အိပ်စက်ခြင်းဟာ အင်မတန်အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အိပ်ရေးမဝဘူးဆိုရင် လန်းဆန်းတက်ကြွနေမှာ မဟုတ်သလို ရေရှည်မှာလည်း စိတ်ကျရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အခြားရောဂါတွေအပြင် accidentနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို ပိုပြီးဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ အိပ်တယ်လို့ ပြောလိုက်ရင် အတော်များများက အိပ်ရေးဝဖို့ ဘယ်နှနာရီ အိပ်ရမယ်ဆိုတဲ့ quantity ကိုပဲ ဂရုပြုမိကြပါတယ်။