အမြဲဆင်ခြင်ဂရုစိုက်ပေးလို့ရတဲ့အချက်တွေရှိပါတယ်။

    • အမျှင်ဓါတ်များတဲ့အစားအသောက်တွေပိုကျွေးပါ။ ဓါတ်မတည့်မှုဖြစ်စေတဲ့အရာကို အူလမ်းကြောင်းကနေဖယ်ရှားရှင်းလင်းရာမှာ အမျှင်ဓါတ်က သိပ်ကိုအထောက်အကူပေးပါတယ်။
    • ရေများများသောက်ဖြစ်အောင် ဂရုစိုက်ပါ။
    • အစာခြေစနစ်ကိုအထောက်အကူပြုမယ့် အကျိုးပြုဘက်တီးရီးယား(probiotics) ပါဝင်တဲ့အစာအာဟာရတွေ များများကျွေးပါ။

    မုယောစပါးဓါတ်မတည့်မှုကို ကုသနိုင်တဲ့ပုံသေကုထုံးမရှိပါဘူး။ ဒါ့ကြောင့် ကိုယ့်ကလေးက ဓါတ်မတည့်မှုဖြစ်လွယ်တဲ့သူဖြစ်ရင် ဘာကျွေးကျွေး ပါဝင်ပစ္စည်းနဲ့ labelဖော်ပြချက်ကိုသေချာကြည့်ပြီးမှရွေးချယ်ပါ။ လက္ခဏာစောင့်ကြည့်ပါ။

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement