ဖားသားကြိုက်ကြလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

စားလို့ရတဲ့ အသားလို့ပြောလိုက်ရင် တော်တော်များများ ပြေးမြင်ကြမှာက ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားတိုပလို့ထင်ပါတယ်။ ဒီအသားတွေက ပရိုတင်းလိုအပ်ချက်ကို ဖြည့်ပေးသလို ခန္ဓာကိုယ်အတွက် ကောင်းကျိုးများတယ်ဆိုတာကို လူတိုင်းသိထားပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ လူသိပ်မသိသေးတဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတစ်မျိုးအကြောင်းပြောပြပေးပါရစေလား….

လူစားနည်းပေမယ့် ပရိုတင်းကြွယ်ဝတဲ့ ဖားသား

ဖားသားကို လူတိုင်းကတော့ မစားကြပါဘူး။ ဖားသားကနူးညံ့သလို အာဟာရဓာတ်လည်း ပြည့်စုံကြွယ်ဝပါတယ်။ ဖားဆတိုင်းကို စားဖို့မရပေမယ့် စားလို့ရတဲ့ ဖားသားကတော့ ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါသတဲ့။

ဖားသားမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ….

ဖားသားမှာ

ဖားသားစားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ…..

ဖားသားကို ကြော်စားတာ၊ ကင်စားတာ၊ ချက်စားတာဆိုပြီး အမျိုးမျိုးလုပ်စားလို့ရပါတယ်။ ဒီလိုအရသာရှိတဲ့ ဟင်းတစ်ခွက်က ခန္ဓာကိုယ်ကို အခုလို အကျိုးကျေးဇူးတွေပေးပါသေးတယ်။

ဝိတ်ကျစေနိုင်တယ်

ကျန်းမာရေးနဲ့ညီညွတ်ပြီးပရိုတင်းပြည့်ဝတယ်ဆိုပေမယ့် ကြက်သား၊ အနီရောင်အသားတွေအစား စားသုံးပေးလို့ရပါတယ်။ ပရိုတင်းကြွယ်ဝပေမယ့် အဆီပါဝင်မှုနည်းနေတာက အာဟာရပြည့်စေပြီး အဆီမတက်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ လည်းကြွယ်ဝပါတယ်။

ပရိုတင်းကြွယ်ဝတယ် 

ဖားသားက ပရိုတင်းကြွယ်ဝပြီး ကြွက်သားတွေဖွံ့ဖြိုးစေဖိုပ လိုလောက်တဲ့ ပမာဏကိုဖြည့်တင်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အားပြည့်စေပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်အောင်လှုံ့ဆော်ပေးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပရိုတင်းကို အကောင်းဆုံးဖြည့်တင်းပေးမယ့် အရသာရှိတဲ့ ဟင်းလျာတစ်မျိုးပေါ့။

နှလုံးကျန်းမာစေနိုင်တယ်

နှလုံးကျန်းမာရေးအတွက် စားပေးသင့်တဲ့ အာဟာရတစ်ခုပါ။ နှလုံးအားနည်းသူတွေ နှလုံးရောဂါအခံရှိသူတွေလည်း စားသုံးပေးလို့ရပါတယ်။ အဆီပါဝင်မှုနည်းတာကြောင့် သွေးတွင်းအဆီဖြစ်မှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။ ဆားနည်းနည်း၊ ပျားရည်နဲ့ရောပြီး ရေနွေးဆူဆူထဲမှာ ဖားသားကိုပါထည့်ပြုတ်လို့ စားပေးလို့ရပါတယ်။ ဖားသားကို ကြက်သွန်ဖြူနဲ့ကြော်ပြီး စားပေးလို့လည်းရပါတယ်။

ပန်းနာရင်ကျပ်သက်သာစေနိုင်တယ်

ဖားသားက ပန်းနာရင်ကျပ်ကို ကာကွယ်ပေးနိုင်သလို ရောဂါရှိနေသူတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဖားသားဟင်းချက်စားတာ ကြက်သွန်ဖြူနဲ့ကြော်စားတာက ပန်းနာရင်ကျပ်ကို သက်သာစေမယ့် ဆေးဖက်ဝင်ဟင်းတစ်မျိုးပေါ့။

ရောဂါပိုးတွေကိုတိုက်ဖျက်ပေးနိုင်တယ်

ဖားရဲ့အရေပြားမျာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓာတ်များစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးတွေကိူ အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ကူးစက်ရောဂါတွေ အန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

အနာကျက်မြန်စေနိုင်တယ်

ဖားသားမှာပါတဲ့ ပရိုတင်းက အနာကျက်မြန်စေနိုင်ပါတယ်။ ဒါကောင့် ထိခိုက်ဒဏ်ရာရတဲ့အခါ ဖားသားကို စားသုံးပေးတာကလည်း အနာကို မြန်မြန်ကျက်စေဖို့ အကောင်းဆုံးအထောက်အကူပြူပေးနိုင်မှာပါ။

လေပြွန်ရောင်တာကို သက်သာစေနိုင်တယ်

ဖားသားက ပန်းနာရင်ကျပ်ကိုတင် သက်သာစေနိုင်တာမဟုတ်ပါဘူး။ နာတာရှည်လေပြွန်ရောင်တာကို သက်သာစေနိုင်သလို လေပြွန်ရောင်တာတွေအတွက်လည်း စားပေးသင့်ပါတယ်။

လေဖြတ်တာကို သက်သာစေနိုင်တယ်

ဖားသားက သွေးကြောတွေကို ပြန်လည်သန်စွမ်းစေပြီး လေဖြတ်တာကြောင့် ဖြစ်တဲ့ အာရုံကြောအားနည်းတာ ကြွက်သားအားနည်းတာတွေကိ သက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။

ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

ကင်ဆာကာကွယ်နိုင်တယ်

ယူကေမှာပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ ဖားသားမှာပါတဲ့ ပရိုတင်းဓာတ်တွေက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့တွေ့ရှိခဲ့ရပါတယ်။ သွေးကြောတွေကို ကျန်းမာစေပြီး ကင်ဆာကျိတ်တွေ ထပ်ပွားမလာအောင် အကောင်းဆုံထောက်ပံ့ပေးနိုင်ပါတယ်။ ကင်ဆာကာကွယ်ဖို့အတွက်လည်း စားပေးလို့ရပါတယ်။

HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

အခုလို ကိုဗစ်ကာလမှာ ကိုယ်ခံအားကို ပြည့်ဝ ကောင်းမွန်နေစေဖို့ ဘယ်လို အာဟာရတွေ မှီဝဲသင့်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 20, 2020 . 2 mins read

COVID ကာလ အိပ်မပျော်တာ ဟော်မုန်းတစ်ခုခုဖောက်ပြန်နေလို့များလား

အိပ်မပျော်တာ ဟော်မုန်းကြောင့် ဖြစ်နိုင်သလို အိပ်ရေးပျက်ရင်လည်း ဟော်မုန်းတွေ ကမောက်ကမ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဖို့ အရေးကြီးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 16, 2020 . 3 mins read

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ ပြည့်ဝအောင် အိပ်စက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးတာက အဓိကလက္ခဏာတစ်ခုပါ။ ဆေးစစ်ဖို့ အိမ်မှာ စောင့်ဆိုင်းနေချိန် အိမ်တွင်းနည်းလမ်းများနဲ့ သက်သာအောင်လုပ်ထားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read